သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေအရင်းအမြစ် အသုံးချရေး


In this photo taken on April 21, 2012, local residents line up to fetch drinking water from a lake in Rangoon, Burma. (AP Photo)
In this photo taken on April 21, 2012, local residents line up to fetch drinking water from a lake in Rangoon, Burma. (AP Photo)
လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတွင်း နက်နေတာနဲ့ ကျန်းမာရေး ညံ့ဖျင်းနေတာဟာ အခြေခံ လူထုဝန်ဆောင်မှု လုပ်ငန်းတွေ တိုးတက်အောင် လုပ်ဖို့ လိုအပ်တာကို ပြနေတယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ မြို့ပြဖွံ့ဖြိုးရေးနဲ့ သောက်သုံးရေဌာနက Rudolf Frauenderfer ဦးဆောင်တဲ့ အဖွဲ့ရဲ့ ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီအထဲမှာ လုူဦးရေ ၄သန်းခွဲကျော်ရှိတဲ့ ရန်ကုန်မြို့ကြီးအတွက် သန့်စင်တဲ့ ရေပေးဝေနိုင်တဲ့ ပမာဏဟာ ရာနှုံး နဲနဲပဲ ရှိတဲ့ အပြင် အချိန်ပိုင်းနဲ့ပဲ ပေးဝေနိုင်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် သောက်သုံးရေဟာ သန့်စင်မှု မရှိဘူးလို့ ဆိုပါတယ်။
မြူနီစပယ်က ပေးဝေတဲ့ ရေကို ရန်ကုန်လူထု ထက်ဝက်နီးပါးပဲ ရသလို ပေးဝေတဲ့ ရေတွေထဲက ရာနှုံး ၄၀ နဲ့ အထက်ဟာ လမ်းမှာတင် ယိုဖိတ်တာတွေ၊ မီတာ ခိုးသုံးတာတွေကြောင့် ပျောက်ဆုံးရတဲ့ အပြင် နောက်ပိုင်း အခြေချ နေထိုင်သူတွေ အများအပြား ရှိနေတဲ့ ဆင်ခြေဖုံး နေရာတွေ အတွက် လုံးဝရေမပေးဝေနိုင်ဘူးလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ဒလလို မြို့နယ်မှာ နွေပေါက်တာနဲ့ သောက်ရေသန့် ရဖို့ အခက်အခဲတွေနဲ့ ကြုံနေရတာဟာ အခုလို ရေမဝေနိုင်လို့ ဖြစ်သလို အဆင့်မှီတဲ့ မြေအောက်ရေ လည်း ကောင်းကောင်း မရတာကြောင့်လို့ ရေအရင်းအမြစ် အင်ဂျင်နီယာ ဦးအောင်ဆွေက ပြောပါတယ်။

ရေပြဿ နာ ပြေလည်စေဖို့အတွက် စီမံကိန်းတွေနဲ့ စံနစ်တကျ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေကာတာတွေ တည်ဆောက်တဲ့ နေရာမှာ သောက်သုံးရေအတွက်ပါ ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ပြီး တချိန်ထဲမှာပဲ စိုက်ပျိုးရေးအတွက်နဲ့ ရေအားလျှပ်စစ်အတွက် တင်မကပဲ မြစ်ကြောင်းထိမ်းသိမ်းရေးတွေ အတွက်ပါ ထည့်သွင်းစဉ်းစား ရမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အနာဂါတ် ရေဖူလုံရေးအတွက် ဌာနတွေ အားလုံး စုပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း သတိပေးပါတယ်။
XS
SM
MD
LG