သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှန်ဟိုင်းကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်

တိုင်ဖွန်း Bebinca ဝင်ရောက်တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က လူသွားလမ်းပေါ် လဲကျနေတဲ့ သစ်ပင်တပင်ကိုတွေ့ရစဉ် (စက်တင်ဘာ ၁၆၊ ၂၀၂၄)
တိုင်ဖွန်း Bebinca ဝင်ရောက်တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က လူသွားလမ်းပေါ် လဲကျနေတဲ့ သစ်ပင်တပင်ကိုတွေ့ရစဉ် (စက်တင်ဘာ ၁၆၊ ၂၀၂၄)

တနင်္လာနေ့မနက်ပိုင်း တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Bebinca ဝင်ရောက်တိုက်ခတ်ပါတယ်။ ဗဟိုချက်အနီး အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို ၉၄ မိုင်နဲ့ တိုက်ခတ်တဲ့ ဒီမုန်တိုင်းဟာ ၁၉၄၉ ခုနှစ်က ရှန်ဟိုင်းကိုဝင်ရောက်ခဲ့တဲ့ Gloria တိုင်ဖွန်းမုန်တိုင်းနောက်ပိုင်း အင်အားအပြင်းဆုံးဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ရှန်ဟိုင်းမြို့ ကမ်းနားဧရိယာတလျှောက်ကို ပိတ်ထားသလို လေယာဉ်ခရီးစဉ် ၁၄၀၀ ကျော်ကိုရပ်ဆိုင်းထားပါတယ်။ ရထားခရီးစဉ်တွေကိုတော့ တနင်္ဂနွေမနက်ပိုင်းကတည်းက ရပ်နားထားတဲ့အတွက် ဆောင်းဦးရာသီ ၃ ရက်တာ အစိုးရရုံးအားလပ်ရက် ခရီးသွားတွေလည်း အစီအစဉ်တွေ နှောင့်နှေးနေပါတယ်။ ရှန်ဟိုင်းမြို့က တရုတ်နိုင်ငံတောင်ဘက် ကုန်းတွင်းပိုင်းမှာရှိပြီး မုန်တိုင်းတိုက်ရိုက် ဝင်ရောက်တိုက်ခတ်တာ နည်းပါးပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် တောင်ပိုင်းကို အင်အားပြင်း Yagi တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့တာပါ။ Yagi တိုင်ဖွန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့် ထိုင်းနဲ့ မြန်မာနိုင်ငံမှာ လူတွေသေဆုံးတဲ့အထိ ရေကြီး၊ ရေလျှံ မြေပြိုမှုတွေ ကြုံခဲ့ရပါတယ်။

ရှန်ဟိုင်းကို အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG