သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးတောင်းဆို

ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေးအလွတ််ဆွေးနွေးပွဲတက်ရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan (ဓာတ်ပုံ- Dr. Vivian Balakrishnan'sfb/Dec 20, 2024)
ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေးအလွတ််ဆွေးနွေးပွဲတက်ရောက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan (ဓာတ်ပုံ- Dr. Vivian Balakrishnan'sfb/Dec 20, 2024)

အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာကြောင့် ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးDr Vivian Balakrishnan က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်ကောင်စီ အာဏာသိမ်းပြီး လေးနှစ်နီးပါးအကြာ ပဋိပက္ခတွေကြား မြန်မာပြည်သူတွေရဲ့ အခက်အခဲနဲ့ အကြပ်အတည်း ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေတဲ့အကြောင်း ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖေါ်ဖို့ကိုလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံအရေး သက်ဆိုင်သူ အားလုံးပါဝင်တဲ့ အစည်းအဝေး တခု အာဆီယံက ကမကထလုပ် ကျင်းပနိုင်ခြေ အပေါ် စင်္ကာပူနိုင်ငံအနေနဲ့ ထောက်ခံကြောင်းလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan က ပြောပါတယ်။

ဒီနေ့အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsaကို ကျေးဇူးတင်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG