(Zawgyi/Unicode)
တ႐ုတ္သံအမတ္ႀကီး Cui Tiankai ကုိ အေမရိကန္ လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီး David Stilwell က ျပင္းျပင္းထန္ထန္ သတိေပး ေျပာဆုိခဲ့သလုိ၊ တ႐ုတ္သံအမတ္ႀကီးကလည္း အျပင္းအထန္ ခုခံကာကြယ္ေျပာဆုိခဲ့ေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီးဌာန တာ၀န္ရွိသူတဦးက ေျပာဆုိခဲ့တာပါ။
ကမာၻ႔ကပ္ေရာဂါအျဖစ္ ပ်ံ႕ႏွံ႔မႈေတြ စတင္ခဲ့တဲ့အေပၚ ေ၀ဖန္မႈေတြကုိ ကာကြယ္ဖုိ႔ တ႐ုတ္ႏုိင္ငံက ႀကိဳးစားေနတာသာျဖစ္ၿပီး ကမာၻကုိ အမွန္အတုိင္းမေျပခဲ့ေၾကာင္းလည္း အမည္မေဖာ္လုိသူ အရာရွိကေျပာပါတယ္။
ႏုိင္ငံျခားေရး၀န္ႀကီးဌာန အရာရွိကေတာ့ မဟုတ္မမွန္သတင္းေတြ ျဖန္႔ေ၀တာဟာ အႏၱရာယ္မ်ားၿပီး အဓိပၸာယ္မဲ့ေၾကာင္း၊ေျပာခဲ့တာကုိ သည္းခံမွာ မဟုတ္ေၾကာင္းလည္း ေျပာပါတယ္။ အေမရိကန္သမၼတ Donald Trump ရဲ႕ ဒီသီတင္းပတ္ထဲ ေျပာၾကားခဲ့တဲ့ မိန္႔ခြန္းမွာေတာ့ တ႐ုတ္ႏုိင္ငံကလာတဲ့ ဗုိင္းရပ္စ္ပုိးအျဖစ္ ေျပာဆုိခဲ့တာပါ။
အေမရိကန္ အမ်ဳိးသားလုံၿခံဳေရး အႀကံေပးအရာရွိ Robert O'Brien ကလည္း ဗုိင္းရပ္စ္ပုိး တုိက္ဖ်က္ေရး တ႐ုတ္ႏုိင္ငံရဲ႕ ေဆာင္ရြက္ခ်က္ေတြ ေႏွးေကြးခဲ့တဲ့အတြက္ ကမာၻႀကီးမွာ ၂ လေလာက္ ဆုံး႐ႈံးနစ္နာခဲ့ရေၾကာင္း မၾကာေသးခင္ကပဲ မွတ္ခ်က္ေပး ေျပာဆုိထားတာလည္း ျဖစ္ပါတယ္။
..................
ကိုရိုနာဗိုင်းရပ်စ်အရေး တရုတ်သံအမတ်ကို အမေရိကန်ဆင့်ခေါ် သတိပေး
(Unicode)
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်ပိုး ယူလာတာ ဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလိုက်တဲ့အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်သံအမတ်ကြီးကို သောကြာနေ့က ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။
တရုတ်သံအမတ်ကြီး Cui Tiankai ကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး David Stilwell က ပြင်းပြင်းထန်ထန် သတိပေး ပြောဆိုခဲ့သလို၊ တရုတ်သံအမတ်ကြီးကလည်း အပြင်းအထန် ခုခံကာကွယ်ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုခဲ့တာပါ။
ကမ္ဘာ့ကပ်ရောဂါအဖြစ် ပျံ့နှံ့မှုတွေ စတင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ကာကွယ်ဖို့ တရုတ်နိုင်ငံက ကြိုးစားနေတာသာဖြစ်ပြီး ကမ္ဘာကို အမှန်အတိုင်းမပြေခဲ့ကြောင်းလည်း အမည်မဖော်လိုသူ အရာရှိကပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကတော့ မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေတာဟာ အန္တရာယ်များပြီး အဓိပ္ပာယ်မဲ့ကြောင်း၊ပြောခဲ့တာကို သည်းခံမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အမေရိကန်သမ္မတ Donald Trump ရဲ့ ဒီသီတင်းပတ်ထဲ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ တရုတ်နိုင်ငံကလာတဲ့ ဗိုင်းရပ်စ်ပိုးအဖြစ် ပြောဆိုခဲ့တာပါ။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Robert O'Brien ကလည်း ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေး တရုတ်နိုင်ငံရဲ့ ဆောင်ရွက်ချက်တွေ နှေးကွေးခဲ့တဲ့အတွက် ကမ္ဘာကြီးမှာ ၂ လလောက် ဆုံးရှုံးနစ်နာခဲ့ရကြောင်း မကြာသေးခင်ကပဲ မှတ်ချက်ပေး ပြောဆိုထားတာလည်း ဖြစ်ပါတယ်။