သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် အာရှနိုင်ငံတချို့ ပိတ်ဆို့အရေးယူကြပြီ


စင်္ကာပူနိုင်ငံက နှစ်သစ်ကူးညမြင်ကွင်း။ (ဒီဇင်ဘာ ၃၁၊ ၂၀၂၀)
စင်္ကာပူနိုင်ငံက နှစ်သစ်ကူးညမြင်ကွင်း။ (ဒီဇင်ဘာ ၃၁၊ ၂၀၂၀)

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် အာရှနိုင်ငံတချို့ ပိတ်ဆို့အရေးယူကြပြီ

{{Zawgyi/Unicode }}
ယူကရိန်းကိုရုရှားကကျူးကျော်တိုက်ခိုက်တဲ့အပေါ် အာရှနိုင်ငံအချို့ကလည်းတုံပြန် အရေးယူလိုက်ပါတယ်။ စီပွားရေးပိတ်ဆို့အရေးယူတာတွေလုပ်လေ့မရှိတဲ့ စင်္ကာပူနိုင်ငံက ဒီရက်သတ္တပတ်အ တွင် းယူကရိန်းကိုကျူးကျော်တဲ့အတွက် ရုရှားအပေါ်စီးပွားရေးပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

ဒီကိစ္စဟာ နိုင်ငံငယ်လေးတွေရဲ့ တည်ရှိခွင့်နဲ့ ချမ်းသာ ကြွယ်ဝခွင့်ကို တိုက်ခိုက်ခံရတယ်လို့ယူဆကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကရာရှစ်နန် Vivian Balakrishnan ကပြောဆိုခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စင်္ကာပူအမျိုးသားတက္ကသိုလ်က တွဲဘက်ပါမောက္ခ လင်တိုင်ေ၀ Lim Tai Wei ကတော့ ..

“လက်ရှိကမ္ဘာအခင်းအကျင်းက အကာကွယ်မပေးနိုင်ဘူးဆိုရင်၊ နိုင်ငံငယ်လေးတွေအနေနဲ့ထိခိုက်ဆုံးရှုံးရမယ့်အန္တရာယ်ရှိတယ်လို့” ပါမောက္ခလင်တိုင်ဝေပြောဆိုသွားတာပါ။

စင်္ကာပူရဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုဟာ ၄၄ နှစ်အတွင်းပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဗီယက်နမ်ကနေ ကမ္ဘောဒီးယားကို ကျူးကျော်တုံးကနောက်ဆုံးပိတ်ဆို့အရေးယူမှုလုပ်ခဲ့ပါတယ်။

ရုရှားကိုတုံ့ပြန်အရေးယူတဲ့အထဲမှာ အာရှက ကမ္ဘာ့စီးပွားရေး တတိယအင်အားကြီး ဂျပန်နိုင်ငံလည်း ပါဝင်ပါတယ်။ ဒါ့အပြင်တောင်ကိုရီးယားနဲ့ သြစတေးလျားနိုင်ငံတွေကလည်း အလားတူကြေညာပါတယ်။

ဒီနိုင်ငံတွေအနေနဲ့ ရုရှားအပေါ် စီးပွားရေး၊ ငွေကြေးနဲ့ နည်းပညာပစ္စည်းတွေကိုပိတ်ဆို့အရေးယူ သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ကကြေညာခဲ့ပါတယ်။

.....................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode }}


ရုရှားက ယူကရိနျးကို ကြူးကြောျတဲ့ကိစ်စနဲ့ပတျသကျပွီး စငျ်ကာပူအမြိုးသားတက်ကသိုလျက တှဲဘကျပါမောက်ခ လငျတိုငျေ၀ Lim Tai Wei ကတော့ ..





XS
SM
MD
LG