သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုအစီရင်ခံစာ ကန်နိုင်ငံခြားရေးထုတ်ပြန်၊ အဆိုးဆုံးအဆင့်မှာ မြန်မာပါဝင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken လူကုန်ကူးမှုအစီရင်ခံစာထုတ်လွှတ်ချိန်မှာ မိန့်ခွန်းပြောကြားနေစဥ်။ (ဇွန် ၂၄၊ ၂၀၂၄/ရိုက်တာ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken လူကုန်ကူးမှုအစီရင်ခံစာထုတ်လွှတ်ချိန်မှာ မိန့်ခွန်းပြောကြားနေစဥ်။ (ဇွန် ၂၄၊ ၂၀၂၄/ရိုက်တာ)

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၄ ခုနှစ် နှစ်စဉ် နိုင်ငံတကာလူကုန်ကူးမှုအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို အဆိုးဆုံးအဆင့် Tier 3 မှာ ဆက်ပြီး သတ်မှတ်ထားသလို လူကုန်ကူးမှုတွေမှာ အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်တဲ့ နိုင်ငံ ၁၃ နိုင်ငံစာရင်းမှာပါ ထည့်သွင်းထားပါတယ်။

“ဥပမာတခုပြပါရစေ၊ အလုပ်ကောင်းကောင်းရမယ်ဆိုပြီး လူတွေကို လူကုန်ကူးသူတွေက လိမ်ညာခေါ်ယူပါတယ်၊ သူတို့ဖုံးတွေကို သိမ်း၊ မြန်မာနိုင်ငံထဲ လုံခြုံရေးထူထူထပ်ထပ်နဲ့ ပိတ်ဆို့ထားတဲ့ ခြံဝန်းတွေထဲကို ခေါ်ယူသွားခံရပါတယ်။ အဲဒီမှာ သူတို့ကို အွန်လိုင်းပေါ်ကနေ တခြားသူတွေကို ငွေကြေးလိမ်လည်တာတွေ လုပ်စေပါတယ်။ ငွေကြေးလိမ်လည်ခံရတဲ့အထဲမှာ အမေရိကန်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ၂၀၂၄ အစီရင်ခံစာထုတ်ပြန်တဲ့ မိန့်ခွန်းအတွင်း ပြောသွားတာပါ။ လူကုန်ကူးမှုတွေ အကြီးအကျယ်ဖြစ်နေတဲ့ အွန်လိုင်းလိမ်ညာလုပ်ငန်းတွေ နိုင်ငံတွင်း ကျယ်ပြန့်လာတာကို စစ်ကောင်စီက ထိထိရောက်ရောက်မနှိမ်နင်းနိုင်တာကို ဒီ အစီရင်ခံစာအတွင်း ထောက်ပြထားပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ကလေးစစ်သား စုဆောင်းအသုံးပြုတာ၊ အတင်းအဓမ္မလုပ်အားခိုင်းစေမှု ပုံစံတွေ ဆက်အသုံးပြုနေတွေ ရှိတယ်လို့ အစီရင်ခံစာမှာထောက်ပြထားပါတယ်။ မြန်မာစစ်ကောင်စီအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေ သိသိသာသာဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုပေမယ့်၊ လူကုန်ကူးမှုတွေကို စုံစမ်းဖော်ထုတ်အရေးယူတာတွေတော့ ရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖို့ အခြေခံ သတ်မှတ်ချက်ကိုတောင် ပြည့်မှီအောင် မလုပ်နိုင်လို့ဆိုပြီး နှစ်စဉ်အစီရင်ခံစာတွေထဲ လူကုန်ကူးမှုကမ္ဘာ့အဆိုးဆုံးအဆင့်ကို ၂၀၀၈ ခုနှစ်ကတည်းက ထည့်သွင်းခံခဲ့ရတာပါ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ တရားမျှတရေးပိုင်းထက် ဒီမိုကရေစီအင်အားစုတွေကို နှိမ်နင်းရေးကို ပိုအားစိုက်လာတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးတွေ သိသိသာသာ ကျဆင်းသွားတယ်လို့လည်းဖော်ပြပါတယ်။

စစ်တပ်ရဲ့ဖိနှိပ်မှုတွေ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် ဒေသခံတွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးကြရပြီး လူကုန်ကူးခံရမှု အန္တရာယ်တွေ ရင်ဆိုင်ကြရတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒါ့အပြင် လူကုန်ကူးမှုတွေ အကြီးအကျယ်ဖြစ်နေတဲ့ အွန်လိုင်းလိမ်ညာလုပ်ငန်းတွေ နိုင်ငံတွင်း ကျယ်ပြန့်လာတာကို စစ်ကောင်စီက ထိထိရောက်ရောက်မနှိမ်နင်းနိုင်တာကိုလည်း‌ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG