သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရႊကုကၠဳိလ္ၿမိဳ႕သစ္စီမံကိန္း BRI ခါးပတ္လမ္းစီမံကိန္းနဲ႔ မဆုိင္ေၾကာင္း တရုတ္အစုိးျငင္းဆုိ 


ကရင္ျပည္နယ္အတြင္းက ေရႊကုကၠိဳလ္ၿမိဳ႕သစ္ Photo credit: RFA

(Zawgyi/Unicode)

ကရင္ျပည္နယ္အတြင္း ျမန္မာနဲ႔ထိုင္း နယ္စပ္အနား တ႐ုတ္ရင္းႏွီးျမႇုဳပ္ႏွံသူေတြက အေမရိကန္ ေဒၚလာ ၁၅ ဘီလီယံ အကုန္ အက် ခံ တည္ေဆာက္ေနတဲ့ ၿမိဳ႕သစ္ဟာ တ႐ုတ္နိုင္ငံရဲ့ BRI ခါးပတ္လမ္း စီမံကိန္းနဲ႔ သက္ဆိုင္မႈ မရွိဘူးလို႔ တ႐ုတ္ နိုင္ငံက ေျပာပါတယ္။

ေလာေလာဆယ္ ျမန္မာအစိုးရက စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္ေနတဲ့ ကရင္ျပည္နယ္အတြင္းက ေရႊကုကၠိဳလ္ၿမိဳ႕သစ္က တ႐ုတ္အစိုးရ စီမံကိန္းေတြနဲ႔ မသက္ဆိုင္ေၾကာင္း ရန္ကုန္ၿမိဳ႕က တ႐ုတ္ သံ႐ုံးက အဂၤါေန႔ ညပိုင္း က Facebook ကတဆင့္ ထုတ္ျပန္ေၾကညာလိုက္တာ ျဖစ္ပါတယ္။

တ႐ုတ္ သံ႐ုံးရဲ့ ထုတ္ျပန္ခ်က္မွာ နယ္စပ္ ျဖတ္ေက်ာ္ ေလာင္းကစားမႈေတြနဲ႔ ပတ္သက္တဲ့ တ႐ုတ္နိုင္ငံရဲ႕ ရပ္တည္ခ်က္က တစ္သတ္မတ္တည္း ရွိၿပီး တ႐ုတ္ အရင္းအႏွီးေတြကို နိုင္ငံရပ္ျခား ေလာင္းကစား ႐ုံေတြမွဦ သုံးစြဲခြင့္ မျပဳသလို တ႐ုတ္ နိုင္ငံသားေတြကို နိုင္ငံရပ္ျခား ေလာင္းကစား႐ုံေတြ ေထာင္ခြင့္မျပဳဘူးလို႔လည္း ပါရွိပါတယ္။

ျမန္မာ မီဒီယာေတြကေတာ့ တ႐ုတ္ အလုပ္သမားေတြ ကရင္ျပည္နယ္ထဲ တဖြဲဖြဲ ေရာက္လာတဲ့ သတင္းေတြကို အရင္က ထုတ္ေဖာ္ ေျပာဆို ေရးသားထားခဲ့တာပါ။

ဒါ့အျပင္ ကရင္ ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳ ကြန္ရက္လို လူမႈ အဖြဲ႕အစည္းေတြနဲ႔ ဝါရွင္တန္ ဒီစီ အေျခစိုက္ အေမရိကန္ ၿငိမ္းခ်မ္းေရး အင္စတီက်ဳ(USIP)တို႔ကလည္း ဒီ ၿမိဳ႕သစ္ဟာ နယ္စပ္ျဖတ္ေက်ာ္ ေလာင္းကစားမႈေတြနဲ႔ ေငြေၾကး ခဝါခ်မႈ လုပ္ငန္းမွာ အခ်က္အျခာ က်တဲ့ ေနရာျဖစ္လာမွာကို စိုးရိမ္ ပူပန္ေၾကာင္း ေျပာထားခဲ့ဖူးပါတယ္။

ဒီၿမိဳ႕ကို တည္ေဆာက္ေနတဲ့ Yatai ကုမၸဏီရဲ့ ၿမိဳ႕သစ္ေၾကာ္ျငာေတြမွာေတာ့ ဒီၿမိဳ႕ရဲ့ အဓိက ဝင္ေငြက ေလာင္းကစား႐ုံေတြကလို႔ ေဖာ္ျပထားပါတယ္။ ျမန္မာအစိုးရက ကရင္ျပည္နယ္အတြင္း ေလာင္းကစားလုပ္ခြင့္ လိုင္စင္ ခ်မွတ္ေပးထားတာ မရွိေသးပါဘူး။ Yatai ကုမၸဏီက ျမန္မာ အစိုးရဆီကေန အေမရိကန္ ေဒၚလာ ၂၂.၅ သန္း ကုန္က်မယ့္ တန္ဖိုးႀကီး အိမ္ယာ တည္ေဆာက္ေရး ခြင့္ျပဳခ်က္ကို ရရွိထားတာ ျဖစ္ပါတယ္။

အဲဒီ​ၿမိဳ႕အတြင္း ျပဳလုပ္တဲ့ ေငြေျပာင္းေငြလႊဲ အမ်ားစုက စကၤာပူက ဖုန္း Application ျဖစ္တဲ့ Fincy ကို အသုံးျပဳတာ ျဖစ္ၿပီး အဲဒီ application က Yatai ၿမိဳ႕တြင္း ေငြေၾကးလုပ္ငန္းေတြကို တစ္ဦးတည္း လုပ္ကိုင္ခြင့္​ရထားတယ္လို႔ ေၾကာ္ျငာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရွှေကုက္ကိုမြို့သစ်စီမံကိန်း BRI ခါးပတ်လမ်းစီမံကိန်းနဲ့မဆိုင်ကြောင်း တရုတ်အစိုးငြင်းဆို

(Unicode)

ကရင်ပြည်နယ်အတွင်း မြန်မာနဲ့ထိုင်း နယ်စပ်အနား တရုတ်ရင်းနှီးမြှုုပ်နှံသူတွေက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အကုန် အကျ ခံ တည်ဆောက်နေတဲ့ မြို့သစ်ဟာ တရုတ်နိုင်ငံရဲ့ BRI ခါးပတ်လမ်း စီမံကိန်းနဲ့ သက်ဆိုင်မှု မရှိဘူးလို့ တရုတ် နိုင်ငံက ပြောပါတယ်။

လောလောဆယ် မြန်မာအစိုးရက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သစ်က တရုတ်အစိုးရ စီမံကိန်းတွေနဲ့ မသက်ဆိုင်ကြောင်း ရန်ကုန်မြို့က တရုတ် သံရုံးက အင်္ဂါနေ့ ညပိုင်း က Facebook ကတဆင့် ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

တရုတ် သံရုံးရဲ့ ထုတ်ပြန်ချက်မှာ နယ်စပ် ဖြတ်ကျော် လောင်းကစားမှုတွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က တစ်သတ်မတ်တည်း ရှိပြီး တရုတ် အရင်းအနှီးတွေကို နိုင်ငံရပ်ခြား လောင်းကစား ရုံတွေမှဦ သုံးစွဲခွင့် မပြုသလို တရုတ် နိုင်ငံသားတွေကို နိုင်ငံရပ်ခြား လောင်းကစားရုံတွေ ထောင်ခွင့်မပြုဘူးလို့လည်း ပါရှိပါတယ်။

မြန်မာ မီဒီယာတွေကတော့ တရုတ် အလုပ်သမားတွေ ကရင်ပြည်နယ်ထဲ တဖွဲဖွဲ ရောက်လာတဲ့ သတင်းတွေကို အရင်က ထုတ်ဖော် ပြောဆို ရေးသားထားခဲ့တာပါ။

ဒါ့အပြင် ကရင် ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်လို လူမှု အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန် ဒီစီ အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု(USIP)တို့ကလည်း ဒီ မြို့သစ်ဟာ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုတွေနဲ့ ငွေကြေး ခဝါချမှု လုပ်ငန်းမှာ အချက်အခြာ ကျတဲ့ နေရာဖြစ်လာမှာကို စိုးရိမ် ပူပန်ကြောင်း ပြောထားခဲ့ဖူးပါတယ်။

ဒီမြို့ကို တည်ဆောက်နေတဲ့ Yatai ကုမ္ပဏီရဲ့ မြို့သစ်ကြော်ငြာတွေမှာတော့ ဒီမြို့ရဲ့ အဓိက ဝင်ငွေက လောင်းကစားရုံတွေကလို့ ဖော်ပြထားပါတယ်။ မြန်မာအစိုးရက ကရင်ပြည်နယ်အတွင်း လောင်းကစားလုပ်ခွင့် လိုင်စင် ချမှတ်ပေးထားတာ မရှိသေးပါဘူး။ Yatai ကုမ္ပဏီက မြန်မာ အစိုးရဆီကနေ အမေရိကန် ဒေါ်လာ ၂၂.၅ သန်း ကုန်ကျမယ့် တန်ဖိုးကြီး အိမ်ယာ တည်ဆောက်ရေး ခွင့်ပြုချက်ကို ရရှိထားတာ ဖြစ်ပါတယ်။

အဲဒီမြို့အတွင်း ပြုလုပ်တဲ့ ငွေပြောင်းငွေလွှဲ အများစုက စင်္ကာပူက ဖုန်း Application ဖြစ်တဲ့ Fincy ကို အသုံးပြုတာ ဖြစ်ပြီး အဲဒီ application က Yatai မြို့တွင်း ငွေကြေးလုပ်ငန်းတွေကို တစ်ဦးတည်း လုပ်ကိုင်ခွင့်ရထားတယ်လို့ ကြော်ငြာထားပါတယ်။

XS
SM
MD
LG