သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားချင်း လိင်ဆက်ဆံမှု ရာဇဝတ်မှုအဖြစ် စင်ကာပူ သတ်မှတ်တော့မည်မဟုတ်  


(Zawgyi / Unicode)

အမျိုးသားတွေ လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်မယ့်အကြောင်း စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong ကပြောဆိုလိုက်ပေမဲ့ အမျိုးသမီးနဲ့ အမျိုးသားကြားမှာသာ တရားဝင် ထိမ်းမြားလက်ထပ်ခွင့် သတ်မှတ်ချက်ကတော့ အပြောင်းအလဲ ရှိမှာမဟုတ်ကြောင်း ပြောပါတယ်။

စင်ကာပူ လူမှုအသိုင်းအဝိုင်းကြား အထူးသဖြင့် လူငယ်တွေဟာ Gay တွေကို အရင်ထက်ပိုပြီး လက်ခံလာနေကြပြီလို့လည်း ပြောပါတယ်။ အမျိုးသားချင်း လိင်ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဗြိတိသျှကိုလိုနီ လက်ထက်က ရာဇသတ်ကြီးပုဒ်မ ၃၇၇ (က) ကို ပယ်ဖျက်မှာဖြစ်ကြောင်း နှစ်ပတ်လည် အမျိုးသားနေ့ မိန့်ခွန်းမှာ စင်ကာပူဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုသွားတာပါ။

ဒါပေမဲ့လည်း ဥပဒေကို ဘယ်တော့ ပယ်ဖျက်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ စက်ကာပူမှာ ပုဒ်မ ၃၇၇ (က) အရ အရေးယူခံရရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေးခံရနိုင်ပေမဲ့ လက်တွေ့ကျင့်သုံးတာတော့ မရှိပါဘူး။

အာရှတလွှား နိုင်ငံတွေမှာ လိင်စိတ်ကွဲပြားသူ LGBTQ အသိုင်းအဝိုင်းအပေါ် ရာဇဝတ်မှုနဲ့ အရေးယူနိုင်တဲ့ ဥပဒေတွေကို လျှော့ချလာခဲ့ရာမှာ အိန္ဒိယနိုင်ငံမှာ ကိုလိုနီခေတ်ကတည်း ပြဌာန်းထားတဲ့ လိင်တူဆက်ဆံသူတွေအပေါ် အရေးယူတဲ့ ဥပဒေကို ၂၀၁၈ ခုနှစ်မှာ အိန္ဒိယတရားရုံးချုပ်က ပယ်ဖျက်ခဲ့သလို၊ ထိုင်းနိုင်ငံမှာတော့ လိင်တူချင်း ပေါင်းသင်းတာကို တရားဝင်လက်ခံဖို့ နီးစပ်လာနေပါပြီ။ မြန်မာနိုင်ငံမှာတော့ ဗြိတိသျှကိုလိုနီ လက်ထက်က ရာဇသတ်ကြီးပုဒ်မ ၃၇၇ (က) ဟာ အခုအထိ ထောင်ဒဏ်အပြစ်ပေးနိုင်တဲ့ ဥပဒေအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG