သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိကရွေးကောက်ပွဲရလဒ် ညွန့်ပေါင်းအစိုးရဖွဲ့ရမည့်အခြေဆိုက်


South Africa Election
South Africa Election

တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲနောက်ဆုံးရလဒ်အရဆိုရင် ပါတီတရပ်ရပ်က အများစုအနိုင်ရတာမျိုးမရှိတဲ့အတွက် ပါတီတွေကြား ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး စတင်ဆွေးနွေးနေရပါတယ်။

တောင်အာဖရိကရဲ့ နုနယ်သေးတဲ့ဒီမိုကရေစီစနစ်အတွက် ပထမဦးဆုံး ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့စည်းနိုင်ရေးအတွက် မတူကွဲပြားမှုတွေ ဘေးထားပြီး ဘုံသဘောထားရှာကြဖို့ လက်ရှိသမ္မတ Cyril Ramaphosa က နိုင်ငံရေးပါတီတွေကို ချက်ခြင်းတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ မဲရလဒ် ၉၉ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ နှစ်ပေါင်း ၃၀ ကြာအောင် လူများစုထောက်ခံမှုရခဲ့တဲ့ သမ္မတ Ramaphsa ရဲ့ ANC အာဖရိကအမျိုးသားကွန်ဂရက်ဟာ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကို မကျော်နိုင်တော့ပါဘူး။

ပြီးခဲတဲ့သီတင်းပတ်က လုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာ နောက်ဆုံးမဲရေတွက်မှုအရ ANC ပါတီက ၄၀ ရာခိုင်နှုန်းလောက်ပဲ ထောက်ခံမဲရခဲ့ပါတယ်။ ဒါကြောင့် ANC ခေါင်း‌ဆောင် လက်ရှိသမ္မတ Ramaphosa ကို ဒုတိယသက်တမ်း ပြန်အရွေးခံရဖို့ဆိုရင် အခြားပါတီတခုခု ဒါမှမဟုတ် ပါတီတွေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ရမှာဖြစ်ပါတယ်။ သမ္မတ Ramaphsa ကတော့ လူထုရဲ့ ရွေးချယ်မှုဆန္ဒကို လေးစားလိုက်နာမယ်လို့ ပြောပါတယ်။

တချိန်တုန်းက အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေးခေါင်း‌ဆောင် Nelson Mandala ရဲ့ ANC ပါတီ ဟာ တောင်အာဖရိကနိုင်ငံကို လူဖြူအုပ်ချုပ်မှုအောက်ကနေ ၁၉၉၄ ခုနှစ်မှာ လွတ်မြောက်စေခဲ့ပြီး အဲဒီကာလကတည်းက တောက်လျှောက်ဆိုသလို လူများစုထောက်ခံမှုနဲ့ တောင်အာဖရိကနိုင်ငံကို အုပ်ချုပ်လာခဲ့တာပါ။

တောင်အာဖရိကရွေးကောက်ပွဲရလဒ် ညွန့်ပေါင်းအစိုးရဖွဲ့ရမည့်အခြေဆိုက်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG