သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက သမ္မတသစ် လွှတ်တော်ရွေးချယ်


တောင်အာဖရိက သမ္မတသစ်အဖြစ် အာဖရိက အမျိုးသား ကွန်ဂရက် (ANC) ပါတီခေါင်းဆောင် Cyril Ramaphosa ကို လွှတ်တော်က ဒီကနေ့ပဲ တရားဝင် ရွေးချယ်။
တောင်အာဖရိက သမ္မတသစ်အဖြစ် အာဖရိက အမျိုးသား ကွန်ဂရက် (ANC) ပါတီခေါင်းဆောင် Cyril Ramaphosa ကို လွှတ်တော်က ဒီကနေ့ပဲ တရားဝင် ရွေးချယ်။

တောင်အာဖရိက သမ္မတသစ်အဖြစ် အာဖရိက အမျိုးသားကွန်ဂရက် (ANC) ပါတီခေါင်းဆောင် Cyril Ramaphosa ကို လွှတ်တော်က ဒီကနေ့ပဲ တရားဝင် ရွေးချယ်တင်မြှောက် လိုက်ပါတယ်။ Cape Town မြို့တော်က လွှတ်တော်မှာ သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရသူ တဦးတည်းသာ ရှိတဲ့အတွက် မဲခွဲဆုံးဖြတ်စရာ မလိုဘဲ တင်မြှောက်လိုက်တာ ဖြစ်ကြောင်းလည်း တရားသူကြီးချုပ် Mogoeng Mogoeng က အခန်းအနားကို တက်ရောက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့တာပါ။

တရားသူကြီးချုပ်ရဲ့ ကြေညာချက်အပြီးမှာပဲ ANC ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ သီချင်းတွေဆိုပြီး ကခုန်အောင်ပွဲခံခဲ့ကြပါတယ်။ အာဏာရ ANC ပါတီ ခေါင်းဆောင်တွေက ရာထူးကထွက်ပေးဖို့ ဒီသီတင်းပတ်အစောပိုင်း ဖိအားပေး တောင်းဆိုခဲ့ပြီးနောက်မှာပဲ သမ္မတ Jacob Zuma ရာထူးက ချက်ခြင်း နှုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ သမ္မတသစ်ကို ရွေးချယ်ခဲ့ကြတာပါ။ အသက် ၇၅ နှစ် အရွယ် သမ္မတဟောင်း Zuma ကတော့ ၉ နှစ်ကြာ သမ္မတ သက်တမ်းအတွင်း စီးပွာေးရး ဖွံ့ဖြိုးမှုနှေးကွေးမှုတွေ၊ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ကြုံခဲ့ရပါတယ်။

သမ္မတသစ် Ramaphosa အနေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ အများအပြားရှိနေပြီး၊ တိုင်းပြည်မှာ စီးပွားရေး နှေးကွေးနေတာကို ပြန်လည် တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။ သမ္မတ Zuma ရာထူးက နှုတ်ထွက်သွားပြီး နောက်မှာပဲ တောင်အာဖရိကနိုင်ငံသုံး Rand ငွေဟာလည်း အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ၃ နှစ်အတွင်း အားအကောင်းဆုံး အဆင့်အထိ ရောက်ခဲ့တာပါ။

သမ္မတသစ် ဖြစ်လာသူ Ramaphosa ဟာ သမ္မတ Zuma အစိုးရရဲ့ ဒုသမ္မတအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သလို၊ ANC ပါတီ အကြီးအကဲအဖြစ် ဒီဇင်ဘာလထဲမှာပဲ တင်မြှောက်ခံထားရသူလည်း ဖြစ်ပါတယ်။ ဒီကနေ့ သမ္မတသစ် ရွေးချက်တင်မြှောက်တဲ့ အခန်းအနား မတိုင်ခင်မှာပဲ အတိုက်အခံ EFF ပါတီ ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်တဲ့အနေနဲ့ လွှတ်တော်ထဲက ထွက်သွားခဲ့ကြတာပါ။

အတိုက်အခံပါတီခေါင်းဆောင် Julius Malema ကတော့ သမ္မတသစ် တင်မြှောက်တာကို အသိအမှတ်မပြုလိုကြောင်း ပြောဆိုခဲ့သလို၊ လွှွတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG