သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ ၂၄ နာရီ အပစ်အခတ်ရပ်စဲ


FILE - Smoke rises over Khartoum, Sudan, June 8, 2023, as fighting between the Sudanese army and paramilitary Rapid Support Forces continues. A 24-hour cease-fire was to begin June 10.
FILE - Smoke rises over Khartoum, Sudan, June 8, 2023, as fighting between the Sudanese army and paramilitary Rapid Support Forces continues. A 24-hour cease-fire was to begin June 10.

ဆူဒန်နိုင်ငံမှာ စစ်တပ်အကြီးအကဲ Fattah al-Burhan နဲ့ ပြိုင်ဘက်ဖြစ်တဲ့ သူ့လက်ထောက်ဟောင်း RSF တပ်ဖွဲ့ ခေါင်းဆောင် Mohamed Hamdan Da တို့ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွက် ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲ ရေးကို စနေနေ့မနက် ဒေသစံတော်ချိန် ၆ နာရီမှာ စတင်လိုက်ပါတယ်။

ဆူဒန်မှာ ၂၄ နာရီ အပစ်အခတ်ရပ်စဲ

ဆူဒန်နိုင်ငံမှာ စစ်တပ်အကြီးအကဲ Fattah al-Burhan နဲ့ ပြိုင်ဘက်ဖြစ်တဲ့ သူ့လက်ထောက်ဟောင်း RSF တပ်ဖွဲ့ ခေါင်းဆောင် Mohamed Hamdan Da တို့ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွက် ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲ ရေးကို စနေနေ့မနက် ဒေသစံတော်ချိန် ၆ နာရီမှာ စတင်လိုက်ပါတယ်။
မေလလယ်မှာစပြီး ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေအတွက် အပစ်အခတ်ရပ်စဲရေး အကြိမ်ကြိမ်ကြေညာခဲ့ပေမယ့် ၂၄ နာရီ မပြည့်ခင်မှာပဲပျက်ခဲ့တဲ့အတွက် အခုတကြိမ်မှာလည်း ရေရှည်ခိုင်မြဲမှုရှိမရှိ အများကစောင့်ကြည့်နေကြတာပါ။
၂ ဘက်အပစ်အခတ် ရပ်စဲဖို့ ကြားဝင်ညှိနှိုင်းပေးနေတဲ့ အမေရိကန်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေကတော့ အခုစနေနေ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားခဲ့ရင် သူတို့ဆက်ပြီးကြားဝင်ဖြန်ဖြေပေးတော့မှာ မဟုတ်ဖူးလို့သတိပေးထားပါတယ်။
ဒေသခံတွေကတော့ တရက်လောက်အပစ်အခတ်ရပ်စဲတာထက် တိုက်ပွဲတွေအဆုံးသတ်သွားစေချင်ကြတာပါ။ အခုလို အပစ်အခတ်ရပ်စဲမှု စတင်တာနဲ့လူသားစာနာမှု အကူညီတွေပေးဖို့အခွင့်အလန်းရလာတာဖြစ်ပါတယ်။
ဆူဒန်မှာပြိုင်ဘက် စစ်ဗိုလ်ချုပ်ကြီး ၂ ဦးကြား မေလလယ်ကစပြီး မြို့တော် Khartoum နဲ့ အနီးတဝိုက် တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး နောက်ပိုင်းမှာတနိုင်ငံလုံးကို ပြန့်သွားတာဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် သေဆုံးရသူက ၂၀၀၀ နီးပါးရှိနေပြီဖြစ်ပြီး အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူက ၂ သန်းလောက် ရှိနေပါတယ်။

XS
SM
MD
LG