သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေး လူကုန်ကူးမှုအစီရင်ခံစာ မြန်မာ အဆိုးဆုံးအဆင့်ရှိနေဆဲ


myanmar human trafficking
myanmar human trafficking

ကန်နိုင်ငံခြားရေး လူကုန်ကူးမှုအစီရင်ခံစာ မြန်မာ အဆိုးဆုံးအဆင့်ရှိနေဆဲ

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၃ ခုနှစ် နှစ်စဉ် နိုင်ငံတကာ လူကုန်ကူးမှုအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို အဆုံးဆိုးအဆင့် Tier 3 မှာ ဆက်ပြီး ထည့်ထားပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖို့ အခြေခံ စံသတ်မှတ်ချက်ကိုတောင် ပြည့်မှီအောင် မဆောင်ရွက်နိုင်ဘူးဆိုပြီး မြန်မာနိုင်ငံကို လူကုန်ကူးမှု ကမ္ဘ့ာအဆိုးဆုံးအဆင့်မှာ ၂၀၁၈ ခုနှစ်ကတည်းက ထည့်သွင်းထားတာပါ။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီဟာ ကလေးစစ်သား အသုံးပြုမှုကိုရော အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှု ပုံစံကိုပါ ဆက်အသုံးပြုနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးအစီရင်ခံစာမှာ ထောက်ပြခဲ့ပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးကို ထိထိရောက်ရောက် မလုပ်ခဲ့ပေမယ့်လည်း၊ စစ်ကောင်စီဟာ လူကုန်ကူးမှုအချို့ကို စုံစမ်းအရေးယူတာမျိုးတော့ ရှိခဲ့တယ်လို့လည်း ဒီအစီရင်ခံစာမှာ အသိအမှတ်ပြုထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်မှာ လူကုန်ကူးမှုတားဆီးရေးဥပဒေကို ပြဌာန်းခဲ့ရာမှာ၊ ကလေးသူငယ်တွေကို လိင်ကုန်ကူးမှုအပေါ် ဥပဒေအရ ကန့်သတ် တင်းကြပ်မှုတွေလုပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံရေးအတိုက်အခံတွေကိုဖိနှိပ်ဖို့ ပိုပြီး အလေးထား လုပ်ကိုင်နေတာကြောင့်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေ သိသိသာသာ ကျဆင်းသွားတယ်လို့လည်း ဖော်ပြပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးအတိုက်အခံတွေ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ အခြားလူနည်းစု လူမျိုး ဘာသာရေး အုပ်စုတွေကို နှိပ်ကွပ်နေတာတွေဟာ လူကုန်ကူးမှုအန္တရာယ် ပိုဖြစ်စေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG