သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ပင်လယ်ပြင်တိုင်းတာမှု တရုတ်သင်္ဘော ဝင်နှောက်


တရုတ်ကမ်းခြေစောင့်ရေတပ်သင်္ဘော (ယခင်မှတ်တမ်းဓာတ်ပုံ)
တရုတ်ကမ်းခြေစောင့်ရေတပ်သင်္ဘော (ယခင်မှတ်တမ်းဓာတ်ပုံ)

အင်ဒိုနီးရှားအစိုးရ စွမ်းအင်ကုမ္ပဏီ Pertamina ရဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ တိုင်းတာမှုတွေကို အနှောက်အယှက်ပေးခဲ့တဲ့ တရုတ်ကမ်းစောင့်တပ်သင်္ဘောတစင်းကို ဒုတိယအကြိမ်မြောက် မောင်းထုတ်ခဲ့ရတယ်လို့ အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

အင်ဒိုနီးရှားရဲ့ EEZ စီးပွါးရေးဇုံထဲမှာ တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောတွေကို အကြိမ်များစွာ တွေ့နေရတာဖြစ်ပြီး အခုဖြစ်ရပ်ကတော့ အင်ဒိုနီးရှားမှာ သမ္မတသစ် ပရာဘိုဝို စူဘီယန်နို (Subianto) တက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ကြုံလာရတာပါ။ တရုတ်က တောင်တရုတ်ပင်လယ်ပြင်တခုလုံးကို ပိုင်ဆိုင်တယ်လို့ ကြေညာထားပြီး သူ့သတ်မှတ်နယ်နိမိတ်ဟာ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ EEZ စီးပွါးရေးဇုံ တွေထဲမှာပါ ရောက်နေတာဖြစ်ပါတယ်။

တရုတ်ရဲ့ သတ်မှတ်ချက်ဟာ နိုင်ငံတကာဥပဒေနဲ့မကိုက်ညီဘူးလို့ The Hague နိုင်ငံတကာ ညှိနှိုင်းရေး တရားရုံးက ၂၀၁၆ မှာ ဆုံးဖြတ်ခဲ့ပေမယ့် တရုတ်က လက်မခံပါဘူး။

တနင်္လာနေ့က တရုတ်သင်္ဘောဟာ အင်ဒိုနီးရှားရေပိုင်နက်ထဲဝင်လာပေမယ့် ဒီရေပြင်ဟာ သူတို့ရေပြင် ဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ အင်ဒိုနီးရှားရေကြောင်း လုံခြုံရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒီဖြစ်ရပ်အတွက် တရုတ်နိုင်ငံခြားရေးဌာနက တစုံတရာ မတုံ့ပြန်သေးပါဘူး။ တရုတ်သင်္ဘောဟာ အဲဒီနေ့က ပြန်လှည့်သွားပေမယ့် ကြာသပတေးနေ့မှာ ပြန်ရောက်လာတာကြောင့် နှင်ထုတ်ခဲ့ရတယ်လို့လည်း အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးဌာနက ပြောပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ်ပြင်ထဲ သူ့ကမ်းရိုးတန်းစောင့်သင်္ဘောတွေ စေလွှတ်လေ့ရှိပြီး ဒီပင်လယ်ပြင်ထဲက အိမ်နီးချင်းတွေကတော့ သူတို့ရဲ့ စွမ်းအင်နဲ့ ငါးလုပ်ငန်းတွေကို တရုတ်သင်္ဘောတွေက ရန်မူဖို့ ကြိုးစားလေ့ရှိတယ်လို့ ပြောနေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG