သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္ႏိုင္ငံ စီးပြားေရးၿပိဳင္ဆိုင္မႈ အေမရိကန္ဒု၀န္ႀကီးနဲ႕ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးတို႔ ေဆြးေႏြးဖို႔ရွိ


အေမရိကန္ ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Wendy Sherman

[ Zawgyi ]

တ႐ုတ္နဲ႔ ယွဥ္ၿပိဳင္မႈကို အေမရိကန္က ႀကိဳဆို ေပမယ့္ ပဋိပကၡ ျဖစ္လာေစမယ့္အေျခအေနေတြကို တားဆီးေရး တန္းတူညီမွ်တဲ့ သတ္မွတ္ခ်က္ေတြ၊ အကာအရံေတြ ရွိဖို႔ လိုအပ္တယ္ဆိုတဲ့အခ်က္ကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ မၾကာခင္ျပဳလုပ္မယ့္ တ႐ုတ္နဲ႔ ေဆြးေႏြးပဲြမွာ အေမရိကန္ ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Wendy Sherman က ေျပာၾကားမွာျဖစ္တယ္လို႔ မေန႔ စေနေန႔က အေမရိကန္ အဆင့္ျမင့္အရာရွိတဦးက ေျပာၾကားခဲ့ပါတယ္။

ကမၻာ့အႀကီးဆံုး စီးပြားေရးႏိုင္ငံႀကီး ႏွစ္ခုအေနနဲ႔ ၿပိဳင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ေရး တာ၀န္ရွိတဲ့ နည္းလမ္းေတြ လိုအပ္ေနတယ္လို႔ တ႐ုတ္ႏိုင္ငံ Tianjin မွာ ျပဳလုပ္မယ့္ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီး Wang Yi နဲ႔ Sherman တို႔ရဲ႕ ေဆြးေႏြးပဲြမတိုင္ခင္မွာ အခုလို အေမရိကန္အဆင့္ျမင့္အရာရွိက ေျပာဆိုခဲ့တာပါ။

အေမရိကန္နဲ႔ တ႐ုတ္အစိုးရ ၾကား ယိုယြင္းေနတဲ့ ဆက္ဆံေရးကို ေႏြးေထြးႏိုင္မယ့္ အလားအလာ ကို ႏွစ္ဖက္လံုးက တြက္ခ်က္ေနခ်ိန္မွာ အခုလို ပထမဆံုးအႀကိမ္ အစိုးရႏွစ္ဖက္ၾကား မ်က္ႏွာခ်င္းဆိုင္ အဆင္ျမင့္ ေတြ႕ဆံုပဲြ ျဖစ္ပါတယ္။ ဒါေၾကာင့္လ္း အေမရိကန္အေနနဲ႔ တ႐ုတ္နဲ႔ ဆက္ဆံေရးကို တာ၀န္ရွိရွိ စီမံႏိုင္ဖို႔အတြက္ သတ္မွတ္ခ်က္ေတြ ရွိေစေရး အေမရိကန္ဘက္က ေသခ်ာေစခ်င္တယ္လို႔ အေမရိကန္အရာရွိကေျပာပါတယ္။

Sherman ဟာ သူ႔ရဲ႕အာရွခရီးစဥ္အတြင္း ေဘဂ်င္းၿမိဳ႕ေတာ္ အေရွ႕ေတာင္ဘက္မွာရွိတဲ့ Tianjin ကို ဒီကေန႔ တနဂၤေႏြေန႔မွာ ေရာက္ရွိလာဖို႔ရွိၿပီး တနလၤာေန႔ထိ အဲဒီၿမိဳ႕မွာ ဆက္ၿပီးရွိေနမွာျဖစ္ပါတယ္။

[ Unicode ]

နှစ်နိုင်ငံ စီးပွားရေးပြိုင်ဆိုင်မှုကိစ္စ အမေရိကန်ဒုဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးဖို့ရှိ

တရုတ်နဲ့ ယှဉ်ပြိုင်မှုကို အမေရိကန်က ကြိုဆို ပေမယ့် ပဋိပက္ခ ဖြစ်လာစေမယ့်အခြေအနေတွေကို တားဆီးရေး တန်းတူညီမျှတဲ့ သတ်မှတ်ချက်တွေ၊ အကာအရံတွေ ရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မကြာခင်ပြုလုပ်မယ့် တရုတ်နဲ့ ဆွေးနွေးပွဲမှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman က ပြောကြားမှာဖြစ်တယ်လို့ မနေ့ စနေနေ့က အမေရိကန် အဆင့်မြင့်အရာရှိတဦးက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်ခုအနေနဲ့ ပြိုင်ဆိုင်မှုတွေကို ထိန်းချုပ်ရေး တာဝန်ရှိတဲ့ နည်းလမ်းတွေ လိုအပ်နေတယ်လို့ တရုတ်နိုင်ငံ Tianjin မှာ ပြုလုပ်မယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ Sherman တို့ရဲ့ ဆွေးနွေးပွဲမတိုင်ခင်မှာ အခုလို အမေရိကန်အဆင့်မြင့်အရာရှိက ပြောဆိုခဲ့တာပါ။

အမေရိကန်နဲ့ တရုတ်အစိုးရ ကြား ယိုယွင်းနေတဲ့ ဆက်ဆံရေးကို နွေးထွေးနိုင်မယ့် အလားအလာ ကို နှစ်ဖက်လုံးက တွက်ချက်နေချိန်မှာ အခုလို ပထမဆုံးအကြိမ် အစိုးရနှစ်ဖက်ကြား မျက်နှာချင်းဆိုင် အဆင်မြင့် တွေ့ဆုံပွဲ ဖြစ်ပါတယ်။ ဒါကြောင့်လ်း အမေရိကန်အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကို တာဝန်ရှိရှိ စီမံနိုင်ဖို့အတွက် သတ်မှတ်ချက်တွေ ရှိစေရေး အမေရိကန်ဘက်က သေချာစေချင်တယ်လို့ အမေရိကန်အရာရှိကပြောပါတယ်။

Sherman ဟာ သူ့ရဲ့အာရှခရီးစဉ်အတွင်း ဘေဂျင်းမြို့တော် အရှေ့တောင်ဘက်မှာရှိတဲ့ Tianjin ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိလာဖို့ရှိပြီး တနင်္လာနေ့ထိ အဲဒီမြို့မှာ ဆက်ပြီးရှိနေမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG