သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသစစ်မျက်နှာအတွက် ကန်စစ်တပ်ဖွဲ့သစ် ထူထောင်မည်


အာကာသ “စစ်မြေပြင်သစ်မှာ ပေါ်ထွက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက်” အာကာသတပ်ဖွဲ့တခုကို ၂၀၂၀ ပြည့်နှစ်မှာ ထူထောင်ရေး ပန်တဂွန်စစ်ဌာနချုပ်အနေနဲ့ လုပ်ဆောင်နေပြီလို့ ဒုတိယသမ္မတ Mike Pence ကပြောပါတယ်။

“နောင်ပေါ်ထွန်းလာမယ့် စစ်ပွဲအတွက် ပြင်ဆင်ရေး ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့များရဲ့ သမိုင်းမှာ ကြီးမားတဲ့ အခန်းကဏ္ဍ သစ်ကို ဖွင့်လှစ်ဖို့ အချိန်ရောက်ပါပြီ။ အမေရိကန်ပြည်ထောင်စု အာကာသတပ်ဖွဲ့ကို ထူထောင်ဖို့ အချိန်ရောက်ပါပြီ” လို့ ပန်တဂွန် စစ်ဌာနချုပ်မှာ ကြာသပတေးနေ့ကပြောတဲ့ မိန့်ခွန်းထဲမှာ ဒုသမ္မတ Pence ကပြောသွားပါတယ်။

အာကာသမှာ အမေရိကန် အခိုင်အမာ လွှမ်းမိုးထားနိုင်ဖို့ လိုအပ်တယ်လို့ သမ္မတထရမ့်ပ်ကဆိုပြီး အာကာသတပ်ဖွဲ့တဖွဲ့ကို စစ်ဘက်တပ်ဖွဲ့ခွဲတဖွဲ့အဖြစ် ဖွဲ့စည်းဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ထပ်ခါတလဲလဲ ပြောထားပါတယ်။

ကြာသပတေးနေ့မှာတော့ အာကာသပိုင်း လုပ်ဆောင်ချက်ဆိုင်ရာ အပြောင်းအလဲတွေကို အသေးစိတ်ဖော်ပြထားတဲ့ အစီရင်ခံစာ တစောင်ကို ပန်တဂွန်စစ်ဌာနချုပ်က ကွန်ဂရက်လွှတ်တော်ကို ကြာသပတေးနေ့က တင်သွင်းပါတယ်။

အာကာသတပ်ဖွဲ့တဖွဲ့ ထူထောင်ပြီးစီးချိန်ထိ စစ်ဘက်ဌာနခွဲအမျိုးမျိုးမှာရှိနေတဲ့ အာကာသ လုပ်ငန်းများဆိုင်ရာ တပ်ဖွဲ့တွေကို ကြီးကြပ်မယ့် အာကာသ ကွပ်ကဲမှုစစ်ဌာနချုပ်ကို ဖွဲ့စည်းမယ့် အစီအစဉ်အသေးစိတ်ကို အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ စစ်ဘက်တပ်ဖွဲ့ခွဲ အသစ်တခု ထူထောင်ရေးနဲ့ပတ်သက်ပြီး အတည်ပြုနိုင်တဲ့ အခွင့်အာဏာဟာ ကွန်ဂရက်လွှတ်တော်မှာပဲ ရှိပါတယ်။

အာကာသစစ်မျက်နှာအတွက် ကန်စစ်တပ်ဖွဲ့သစ် ထူထောင်မည်
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG