သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီနိုင်ငံသား ၄ထောင် နိုင်ငံရင်းပြန်ပို့မည်


အမေရိကန်ကနေ ပြန်ပို့လိုက်တဲ့ ဆိုမာလီနိုင်ငံသားများ
အမေရိကန်ကနေ ပြန်ပို့လိုက်တဲ့ ဆိုမာလီနိုင်ငံသားများ

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိ နေထိုင်နေတဲ့ ဆိုမားလီးယားနိုင်ငံသား ၄,၀၀၀ လောက်ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဦးစီးဌာနက နေရပ် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရှိရကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဆိုမားလီးယား သံအမတ်ကြီး Ahmed Isse Awad က ပြောပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ပြန်ပို့ဖို့ စီစဉ်နေတဲ့ ဆိုမားလီးယား နိုင်ငံသား ၄,၀၀၀ နီးပါးရှိတယ်ဆိုတာ လူဝင်မှု ကြီးကြပ်ရေးဌာနက တဆင့် သိရှိရကြောင်း၊ အဲဒီအထဲက အများစုဟာ ထိန်းသိမ်းရေးစခန်းထဲမှာ ရှိနေကြသူတွေ မဟုတ်ကြောင်း သံအမတ်ကြီး Awad က ဗွီအိုအေကို ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ ဆိုမားလီးယား သံရုံး ဝါရှင်တန် ဒီစီမြို့မှာ ပြန်ဖွင့်ပြီးကတည်းက အမေရိကန်မှာ ရွေ့ပြောင်း အခြေချနေထိုင်တဲ့ ဆိုမားလီးယား နိုင်ငံသား တွေထဲက ဥပဒေနဲ့ ငြိစွန်းသူတွေ၊ ခိုလှုံခွင့် လျှောက်ထားပြီး ပယ်ချခံထားရသူတွေ စုစုပေါင်း ၁၇၀ လောက်ကို မြို့တော် Mogadishu ကို ပြန်ပို့ခဲ့ပြီး ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အရင်က ပြန်ပို့ခံခဲ့ရသူ အများစုဟာ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက် ထားပြီး ပယ်ချခံခဲ့ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အခု ပြန်ပို့ဖို့ စီစဉ်ခံထားရပြီး ထိန်းသိမ်းရေး စခန်းတွေထဲမှာ ရောက်နေကြတဲ့ ဆိုမားလီးယား နိုင်ငံသား တွေကတော့ ခိုလှုံခွင့် လျှောက်ထားပြီး ပယ်ချခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG