[Zawgyi/Unicode]
႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ဒဏ္ခတ္ အေရးယူရာမွာ လူပုဂၢိဳလ္ တစ္ဦးခ်င္း အေပၚ ဗီဇာနဲ႔ ခရီးသြားလာခြင့္ ကန္႔သတ္ထားတာနဲ႔တင္ မလုံေလာက္ေၾကာင္းနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ UNFFM ရဲ႕ အႀကံေပးခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ လိုအပ္ေၾကာင္း Burma Campaign UK က ေျပာပါတယ္။ ရခိုင္ျပည္နယ္တြင္း ၂၀၁၇ ခုႏွစ္တုန္းက ARSA အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕ေတြအေပၚျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း ႐ိုဟင္ဂ်ာ သိန္းနဲ႔ခ်ီၿပီး ေနရပ္စြန္႔ခြါထြက္ေျပးခဲ့ရတဲ့ ၃ ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ မတိုင္မီ အခုဩဂုတ္လ ၂၄ ရက္ေန႔ရက္စြဲနဲ႔ Burma Campaign UK ရဲ႕ ထုတ္ျပန္ခ်က္မွာ UNFFM ရဲ႕ အႀကံျပဳတိုက္တြန္းခ်က္ေတြကို ဘယ္ႏိုင္ငံကမွ အျပည့္ အဝ အေကာင္ အထည္ မေဖာ္ႏိုင္ေသးဘူးလို႔လည္း ေဖာ္ျပထားပါတယ္။
အေမရိကန္နဲ႔ ၿဗိတိန္ႏိုင္ငံတို႔က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ဗီဇာနဲ႔ ခရီးသြားလာခြင့္ဆိုင္ရာ ဒဏ္ခတ္ အေရးယူမႈေတြ ျပဳလုပ္ထားေပမဲ့ ျမန္မာစစ္တပ္နဲ႔ စီးပြားေရး လုပ္ေနတဲ့ ကုမၸဏီေတြအေပၚ အေရးယူမႈေတြ ခ်မွတ္ျခင္း မရွိေသးဘူးလို႔လည္း Burma Campaign UK ကေျပာပါတယ္။ EU ဥေရာပ သမဂၢဆိုရင္ စစ္တပ္ရဲ႕ အဆင့္နိမ့္ အရာရွိ အနည္းငယ္ကိုသာ ဗီဇာနဲ႔ ခရီးသြားလာခြင့္ ပိတ္ပင္ထားတယ္လို႔ဆိုပါတယ္။ UNFFM က အႀကံျပဳ တိုက္တြန္းခ်က္ေပါင္း ၃၅ ဦးကို ကုလသမဂၢ အဖြဲ႕ဝင္ ႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြကို တင္ျပထားတာျဖစ္ၿပီး အႀကံျပဳ တိုက္တြန္းခ်က္ ၈ ခုကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီကို တင္ျပထားတာပါ။
အႀကံျပဳ တိုက္တြန္းခ်က္ေတြအထဲ ျမန္မာ စစ္တပ္ပိုင္ ကုမၸဏီေတြကို အေရးယူေရး၊ ရက္စက္ၾကမ္းၾကဳတ္မႈ ဒဏ္ခံခဲ့ရသူေတြအတြက္ ရန္ပုံေငြတရပ္ ထူေထာင္ေရး၊ ျမန္မာ့တပ္မေတာ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို လုပ္ငန္းပိုင္းဆိုင္ရာ ေထာက္ပံ့မႈေပးေနတာေတြ ရပ္ဆိုင္းေရးေတြ စတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။ ဥေရာပ သမဂၢဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈထဲ ပါဝင္တယ္လို႔ အေထာက္အထားေတြရွိတဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို သင္တန္းနဲ႔ ပစၥည္းေတြ ေထာက္ပံ့ေနတယ္လို႔လည္း Burma Campaign UK ကေျပာပါတယ္။
ဒါ့အျပင္ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ႐ိုဟင္ဂ်ာေတြ ေ႐ြးေကာက္ခံခြင့္ ျငင္းပယ္ခံရရင္ အဲဒီ ေ႐ြးေကာက္ပြဲအတြက္ အကူအညီ ေပးေနတာေတြကို ျပန္လည္ သုံးသပ္ဖို႔ကိုလည္း UNFFM က တိုက္တြန္းထားေၾကာင္း ဒါေပမဲ့ EU၊ UK နဲ႔ Norway နဲ႔ တျခား ႏိုင္ငံ အမ်ားအျပားက ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို အကူအညီေတြ ေပးေနေၾကာင္း၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က မၾကာေသးခင္ သီတင္းပတ္ေတြတုန္းက ႐ိုဟင္ဂ်ာ ေခါင္းေဆာင္ေတြ ေ႐ြးေကာက္ပြဲ ဝင္ခြင့္ကို တားျမစ္ ပိတ္ပင္ခဲ့ေၾကာင္း Burma Campaign UK က ေျပာပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့ ေနရပ္စြန္႔ခြါထြက္ေျပးခဲ့တဲ့ ဒုကၡသည္ေတြကို ျပန္စိစစ္ၿပီး လက္ခံသြားမယ္လို႔ ေျပာဆိုထားပါတယ္။
[Unicode Version]
ကုလ FFM အကြံပြုချက်တွေ နိုင်ငံတကာလိုက်နာဖို့ Burma Campaign UK တိုက်တွန်း
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူရာမှာ လူပုဂ္ဂိုလ် တစ်ဦးချင်း အပေါ် ဗီဇာနဲ့ ခရီးသွားလာခွင့် ကန့်သတ်ထားတာနဲ့တင် မလုံလောက်ကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် UNFFM ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း Burma Campaign UK က ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ်တုန်းက ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေအပေါ်မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ သိန်းနဲ့ချီပြီး နေရပ်စွန့်ခွါထွက်ပြေးခဲ့ရတဲ့ ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ မတိုင်မီ အခုဩဂုတ်လ ၂၄ ရက်နေ့ရက်စွဲနဲ့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ UNFFM ရဲ့ အကြံပြုတိုက်တွန်းချက်တွေကို ဘယ်နိုင်ငံကမှ အပြည့် အဝ အကောင် အထည် မဖော်နိုင်သေးဘူးလို့လည်း ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဗီဇာနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်ထားပေမဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်နေတဲ့ ကုမ္ပဏီတွေအပေါ် အရေးယူမှုတွေ ချမှတ်ခြင်း မရှိသေးဘူးလို့လည်း Burma Campaign UK ကပြောပါတယ်။ EU ဥရောပ သမဂ္ဂဆိုရင် စစ်တပ်ရဲ့ အဆင့်နိမ့် အရာရှိ အနည်းငယ်ကိုသာ ဗီဇာနဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ဆိုပါတယ်။ UNFFM က အကြံပြု တိုက်တွန်းချက်ပေါင်း ၃၅ ဦးကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြထားတာဖြစ်ပြီး အကြံပြု တိုက်တွန်းချက် ၈ ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြထားတာပါ။
အကြံပြု တိုက်တွန်းချက်တွေအထဲ မြန်မာ စစ်တပ်ပိုင် ကုမ္ပဏီတွေကို အရေးယူရေး၊ ရက်စက်ကြမ်းကြုတ်မှုဒဏ်ခံခဲ့ရသူတွေအတွက် ရန်ပုံငွေတရပ် ထူထောင်ရေး၊ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လုပ်ငန်းပိုင်းဆိုင်ရာ ထောက်ပံ့မှုပေးနေတာတွေ ရပ်ဆိုင်းရေးတွေ စတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဥရောပ သမဂ္ဂဟာ လူမျိုးတုံး သတ်ဖြတ်မှုထဲ ပါဝင်တယ်လို့ အထောက်အထားတွေရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းနဲ့ ပစ္စည်းတွေ ထောက်ပံ့နေတယ်လို့လည်း Burma Campaign UK ကပြောပါတယ်။
ဒါ့အပြင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ ရွေးကောက်ခံခွင့် ငြင်းပယ်ခံရရင် အဲဒီ ရွေးကောက်ပွဲအတွက် အကူအညီ ပေးနေတာတွေကို ပြန်လည် သုံးသပ်ဖို့ကိုလည်း UNFFM က တိုက်တွန်းထားကြောင်း ၊ ဒါပေမဲ့ EU၊ UK နဲ့ Norway နဲ့ တခြား နိုင်ငံ အများအပြားက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကူအညီတွေ ပေးနေကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က မကြာသေးခင် သီတင်းပတ်တွေတုန်းက ရိုဟင်ဂျာ ခေါင်းဆောင်တွေ ရွေးကောက်ပွဲ ဝင်ခွင့်ကို တားမြစ် ပိတ်ပင်ခဲ့ကြောင်း Burma Campaign UK က ပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ နေရပ်စွန့်ခွါထွက်ပြေးခဲ့တဲ့ ဒုက္ခသည်တွေကို ပြန်စိစစ်ပြီး လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။