သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းလက္နက္ကိုင္အဖြဲ႕ေတြအၾကားပစ္ခတ္မႈ ေက်း႐ြာသားတခ်ိဳ႕ထိခိုက္ဒဏ္ရာရ


ရွမ္းေျမာက္ေဒသက စစ္ေရွာင္တခ်ိဳ ့ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္အတြင္း TNLA ၊ SSPP ပူေပါင္းအဖြဲ႕နဲ႔ RCSS တို႔အၾကား တိုက္ပြဲ ျဖစ္ပြားတဲ့ေနရာေတြမွာ ႐ြာသားေတြ ထိခိုက္ဒဏ္ရာရသူေတြရွိသလို၊ ဘုန္းႀကီးေက်ာင္းနဲ႔ ေနအိမ္ပ်က္စီးမႈရွိၿပီး ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနၾကသူလည္း ရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို အလိမၼာ က တင္ျပမွာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္၊း ေက်ာက္မဲၿမိဳ႕နယ္၊ ပန္ျဖတ္႐ြာနဲ႔ ပန္ကြမ္႐ြာဘက္မွာ TNLA တေအာင္းပေလာင္အဖြဲ႕၊ ရွမ္းျပည္တပ္မေတာ္ SSPP ပူးေပါင္းအဖြဲ႕နဲ႔ ရွမ္းျပည္တပ္မေတာ္ RCSS အဖြဲ႕တို႔ၾကား ၾသဂုတ္လ ၁၁ ရက္ ဒီကေန႔ မနက္ပိုင္းက တိုက္ပြဲျဖစ္ခဲ့ပါတယ္။

ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ပန္ျဖတ္ေက်း႐ြာမွာ ဦးဇင္းတစ္ပါးနဲ႔ အသက္ႀကီးပိုင္း အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိၿပီး ဘုန္းႀကီးေက်ာင္း၊ ေနအိမ္ေတြ ပ်က္စီးမႈရွိတယ္လို႔ လုံၿခဳံေရးအရ အမည္အေဖာ္လိုတဲ့ အဲ့ဒီ႐ြာနီးနားက ေဒသခံတစ္ဦးက ဗြီအိုေအကိုေျပာပါတယ္။
“လက္နက္ႀကီးက ဒီဘက္ ဟိုဘက္ဒီဘက္ အျမန္အလွန္ ပစ္ရင္းနဲ႔ က်လာတာခင္ဗ်။ ဘုန္းႀကီးေက်ာင္းေတာ့ နည္းနည္းထိတယ္ခင္ဗ်။ အိမ္က က်ေနာ္လည္း ႐ြာခ်င္းနည္းနည္းလွမ္းလို႔ အတိအက်ေတာ့ မသိဘူး။ အိမ္ႏွစ္လုံးေတာ့ ထိတယ္လို႔ ေျပာတယ္။ ဦးဇင္းကေတာ့ နည္းနည္းေလး ထိခိုက္ဒဏ္ရာရတယ္ခင္ဗ်။ အႀကီးအက်ယ္ေတာ့ မဟုတ္ဘူး။ ေနာက္ထပ္ အဖြားႀကီးတစ္ေယာက္လည္း ထိတယ္လို႔ ၾကားတယ္ ခင္ဗ်။ RCSS နဲ႔ TNLA ရယ္ ဒီ SSPP ရယ္ တပ္ေပါင္းစုနဲ႔ ျဖစ္တာခင္ဗ်။”

ပန္ကြမ္ေျမာက္ပိုင္း႐ြာ တာဝန္ရွိသူတစ္ဦးကေတာ့ တိုက္ပြဲေၾကာင့္ ႐ြာထဲကို လက္နက္ႀကီးေတြ က်ေရာက္လို႔ ကိုယ္ရင္တစ္ပါးနဲ႔ သီလရွင္တစ္ပါး ဒဏ္ရာအနည္းငယ္ ရရွိခဲ့ၿပီး ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ၾကသူလည္း ရွိတယ္လို႔ အခုလို႔ ေျပာပါတယ္။

“မနက္ ၇ နာရီကေန စတိုက္တာ ေန႔လည္ ၁၂ နာရီထိပဲ။ ဟိုဘက္ေတာင္၊ ဒီဘက္ေတာင္ဆိုေတာ့ ျမင္ေနရတာေပ့ါ။ လက္နက္ႀကီးေတြကေတာ့ အလုံးက ၃၀၊ ၄၀ ေလာက္ရွိမယ္ထင္တယ္။ လက္နက္ႀကီးသုံးတာေတာ့ လက္နက္ႀကီး ႏွစ္ဖက္စလုံးသုံးတာေနမွာေပါ့ဗ်။ အသံကေတာ့ အိမ္ေတာင္တုန္တာေပါ့ နီးတယ္ဆိုေတာ့။ ပန္ျဖတ္ ဘုန္းႀကီးေက်ာင္းကေတာ့ ေက်ာင္းနည္းနည္းထိတယ္။ ဇရပ္လည္း ထိတယ္။ အိမ္လည္း နည္းနည္းထိတာေပါ့ဗ်ာ။ က်ေနာ္တို႔ဆီမွာေတာ့ က်ေနာ္တို႔ ဘုန္းႀကီးေက်ာင္းဝင္းထဲလည္းက်တယ္။ က်ေတာ့ အထိအခိုက္သိပ္မရွိဘူ။း ဟိုဟာ ကိုယ္ရင္နဲ႔ ဆရာေလး နည္းနည္းဆီပဲ ဒဏ္ရာျပင္းျပင္းထန္ထန္ေတာ့ မဟုတ္ဘူးဗ်၊ (ထြက္ေျပးတိမ္းေရွာင္တဲ့လူက) က်ေနာ္တို႔ဘက္မွာေတာ့ မရွိဘူးဗ်။ ဟိုပန္ကြမ္ေတာင္႐ြာက်ေတာ့ ေက်ာက္မဲကို ေျပးေရွာင္တဲ့လူ မနက္အေစာပိုင္း သူတို႔ စစတိုက္ခ်င္းကေတာ့ ကား ၃၊ ၄ စီးစာေလာက္ေတာ့ ေျပးဆင္းၾကတယ္။”

ဒီေဒသမွာ TNLA ၊ SSPP ပူေပါင္းအဖြဲ႕နဲ႔ RCSS တို႔အၾကား မၾကာခဏ တိုက္ပြဲ ျဖစ္ပြားေနပါတယ္။ ဒီကေန႔ ပန္ျဖတ္၊ ပန္ကြမ္႐ြာဘက္ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္ၿပီး TNLA ျပန္ၾကားေရးအရာရွိ ဗိုလ္မႉး တာ့အိုက္ေက်ာ္ကို ဆက္သြယ္ေမးျမန္းရာမွာ သူအေနနဲ႔ မသိရေသးဘူးလို႔ ဆိုပါတယ္။

Act 3“ဒီမနက္ေတာ့ က်ေနာ္ဆီမွာေတာ့ တိုက္ပြဲသတင္းတက္လာတာမရွိေသးဘူး။ ထိေတြ႕မႈလည္း ဒီ RCSS က က်ေနာ္တို႔ဖက္ေတြ
ထိုးစစ္ျပန္က်ဴးေက်ာ္တက္လာရင္ေတာ့ ဒီလိုမ်ိဳး တိုက္ပြဲထိေတြ႕မႈေတြ၊ အဲ့လိုမ်ိဳးျပန္ျဖစ္တာရွိတယ္။ ဒီေန႔ေတာ့ တိုက္ပြဲသတင္းတက္လာတာေတာ့ မရွိေသးဘူးေနာ္။”

RCSS ေျပာခြင့္ရ ဗိုလ္မႉးစိုင္းခမ္းစံက အဲ့ဒီေဒသေတြမွာ တိုက္ပြဲျဖစ္တာရွိေၾကာင္း အတည္ျပဳေပမယ့္ ေျမျပင္အေျခအေန အေသးစိတ္ကိုေတာ့ မသိရေသးဘူးလို႔ ေျပာပါတယ္။

Act 4 “ဟုတ္ကဲ့ ေျမျပင္သတင္းက အေသးစိတ္မရွိရဘူးခင္ဗ်။ ၃၊ ၄ ရက္အတြင္းမွာ ေနရာကြက္က်ား ကြက္က်ား ျဖစ္တယ္ခင္ဗ်၊ ဒီေက်ာက္မဲကြင္းထဲမွာပဲခင္ဗ်။ ကိုက္တိုင္တို႔ ကိုက္တိုင္႐ြာဘက္ အဲ့အစပ္နားမွာ သူတို႔ အဲ့ TNLA ဘက္က သူတို႔ 1O7 ဒီေရွာ့တိုက္ဒုံ ပစ္တာေတြရွိတယ္ခင္ဗ်။ ဒါေပမယ့္ တိုက္ပြဲေတာ့ ခဏေလးပဲ မိနစ္အတြင္းပဲ ျပန္ၿငိမ္သြားတယ္၊ ေနာက္လက္နက္ႀကီးေတြနဲ႔ ပစ္တာေတြ
ရွိတယ္။ ေနာက္ ႐ြာထဲကိုလည္း လက္နက္ႀကီးပစ္ၿပီးေတာ့မွ ႐ြာသားေတြ ထိတာတို႔ က်ေနာ္တို႔ေတာ့ အက်ဥ္းခ်ဳပ္က အဲ့ေလာက္ပဲ သိရတယ္ခင္ဗ်။ ဒါေပမယ့္ ဒီေန႔က်ေတာ့ တိုက္ပြဲျပင္းထန္လာတဲ့ သတင္းအေသးစိတ္ေတာ့ မရွိရေသးဘူးခင္ဗ်။”

ဒီရက္ပိုင္းေတြမွာ ေက်ာက္မဲၿမိဳ႕နယ္တစ္ခြင္ တိုက္ပြဲခပ္စိပ္စိပ္ျဖစ္ပြားေနတာေၾကာင့္ ေဒသခံေတြလည္း အိုးအိမ္စြန႔္ခြာ
ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။

ရွမ္းျပည္နယ္တြင္း တိုင္းရင္းသား လက္နက္ကိုင္အခ်င္းခ်င္းတို႔အၾကား မၾကာခဏ တိုက္ပြဲျဖစ္ပြားေနတာေၾကာင့္ ေဒသခံအမ်ားအျပား
အိုးအိမ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ေနၾကရတဲ့အတြက္ ဒုကၡေရာက္ေနၾကပါတာ။ ဒါေၾကာင့္လည္း တိုင္းရင္းသား လက္နက္ကိုင္ေတြ တစ္ဖက္နဲ႔ တစ္ဖက္ မတိုက္ခိုက္ၾကဘဲ အခ်င္းခ်င္း စည္းလုံးမႈရွိ ေစခ်င္ေၾကာင္း ေဒသခံေတြက ေတာင္းဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................................................................

ရှမ်းလက်နက်ကိုင်အဖွဲ့တွေအကြားပစ်ခတ်မှု ကျေးရွာသားတချို့ထိခိုက်ဒဏ်ရာရ

(Unicode)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း TNLA ၊ SSPP ပူပေါင်းအဖွဲ့နဲ့ RCSS တို့အကြား တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေမှာ ရွာသားတွေ ထိခိုက်ဒဏ်ရာရသူတွေရှိသလို၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်ပျက်စီးမှုရှိပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသူလည်း ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အလိမ္မာ က တင်ပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်၊း ကျောက်မဲမြို့နယ်၊ ပန်ဖြတ်ရွာနဲ့ ပန်ကွမ်ရွာဘက်မှာ TNLA တအောင်းပလောင်အဖွဲ့၊ ရှမ်းပြည်တပ်မတော် SSPP ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် RCSS အဖွဲ့တို့ကြား သြဂုတ်လ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပန်ဖြတ်ကျေးရွာမှာ ဦးဇင်းတစ်ပါးနဲ့ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ လုံခြုံရေးအရ အမည်အဖော်လိုတဲ့ အဲ့ဒီရွာနီးနားက ဒေသခံတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။
“လက်နက်ကြီးက ဒီဘက် ဟိုဘက်ဒီဘက် အမြန်အလှန် ပစ်ရင်းနဲ့ ကျလာတာခင်ဗျ။ ဘုန်းကြီးကျောင်းတော့ နည်းနည်းထိတယ်ခင်ဗျ။ အိမ်က ကျနော်လည်း ရွာချင်းနည်းနည်းလှမ်းလို့ အတိအကျတော့ မသိဘူး။ အိမ်နှစ်လုံးတော့ ထိတယ်လို့ ပြောတယ်။ ဦးဇင်းကတော့ နည်းနည်းလေး ထိခိုက်ဒဏ်ရာရတယ်ခင်ဗျ။ အကြီးအကျယ်တော့ မဟုတ်ဘူး။ နောက်ထပ် အဖွားကြီးတစ်ယောက်လည်း ထိတယ်လို့ ကြားတယ် ခင်ဗျ။ RCSS နဲ့ TNLA ရယ် ဒီ SSPP ရယ် တပ်ပေါင်းစုနဲ့ ဖြစ်တာခင်ဗျ။”

ပန်ကွမ်မြောက်ပိုင်းရွာ တာဝန်ရှိသူတစ်ဦးကတော့ တိုက်ပွဲကြောင့် ရွာထဲကို လက်နက်ကြီးတွေ ကျရောက်လို့ ကိုယ်ရင်တစ်ပါးနဲ့ သီလရှင်တစ်ပါး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြသူလည်း ရှိတယ်လို့ အခုလို့ ပြောပါတယ်။

“မနက် ၇ နာရီကနေ စတိုက်တာ နေ့လည် ၁၂ နာရီထိပဲ။ ဟိုဘက်တောင်၊ ဒီဘက်တောင်ဆိုတော့ မြင်နေရတာပေ့ါ။ လက်နက်ကြီးတွေကတော့ အလုံးက ၃၀၊ ၄၀ လောက်ရှိမယ်ထင်တယ်။ လက်နက်ကြီးသုံးတာတော့ လက်နက်ကြီး နှစ်ဖက်စလုံးသုံးတာနေမှာပေါ့ဗျ။ အသံကတော့ အိမ်တောင်တုန်တာပေါ့ နီးတယ်ဆိုတော့။ ပန်ဖြတ် ဘုန်းကြီးကျောင်းကတော့ ကျောင်းနည်းနည်းထိတယ်။ ဇရပ်လည်း ထိတယ်။ အိမ်လည်း နည်းနည်းထိတာပေါ့ဗျာ။ ကျနော်တို့ဆီမှာတော့ ကျနော်တို့ ဘုန်းကြီးကျောင်းဝင်းထဲလည်းကျတယ်။ ကျတော့ အထိအခိုက်သိပ်မရှိဘူ။း ဟိုဟာ ကိုယ်ရင်နဲ့ ဆရာလေး နည်းနည်းဆီပဲ ဒဏ်ရာပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူးဗျ၊ (ထွက်ပြေးတိမ်းရှောင်တဲ့လူက) ကျနော်တို့ဘက်မှာတော့ မရှိဘူးဗျ။ ဟိုပန်ကွမ်တောင်ရွာကျတော့ ကျောက်မဲကို ပြေးရှောင်တဲ့လူ မနက်အစောပိုင်း သူတို့ စစတိုက်ချင်းကတော့ ကား ၃၊ ၄ စီးစာလောက်တော့ ပြေးဆင်းကြတယ်။”

ဒီဒေသမှာ TNLA ၊ SSPP ပူပေါင်းအဖွဲ့နဲ့ RCSS တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒီကနေ့ ပန်ဖြတ်၊ ပန်ကွမ်ရွာဘက် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး TNLA ပြန်ကြားရေးအရာရှိ ဗိုလ်မှူး တာ့အိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာမှာ သူအနေနဲ့ မသိရသေးဘူးလို့ ဆိုပါတယ်။

Act 3“ဒီမနက်တော့ ကျနော်ဆီမှာတော့ တိုက်ပွဲသတင်းတက်လာတာမရှိသေးဘူး။ ထိတွေ့မှုလည်း ဒီ RCSS က ကျနော်တို့ဖက်တွေ
ထိုးစစ်ပြန်ကျူးကျော်တက်လာရင်တော့ ဒီလိုမျိုး တိုက်ပွဲထိတွေ့မှုတွေ၊ အဲ့လိုမျိုးပြန်ဖြစ်တာရှိတယ်။ ဒီနေ့တော့ တိုက်ပွဲသတင်းတက်လာတာတော့ မရှိသေးဘူးနော်။”

RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက အဲ့ဒီဒေသတွေမှာ တိုက်ပွဲဖြစ်တာရှိကြောင်း အတည်ပြုပေမယ့် မြေပြင်အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

Act 4 “ဟုတ်ကဲ့ မြေပြင်သတင်းက အသေးစိတ်မရှိရဘူးခင်ဗျ။ ၃၊ ၄ ရက်အတွင်းမှာ နေရာကွက်ကျား ကွက်ကျား ဖြစ်တယ်ခင်ဗျ၊ ဒီကျောက်မဲကွင်းထဲမှာပဲခင်ဗျ။ ကိုက်တိုင်တို့ ကိုက်တိုင်ရွာဘက် အဲ့အစပ်နားမှာ သူတို့ အဲ့ TNLA ဘက်က သူတို့ 1O7 ဒီရှော့တိုက်ဒုံ ပစ်တာတွေရှိတယ်ခင်ဗျ။ ဒါပေမယ့် တိုက်ပွဲတော့ ခဏလေးပဲ မိနစ်အတွင်းပဲ ပြန်ငြိမ်သွားတယ်၊ နောက်လက်နက်ကြီးတွေနဲ့ ပစ်တာတွေ
ရှိတယ်။ နောက် ရွာထဲကိုလည်း လက်နက်ကြီးပစ်ပြီးတော့မှ ရွာသားတွေ ထိတာတို့ ကျနော်တို့တော့ အကျဉ်းချုပ်က အဲ့လောက်ပဲ သိရတယ်ခင်ဗျ။ ဒါပေမယ့် ဒီနေ့ကျတော့ တိုက်ပွဲပြင်းထန်လာတဲ့ သတင်းအသေးစိတ်တော့ မရှိရသေးဘူးခင်ဗျ။”

ဒီရက်ပိုင်းတွေမှာ ကျောက်မဲမြို့နယ်တစ်ခွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ
ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ရှမ်းပြည်နယ်တွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံအများအပြား
အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ဒုက္ခရောက်နေကြပါတာ။ ဒါကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေ တစ်ဖက်နဲ့ တစ်ဖက် မတိုက်ခိုက်ကြဘဲ အချင်းချင်း စည်းလုံးမှုရှိ စေချင်ကြောင်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG