စွပ်စွဲ ပြစ်တင်ခံထားရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ် (Yoon Suk Yeol) ပြောသလိုမဟုတ်ဘဲ ရွေးကောက်ပွဲက ရိုးသား ဖြောင့်မတ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင် (NEC) က ကာကွယ်ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲ မဲတွေကို မရိုးမသားလုပ်တာတွေ ရှိတဲ့အတွက် ဒီဇင်ဘာလ ၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရတာဖြစ်တယ်လို့ ယွန်းဆွတ်ခ် ယိုးလ်က ဖွဲ့စည်းပုံခုံရုံးကို ပြောခဲ့တာနဲ့ ပတ်သက်လို့ NEC အတွင်းရေးမှူးချုပ် ကင်ယောင်ဘင် (Kim Yong-bin) က ခုံရုံးမှာ အင်္ဂါနေ့က ခုလို ထွက်ဆိုခဲ့တာပါ။
NEC ရဲ့ ကွန်ပျူတာ ဆာဗာတွေမှာ အားနည်းချက်တွေကို အမျိုးသား ထောက်လှမ်းရေးဌာနက ၂၀၂၃ စုံစမ်းစစ်ဆေးစဥ် တွေ့ခဲ့ပေမဲ့ သူတို့တွေ့ရှိချက်က ကွန်ပျူတာ လုံခြုံရေးနဲ့သာ ပတ်သက်ပြီး မဲမသမာမှုကို တွေ့ခဲ့တာမဟုတ်ဘူးလို့ အဲဒီဌာန အရာရှိဟောင်း ဘတ်ဂျုံဝုခ် (Baek Jong-wook) က ပြောပါတယ်။
မဲမသမာမှုနဲ့ ပတ်သက်လို့ အငြင်းဆက်ပွါးနေတာ စိတ်မကောင်းစရာပဲလို့ NEC အတွင်းရေးမှူးချုပ် ကင်ယောင်ဘင်က ဆိုပါတယ်။
ယွန်းကို ထောက်ခံသူတွေက အမေရိကန်သမ္မတ ထရမ့်ကို ထောက်ခံသူတွေရဲ့ ကြွေးကြော်သံဖြစ်တဲ့ မဲခိုးတာရပ် ဆိုတဲ့ ကြွေးကြော်သံတွေကိုင်ပြီး ဆန္ဒပြကြပါတယ်။ ယွန်းကိုကူညီဖို့ ထရမ့်ကို ယွန်းထောက်ခံသူတွေက မျှော်လင့်နေကြတယ်လို့ ရိုက်တာသတင်းက ပြောပါတယ်။
Forum