သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ သမ္မတရွေးကောက်ပွဲ မာ့က်စ်ဝါဒီ Dissanayake အနိုင်ရ


သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ မာ့က်စ်ဝါဒီလွှတ်တော်အမတ် Anura Kumara Dissanayake (စက်တင်ဘာ ၂၂၊ ၂၀၂၄)
သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ မာ့က်စ်ဝါဒီလွှတ်တော်အမတ် Anura Kumara Dissanayake (စက်တင်ဘာ ၂၂၊ ၂၀၂၄)

သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာတော့ မာ့က်စ်ဝါဒီ လွှတ်တော်အမတ် Anura Kumar Dissanayake က အနိုင်ရသွားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ် နိုင်ငံ့စီးပွားရေးပြိုလဲခဲ့တာကြောင့် ပြုပြင်ပြောင်းလဲမှုတွေ လိုလားနေကြချိန်မှာပဲ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားမယ်ဆိုပြီး Dissanayake က ရွေးကောက်ပွဲကတိကဝတ်ပြုခဲ့ပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ အုပ်ချုပ်လာတဲ့ နိုင်ငံရေးပါတီကြီးတွေကို အခု သမ္မတရွေးကောက်ပွဲရလဒ်က ပယ်ချလိုက်တာကြောင့် သီရိလင်္ကာနိုင်ငံမှာ ကြီးမားတဲ့နိုင်ငံရေးပြောင်းလဲမှု ကြုံလာရပြီလို့ ပြောရမှာပါ။ အလုပ်သမားလူတန်းစားဘက်က ရပ်တည်တယ်လို့ သိကြတဲ့ Dissanayake ဟာ အသက် ၅၅ နှစ်ရှိပြီး လက်ဝဲယိမ်း အမျိုးသားပြည်သူအာဏာပါတီကိုဦးဆောင်သူဖြစ်ပါယ်။ သူ့ကိုယ်ပိုင်ပါတီ JVP ဟာ တချိန်က အစွန်းရောက်အဖွဲ့တခုဖြစ်ပြီး ၂၂၅ နေရာရှိတဲ့လွှတ်တော်မှာ သုံးနေရာပဲ ရထားတာပါ။

သီရိလင်္ကာနိုင်ငံရဲ့ အဓိကနိုင်ငံရေးပါတီကြီးတွေအပေါ် စိတ်ပျက်လာကြတာတဲ့အတွက် Dissanayake ထိပ်ကိုရောက်ဖို့ဖြစ်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။အခုအောင်ပွဲဟာ အားလုံးအတွက်ဖြစ်ပြီး သီရိလင်္ကာနိုင်ငံသမိုင်းကို ပြန်ရေးကြစို့ ဆိုပြီး Dissanayake က X လူမှုမီဒီယာမှာရေးပါတယ်။ သူ့အတွက်တော့ နေရာမဟုတ်ဘဲ တာဝန်တရပ်ဖြစ်တယ်လို့လည်း သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ပထမအကျော့ သမ္မတရွေးကောက်ပွဲမှာတော့ကိုယ်စားလှယ်လောင်းသုံးဦးစလုံးက မဲ ၅၀ ရာခိုင်နှုန်းကျော်မရတဲ့အတွက် ဒုတိယအကျော့ ထပ်မံယှဉ်ပြိုင်ပြီး သူအနိုင်ရလာတာပါ။ သူ့ မဟာမိတ်ညွန့်ပေါင်းအဖွဲ့ထဲမှာတော့ နိုင်ငံရေးပါတီတွေ၊ လူငယ်အဖွဲ့တွေ၊ အရပ်ဖက်လူမှုအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ အလုပ်သမားသမဂ္ဂတွေ ပါဝင်ကြပါတယ်။

သီရိလင်္ကာ သမ္မတရွေးကောက်ပွဲ မာ့က်စ်ဝါဒီ Dissanayake အနိုင်ရ
 
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG