သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် Shinzo Abe နောက်ထပ် သက်တမ်းသုံးနှစ် ဆက်အုပ်ချုပ်ရဖွယ်ရှိ


ဂျပန်ဝန်ကြီးချုပ် Shinzo Abe
ဂျပန်ဝန်ကြီးချုပ် Shinzo Abe

ဂျပန်နိုင်ငံမှာ လက်ရှိအာဏာရပါတီရဲ့ အကြီးအကဲ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဝန်ကြီးချုပ် Shinzo Abe က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဒါဟာဖြင့် အစိုးရအဖွဲ့နဲ့ ဝန်ကြီးချုပ်တွေ သက်တမ်းရှည်ရှည်မခံလှဘဲ မကြာခန အပြောင်းအလဲ ဖြစ်လေ့ရှိတဲ့ ဂျပန်နိုင်ငံမှာ မစ္စတာ Abe အနေနဲ့ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိသလို အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး သူ့ရဲ့အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်လည်း တွန်းအားဖြစ်လာပါတယ်။

အာဏာရ ကွန်ဆာဗေးတစ်ဝါဒီ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ အကြီးအကဲအဖြစ် မစ္စတာ Abe အလွယ်တကူပဲ ထပ်ပြီးအရွေးခံရမယ်လို့ ခန့်မှန်းထားကြပါတယ်။ သူ့ကို ဂျပန်လွှတ်တော်အမတ် အများအပြားက ထောက်ခံထားကြပြီး သူနဲ့ ယှဉ်ပြီး အရွေးခံမယ့်သူကလည်း ကာကွယ်ရေးဝန်ကြီးဟောင်း Shigeru Ishiba တဦးပဲရှိပါတယ်။

နိုင်ငံအနောက်ပိုင်း Kagoshima ဒေသကနေ ရုပ်မြင်သံကြားမှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ Abe က “LDP ခေါင်းဆောင်အဖြစ်နဲ့ ဝန်ကြီးချုပ်အဖြစ် ဂျပန်နိုင်ငံကို နောက်ထပ်သုံးနှစ် ဆက်ပြီး ဦးဆောင်သွားဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်။ ဒီဆုံးဖြတ်ချက်အရ နောက်လမှာကျင်းပမယ့် ပါတီခေါင်းဆောင်ရွေးကောက်ပွဲမှာ ကျနော်ယှဉ်ပြိုင်ပါမယ်” လို့ ကြေညာသွားတာပါ။

စက်တင်ဘာလ ၂၀ ရက်နေ့မှာလုပ်မယ့် ပါတီခေါင်းဆောင် ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် မစ္စတာ Abe ဟာ တကယ်တမ်း အတိုက်အခံလုပ်မယ့် နိုင်ငံရေးပါတီတခုခုမရှိဘဲ ကမ္ဘာမှာ စီးပွားရေးအရ တတိယအင်အားအကြီးဆုံး ဂျပန်နိုင်ငံကို နောက်ထပ် သုံးနှစ် ဆက်ပြီး အုပ်ချုပ်ခွင့်ရမှာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe နောက်ထပ် သက်တမ်းသုံးနှစ် ဆက်အုပ်ချုပ်ရဖွယ်ရှိ
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG