သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း လုပ္ႀကံခံရမႈ ႏိုင္ငံတကာေခါင္းေဆာင္မ်ားတု႔ံျပန္ခ်က္ 


မဲဆြယ္စည္း႐ံုးေရးခရီးတခုအတြင္း လုပ္ႀကံခံရသူ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe 

[[Zawgyi/Unicode]]

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe စည္း႐ုံးမဲဆြယ္ပြဲတခုမွာ ေသနတ္နဲ႔ပစ္ခတ္ခံရၿပီး ေသဆုံးသြားခဲ့ၿပီးေနာက္ ႏိုင္ငံတကာေခါင္းေဆာင္ေတြ ဝမ္းနည္းစကား ေျပာၾကားေနၾကပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္းအသက္ရွင္ဖို႔ သူ႔ဆုေတာင္း မျပည့္ခဲ့ဘူးလို႔ လက္ရွိဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ကေျပာၾကားခဲ့ၿပီး ဘယ္လိုမွ ခြင့္မလႊတ္ႏိုင္တဲ့လုပ္ရပ္ျဖစ္တယ္လို႔ ပစ္ခတ္မႈကို အျပစ္တင္႐ႈတ္ခ်ေျပာခဲ့ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း အၾကမ္းဖက္ပစ္ခတ္ခံရတဲ့အတြက္ တုန္လႈပ္ စိတ္မေကာင္းျဖစ္ရတယ္လို႔ အိမ္ျဖဴေတာ္ကလည္း ထုတ္ျပန္ပါတယ္။ ဂ်ပန္ကသတင္းေတြကို သမတၱ Joe Biden ကမျပတ္ေစာင့္ၾကည့္ေနပါတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ ဒီသတင္းေၾကာင့္ တုန္လႈပ္ရတယ္လို႔ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကြၽန္းမွာ G-20 စည္းေဝးပြဲတက္ေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken ကလည္း ေျပာၾကားခဲ့ပါတယ္။

လုပ္ႀကံသတ္ျဖတ္ခံရတဲ့သတင္းဟာ ထိတ္လန႔္တုန္လႈပ္စရာေကာင္းၿပီး အင္မတန္ကို စိတ္ ညစ္ႏြမ္းစရာျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken က ေျပာၾကားခဲ့တာပါ။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Yoshimasa Hayashi၊ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး Park Jin တို႔နဲ႔ ၃ ပြင့္ဆိုင္ အစည္းအေဝးမွာ ဝန္ႀကီး Blinken ကေျပာၾကားခဲ့တာျဖစ္ပါတယ္။ Mr. Abe ဟာ ေခါင္းေဆာင္ေကာင္းတဦးျဖစ္သလို သူဝန္ႀကီးခ်ဳပ္တာဝန္ ထမ္းေဆာင္ေနစဥ္ အေမရိကန္နဲ႔ ဂ်ပန္ဆက္ဆံေရး သိပ္ကိုအဆင္ေျပခဲ့တယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံေတာင္ပိုင္း Nara ၿမိဳ႕က မီးရထားဘူတာ႐ုံတခုအျပင္မွာ အထက္လႊတ္ေတာ္အမတ္ေနရာ ဝင္ၿပိဳင္မယ့္သူတေယာက္အတြက္ မဲဆြယ္စည္း႐ုံးေနစဥ္ ေသနတ္နဲ႔ပစ္ခတ္ခံရၿပီး ေဆး႐ုံမွာ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ ေသနတ္နဲ႔ပစ္ခတ္ခဲ့သူဟာ အသက္ ၄၁ ႏွစ္အ႐ြယ္ ေရတပ္တပ္ဖြဲ႕ဝင္ေဟာင္းျဖစ္တယ္လို႔ ဂ်ပန္ကလာတဲ့သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe ကို ပစ္ခတ္လုပ္ႀကံသူအျဖစ္ သံသယရွိသူတဦးကို ရဲတပ္ဖြဲ႔ဝင္ေတြက နာရာၿမိဳ႕ဘူတာ႐ံုတခုမွာ “လက္ရ” ဖမ္းဆီးေနစဥ္။ (ဇူလိုင္ ၈၊ ၂၀၂၂)
ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe ကို ပစ္ခတ္လုပ္ႀကံသူအျဖစ္ သံသယရွိသူတဦးကို ရဲတပ္ဖြဲ႔ဝင္ေတြက နာရာၿမိဳ႕ဘူတာ႐ံုတခုမွာ “လက္ရ” ဖမ္းဆီးေနစဥ္။ (ဇူလိုင္ ၈၊ ၂၀၂၂)

အသက္ ၆၇ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားတဲ့ ဝန္ႀကီးခ်ဳပ္ Abe ဟာ ဂ်ပန္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ တာဝန္ကို သက္တမ္းအရွည္ဆုံး ထမ္းေဆာင္ခဲ့တဲ့ ေခါင္းေဆာင္တေယာက္ျဖစ္ပါတယ္။ ၂၀၀၆ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိ တႀကိမ္၊ ၂၀၁၂ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အထိတႀကိမ္ ဝန္ႀကီးခ်ဳပ္တာဝန္ယူခဲ့ၿပီး က်န္းမာေရးေၾကာင့္ ၂၀၂၀ ခုႏွစ္မွာ တာဝန္ကေန အနားယူခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ သူဟာ ႏိုင္ငံေရးေလာကမွာ တက္ႂကြေနဆဲျဖစ္သလို အာဏာရ Liberal Democratic Party ပါတီမွာလည္း ၾသဇာလႊမ္းေညာင္းေနဆဲျဖစ္ပါတယ္။

ဂ်ပန္မွာ ေခါင္းေဆာင္ေကာင္းတေယာက္ ဆုံးရႈံးသြားခဲ့တယ္လို႔ ျပင္သစ္သမၼတ Emmanuel Macron ကေျပာၾကားခဲ့ပါတယ္။ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe လုပ္ႀကံသတ္ျဖတ္ခံရမႈနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံအေနနဲ႔ မ်ားစြာအံ့ၾသတုန္လႈပ္ရတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ မိသားစုနဲ႔ ဂ်ပန္ျပည္သူ ေတြအတြက္ စိတ္ထိခိုက္ ဝမ္းနည္းေၾကကြဲရေၾကာင္း NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကလည္း ထုတ္ျပန္ခဲ့ပါတယ္။ ျမန္မာျပည္သူေတြအတြက္ Mr. Abe ကူညီေထာက္ပံ့ေပးခဲ့တာေတြအတြက္ ဘယ္ေတာ့မွာ ေမ့မွာ မဟုတ္ေၾကာင္းနဲ႔ ခုလိုေၾကကြဲစရာအခ်ိန္မွာ ဂ်ပန္ျပည္သူေတြနဲ႔အတူ ျမန္မာျပည္သူေတြ ရပ္တည္ေနပါတယ္လို႔ ေဒၚဇင္မာေအာင္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။

Mr. Abe ဟာ ၃၆ ႏွစ္အတြင္း ျမန္မာႏိုင္ငံကို ပထမဆုံး ဂ်ပန္ဝန္ႀကီးခ်ဳပ္တေယာက္အေနနဲ႔ ၂၀၁၃ ခုႏွစ္က တႀကိမ္လာေရာက္ၿပီး သမၼတဦးသိန္းစိန္နဲ႔ ေတြ႔ဆုံခဲ့သလို ၂၀၁၄ ခုႏွစ္က အာဆီယံ ဂ်ပန္ထိပ္သီးအစည္းအေဝးအတြက္ ဒုတိယအႀကိမ္လာေရာက္ခဲ့ဖူးပါတယ္။ NLD အစိုးရသမၼတေဟာင္း ဦးထင္ေက်ာ္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ရဲ႕ သီးျခားဂ်ပန္ခရီးစဥ္ေတြမွာလည္း ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။

Mr. Abe ရဲ႕ ဇနီးဟာလည္း ပရဟိတလုပ္ငန္းေတြအတြက္ ျမန္မာႏိုင္ငံကို တႀကိမ္မက လာေရာက္ခဲ့ဖူးပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe လုပ္ႀကံခံခဲ့ရတဲ့ေနရာမွာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ ပန္းပြင့္မ်ားနဲ႔အတူ လာေရာက္ဂါရဝျပဳသူ ျပည္သူမ်ား။ (ဇူလိုင္ ၈၊ ၂၀၂၂)
ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe လုပ္ႀကံခံခဲ့ရတဲ့ေနရာမွာ ဝမ္းနည္းျခင္းအထိမ္းအမွတ္ ပန္းပြင့္မ်ားနဲ႔အတူ လာေရာက္ဂါရဝျပဳသူ ျပည္သူမ်ား။ (ဇူလိုင္ ၈၊ ၂၀၂၂)
တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]


ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှု နိုင်ငံတကာခေါင်းဆောင်များတုံ့ပြန်ချက်

ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe စည်းရုံးမဲဆွယ်ပွဲတခုမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် နိုင်ငံတကာခေါင်းဆောင်တွေ ဝမ်းနည်းစကား ပြောကြားနေကြပါတယ်။ ဝန်ကြီးချုပ်ဟောင်းအသက်ရှင်ဖို့ သူ့ဆုတောင်း မပြည့်ခဲ့ဘူးလို့ လက်ရှိဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောကြားခဲ့ပြီး ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ပစ်ခတ်မှုကို အပြစ်တင်ရှုတ်ချပြောခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း အကြမ်းဖက်ပစ်ခတ်ခံရတဲ့အတွက် တုန်လှုပ် စိတ်မကောင်းဖြစ်ရတယ်လို့ အိမ်ဖြူတော်ကလည်း ထုတ်ပြန်ပါတယ်။ ဂျပန်ကသတင်းတွေကို သမတ္တ Joe Biden ကမပြတ်စောင့်ကြည့်နေပါတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒီသတင်းကြောင့် တုန်လှုပ်ရတယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ G-20 စည်းဝေးပွဲတက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကလည်း ပြောကြားခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပြီး အင်မတန်ကို စိတ် ညစ်နွမ်းစရာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ပြောကြားခဲ့တာပါ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Park Jin တို့နဲ့ ၃ ပွင့်ဆိုင် အစည်းအဝေးမှာ ဝန်ကြီး Blinken ကပြောကြားခဲ့တာဖြစ်ပါတယ်။ Mr. Abe ဟာ ခေါင်းဆောင်ကောင်းတဦးဖြစ်သလို သူဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေစဉ် အမေရိကန်နဲ့ ဂျပန်ဆက်ဆံရေး သိပ်ကိုအဆင်ပြေခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်း Nara မြို့က မီးရထားဘူတာရုံတခုအပြင်မှာ အထက်လွှတ်တော်အမတ်နေရာ ဝင်ပြိုင်မယ့်သူတယောက်အတွက် မဲဆွယ်စည်းရုံးနေစဉ် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့သူဟာ အသက် ၄၁ နှစ်အရွယ် ရေတပ်တပ်ဖွဲ့ဝင်ဟောင်းဖြစ်တယ်လို့ ဂျပန်ကလာတဲ့သတင်းတွေမှာ ဖော်ပြကြပါတယ်။

အသက် ၆၇ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဝန်ကြီးချုပ် Abe ဟာ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် တာဝန်ကို သက်တမ်းအရှည်ဆုံး ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ တကြိမ်၊ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိတကြိမ် ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး ကျန်းမာရေးကြောင့် ၂၀၂၀ ခုနှစ်မှာ တာဝန်ကနေ အနားယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ နိုင်ငံရေးလောကမှာ တက်ကြွနေဆဲဖြစ်သလို အာဏာရ Liberal Democratic Party ပါတီမှာလည်း သြဇာလွှမ်းညောင်းနေဆဲဖြစ်ပါတယ်။

ဂျပန်မှာ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးသွားခဲ့တယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron ကပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ များစွာအံ့သြတုန်လှုပ်ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ မိသားစုနဲ့ ဂျပန်ပြည်သူ တွေအတွက် စိတ်ထိခိုက် ဝမ်းနည်းကြေကွဲရကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြည်သူတွေအတွက် Mr. Abe ကူညီထောက်ပံ့ပေးခဲ့တာတွေအတွက် ဘယ်တော့မှာ မေ့မှာ မဟုတ်ကြောင်းနဲ့ ခုလိုကြေကွဲစရာအချိန်မှာ ဂျပန်ပြည်သူတွေနဲ့အတူ မြန်မာပြည်သူတွေ ရပ်တည်နေပါတယ်လို့ ဒေါ်ဇင်မာအောင်ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

Mr. Abe ဟာ ၃၆ နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး ဂျပန်ဝန်ကြီးချုပ်တယောက်အနေနဲ့ ၂၀၁၃ ခုနှစ်က တကြိမ်လာရောက်ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို ၂၀၁၄ ခုနှစ်က အာဆီယံ ဂျပန်ထိပ်သီးအစည်းအဝေးအတွက် ဒုတိယအကြိမ်လာရောက်ခဲ့ဖူးပါတယ်။ NLD အစိုးရသမ္မတဟောင်း ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သီးခြားဂျပန်ခရီးစဉ်တွေမှာလည်း ဝန်ကြီးချုပ်ဟောင်း Shinzo Abe နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Mr. Abe ရဲ့ ဇနီးဟာလည်း ပရဟိတလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံကို တကြိမ်မက လာရောက်ခဲ့ဖူးပါတယ်။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္းလုပ္ႀကံခံခဲ့ခ်ိန္ ျမင္ကြင္း
please wait

No media source currently available

0:00 0:01:21 0:00

XS
SM
MD
LG