သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်အရေး တရုတ်သံအမတ်ကို အမေရိကန်ဆင့်ခေါ် သတိပေး


တရုတ်သံအမတ်ကြီး Cui Tiankai
တရုတ်သံအမတ်ကြီး Cui Tiankai

(Zawgyi/Unicode)

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး ယူလာတာ ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်တဲ့အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်သံအမတ်ကြီးကို သောကြာနေ့က ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။

တရုတ်သံအမတ်ကြီး Cui Tiankai ကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး David Stilwell က ပြင်းပြင်းထန်ထန် သတိပေး ပြောဆိုခဲ့သလို၊ တရုတ်သံအမတ်ကြီးကလည်း အပြင်းအထန် ခုခံကာကွယ်ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုခဲ့တာပါ။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ပျံ့နှံ့မှုတွေ စတင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ကာကွယ်ဖို့ တရုတ်နိုင်ငံက ကြိုးစားနေတာသာဖြစ်ပြီး ကမ္ဘာကို အမှန်အတိုင်းမပြေခဲ့ကြောင်းလည်း အမည်မဖော်လိုသူ အရာရှိကပြောပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ခဲ့ရာ ဟူဘေးပြည်နယ် ဝူဟန်မြို့ကို အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး ယူလာတာ ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူတဦးဖြစ်တဲ့ Zhao Lijian က ကြာသပတေးနေ့မှာပဲ Twitter လူမှုကွန်ရက်ကနေ ပြောဆိုလိုက်ပြီးနောက်မှာပဲ အမေရိကန်က တရားဝင်ကန့်ကွက်လိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကတော့ မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေတာဟာ အန္တရာယ်များပြီး အဓိပ္ပာယ်မဲ့ကြောင်း၊ပြောခဲ့တာကို သည်းခံမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အမေရိကန်သမ္မတ Donald Trump ရဲ့ ဒီသီတင်းပတ်ထဲ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ တရုတ်နိုင်ငံကလာတဲ့ ဗိုင်းရပ်စ်ပိုးအဖြစ် ပြောဆိုခဲ့တာပါ။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Robert O'Brien ကလည်း ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေး တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေ နှေးကွေးခဲ့တဲ့အတွက် ကမ္ဘာကြီးမှာ ၂ လလောက် ဆုံးရှုံးနစ်နာခဲ့ရကြောင်း မကြာသေးခင်ကပဲ မှတ်ချက်ပေး ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အရေး တရုတ်သံအမတ်ကို အမေရိကန်ဆင့်ခေါ် သတိပေး
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်


..................


(Unicode)







XS
SM
MD
LG