သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်သူ ၈၀၀၀ လောက်ရှိပြီ


ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)
ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)

=== [[ ZAWGYI ]] ===

ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်သူ ၈၀၀၀ လောက်ရှိပြီ


ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသက ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် ပူးပေါင်းထားတဲ့တပ်တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပူးပေါင်းစစ်ကြောင်းတွေနဲ့ ဧပြီလ ၇ ရက်နေ့မှာလည်း တိုက်ပွဲ ဆက်ဖြစ်နေတဲ့အတွက် ထိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်ရသူ ၈,၀၀၀ ထက်မနည်း ရှိနေပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေဖက်ကလည်း လုံခြုံရေးတိုးမြှင့် ချထားပြီး ကန့်သတ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


စစ်ကောင်စီနဲ့ နယ်ခြားစောင့် ပူးပေါင်းထားတဲ့တပ်ဖွဲ့တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ် ပူးပေါင်းစစ်ကြောင်းတွေနဲ့ ဧပြီလ ၇ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ဧပြီလ ၇ ရက်နေ့ ညနေပိုင်းမှာ ထိုင်းဘက်ကို စစ်ဘေးရှောင်တွေ ထပ်ပြီး တိုးလာနေကြောင်း စစ်ဘေးရှောင်တွေကို အစားသောက်များအကူညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်းရဲ့တွဲဘက်အတွင်းရေးမှူး ကိုအောင်မင်းစိုးက အခုလိုပြောပါတယ်။

" ဒီနေ့ ဒီညနေမှာလည်း တိုက်ပွဲဖြစ်နေတော့ ထပ်ပြီး ကူးလာကြတယ်၊ ကျနော်တို့စာရင်းကောက်ထားတာ ကတော့ ၆,၀၀၀ ကျော်လောက် ရှိတယ်။ ဒီညနေ လူတွေပေါင်းပြီး ထပ်တိုးလာတော့ ၈,၀၀၀ လောက်ဖြစ်သွားပြီ။ ၈,၀၀၀ လောက်မှာတော့ ကလေးက တဝက်လောက်ပါတယ်။ အသက် ၁၈ နှစ်အောက်ပေါ့။ ရွှေကုက္ကို ဝန်းကျင်က ပတ်ဝန်းကျင် ကျေးရွာက လာကြတဲ့လူတွေများတယ်။ "

ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)
ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)

တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ညနေပိုင်းမှာတော့ သောင်ရင်းမြစ်အနီးက သစ်တောတွေအတွင်းမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာကို ထပ်မံရွေ့ပြောင်းနေရပါတယ်။ ထိုင်းစစ်တပ်ကတော့ အဲဒီစစ်ဘေးရှောင်တွေကို ပြောင်းဖူးစေ့တွေထားတဲ့ ဂိုဒေါင်တခုကို ရွေ့ပြောင်းပေးခဲ့ပါတယ်။

တာ့ခ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးကလည်း စစ်ဘေးရှောင်တွေကို လာရောက်ကြည့်ရှုပြီး လူသားချင်းစာနာတဲ့ အကူညီတွေ ပေးနေတဲ့အပြင် လုံခြုံရေးပါ တာဝန်ယူထားတယ်လို့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

" တာခ့်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Suraphon Wongsukphisarn စူရဖုန်း ဝုန်စွတ်ဖိဆန်က ထိုင်းနိုင်ငံအနေနဲ့ လူသားချင်း စာနာမှု ပြသတဲ့အနေနဲ့ စစ်ဘေးရှောင်တွေ ဘယ်လောက်ပဲ ဝင်လာနေပါစေ အစွမ်းကုန်ကူညီသွားမှာဖြစ်တယ်။ အခုလည်း သက်ဆိုင်ရာ NGO တွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်နေပါတယ်" လို့ ‌သတင်းထောက်တွေကို ‌ပြောခဲ့ပြီး အခုချိန်မှာ စစ်ရှောင်ပြည်သူတွေရဲ့ လုြံခုံရေးကိုပါ စောင့်ရှောက်ပေးသွား မှာပါလို့ပြောသွားပါတယ်။

ဧပြီလ ၇ ရက်နေ့မှာတော့ လုံခြုံရေး တိုးထားပြီး စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေ အများအပြား လာလို့မရအောင် ကန့်သတ်ထားတာတွေလည်း ရှိနေပါတယ်။ စစ်ဘေးရှောင်သူတွေကို အကူညီတွေ လာပေးမယ်ဆိုရင် မဲဆောက်နဲ့ မဲလမ မြို့ပိုင်ရုံးတွေက ထောက်ခံစာ ယူလာရမယ်ဆိုပြီး ဆိုင်းဘုတ်တွေမှာ ရေးထားပြီး ကန့်သတ်တာတွေလည်း ရှိနေပါတယ်။ ဒီညနေမှာတော့ ထမင်းသွားပို့တဲ့အခါမှာ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့လည်း ကိုအောင်မင်းစိုးက ပြောပြပါတယ်။

" သဲပုံဂိတ်ကော ဟိုက်ယက်ဂိတ်ကော ဟိုက်ယက် ဂိတ်ဆိုရင် ကျနော်တို့ ဒီညနေက ထမင်းသွားပို့တဲ့အခါမှာ စစ်ကားကြီးတွေ ၅ စီးလောက်နဲ့ လုံခြုံရေးအပြည့် ယူထားတယ်၊ အရင်တုန်းကဆိုရင် ဝင်ခွင့်ပေးပေမယ့် ဒီနေ့ကျတော့ ဝင်ခွင့်ကို စိစစ်တယ်။ ထမင်းဟင်းတွေ သွားပို့ခိုင်းတယ် ဖုန်းကိုတော့ သိမ်းထားတယ်။"

ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)
ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)

စစ်ဘေးရှောင်တွေကတော့ လတ်တလောမှာ နေရာထိုင်ခင်း အစားအသောက် သောက်ရေတွေ အရေးပေါ်လိုအပ်နေပြီး အိမ်သာတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။ အစားအသောက်တွေကို မြန်မာလူထုက စုပေါင်းပြီးကူညီတာတွေလည်း ရှိနေပါတယ်။ လူဦးရေက နေ့စဉ် တိုးလာနေတဲ့အတွက် မလုံမလောက် ဖြစ်နေပြီး အများစုကတော့ မြေကြီးပေါ်မှာ အိပ်စက်ရသူ အများအပြား ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)
ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)





ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)
ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက် စစ်ရှောင်လာသူများ။ (Photo: VOA Burmese)


XS
SM
MD
LG