သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက် ၁၀၀ ပြည့် သီရိလင်္ကာ ဆန္ဒပြ လှုပ်ရှားမှု


SRI LANKA-PROTESTAS
SRI LANKA-PROTESTAS

စီးပွားရေးကျဆင်းပြီး ငွေကြေး အကြပ်အတည်းကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတနုတ်ထွက်ပေးဖို့ တောင်းဆိုကြတဲ့ ပြည်သူတွေရဲ့  ဆန္ဒပြမှုတွေ တနင်္ဂနွေနေ့မှာ ရက် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး သူတို့ တောင်းဆိုမှုကြောင့် သမ္မတ Gotabaya Rajapaksa နုတ်ထွက်သွားပြီ ဖြစ်သလို နောက် သမ္မတသစ်ကို ရွေးချယ်ဖို့ပါ လုပ်နေပါတယ်။

ရက် ၁၀၀ ပြည့် သီရိလကာၤ ဆန္ဒပြ လှုပ်ရှားမှု

{{Zawgyi/Unicode}}
စီးပွားရေးကျဆင်းပြီး ငွေကြေး အကြပ်အတည်းကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတနုတ်ထွက်ပေးဖို့ တောင်းဆိုကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ တနင်္ဂနွေနေ့မှာ ရက် ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး သူတို့ တောင်းဆိုမှုကြောင့် သမ္မတ Gotabaya Rajapaksa နုတ်ထွက်သွားပြီ ဖြစ်သလို နောက် သမ္မတသစ်ကို ရွေးချယ်ဖို့ပါ လုပ်နေပါတယ်။

"သီရိလင်္ကာဟာ သိပ်လှပတဲ့ နိုင်ငံပါ။ ဒါကြောင့် ကျမတို့ရဲ့ ဒီနိုင်ငံကိုရော ပြည်သူကိုပါ အကာကွယ်ပေးနိုင်တဲ့ ပိုကောင်းအောင် လုပ်နိုင်တဲ့ သမ္မတမျိုးကို အခု ကျမတို့ လိုနေတာပါ” လို့ သီရိလင်္ကာ တောင်ပိုင်း ကမ်းရိုးတန်းဒေသကနေ လာရောက်ဆန္ဒပြတဲ့ ကျောင်းဆရာမကလေးက ပြောသွားတာပါ။

လူဦးရေ ၂၂ သန်းနေထိုင်တဲ့ သီရိလင်္ကာနိုင်ငံမှာ မနှစ်ကစပြီး စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ကြုံလာရသလို ငွေကြေးအကြပ်အတည်းပါ ဆိုက်လာတာဟာ နိုင်ငံကို အုပ်ချုပ်နေတဲ့ Rajapaksa မျိုးနွယ်တွေကြောင့်လို့ ပြည်သူတွေက ယုံကြည်ပြီး သမ္မတနုတ်ထွက်ပေးဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ လူမျိုးစုပြဿနာကြီးမားတဲ့ နိုင်ငံမှာ အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် Sinhalese တွေနဲ့ လူနည်းစု တမီလ်ရော မူစလင်တွေပါ ပါဝင်လာဖို့ ဖေ့စ်ဘုတ်၊ တွစ်တာနဲ့ TikTok လို လူမှုကွန်ယက်တွေနဲ့ ဆက်သွယ်စည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။

ဧပြီလ ၉ ရက်နေ့က ၂ ရက်ကြာ ဆန္ဒပြပွဲအဖြစ် စတင်ချိန်က သမ္မတရုံးရှေ့မှာ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေ စခန်းချခဲ့တာ ဖြစ်ပြီး စည်းရုံးလှုပ်ရှားသူတွေ တွက်ထားတာထက် အဆမတန်များနေတာကြောင့် ဆက်လက် ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ သမ္မတနန်းတော်ထဲ ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့က သမ္မတ Gotabaya Rajapaksa နုတ်ထွက်ပေးခဲ့ရတာပါ။

လက်ရှိမှာတော့ သီရိလင်္ကာဖွဲ့စည်းပုံ ဥပဒေအရ နုတ်ထွက်သွားတဲ့ သမ္မတနေရာမှာ ဝန်ကြီးချုပ် Ranil Wickremesinghe က အလိုအလျှောက် သမ္မတတာဝန်ကို ဆက်ယူနေရတာဖြစ်ပါတယ်။ သမ္မတသစ်အတွက် အမည်စာရင်းတင်သွင်းမှုကို အင်္ဂါနေ့ပြုလုပ်မှာ ဖြစ်ပြီး သမ္မတလောင်း တဦးထက်ပိုရင်တော့ လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ မဲခွဲရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

........................................................

ရကျ ၁၀၀ ပွည့ျ သီရိလကာၤ ဆန်ဒပွ လှုပျရှားမှု

{{Zawgyi/Unicode}}





XS
SM
MD
LG