သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၆ လကြာ ဆူဒန်စစ် လူနှစ်သောင်းကျော် သေဆုံး


ဆူဒန်နိုင်ငံ၊ Omdurman မြို့မှာ စစ်ဘေးသင့်ပြည်သူတွေကို စေတနာ့ဝန်ထမ်းတွေက စားစရာဝေငှပေးနေစဥ်။ (မတ် ၈၊ ၂၀၂၄)
ဆူဒန်နိုင်ငံ၊ Omdurman မြို့မှာ စစ်ဘေးသင့်ပြည်သူတွေကို စေတနာ့ဝန်ထမ်းတွေက စားစရာဝေငှပေးနေစဥ်။ (မတ် ၈၊ ၂၀၂၄)

ဆူဒန်နိုင်ငံမှာ ၁၆ လကျော်ကြာစစ်ပွဲတွေကြောင့် လူပေါင်း နှစ်သောင်းကျော် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ဆူဒန်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်တဲ့ Port Sudan မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ် Tedros Adhanon Ghebreyesus က သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ရာမှာ အခုလိုအသေအပျောက်နှုန်း ပြောဆိုသွားတာပါ။

South Sudan War Without End
South Sudan War Without End

Port Sudan မြို့မှာတော့ စစ်တပ်ထောက်ခံတဲ့အစိုးရထိုင်ပြီး ဒီအစိုးရအဖွဲ့ကိုတော့ နိုင်ငံတကာက အသိအမှတ်ပြုထားပါတယ်။ အခု သေဆုံးတဲ့အရေအတွက်နှုန်းဟာ ဒီထက် ပိုများနိုင်တယ်လို့လည်း သူက ပြောပါတယ်။ ဆူဒန်နိုင်ငံဟာအကျပ်အတည်းမုန်တိုင်းကြီးတရပ် ကြုံတွေ့နေရတယ်လို့လည်း တင်စားပြောဆိုပါတယ်။

ဆူဒန်နိုင်ငံတွင်း အင်အားကြီးတဲ့ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ the Rapid Support Forces နဲ့ နိုင်ငံစစ်တပ်တို့ ကြား ပြီးခဲ့တဲ့နှစ်ဧပြီလအတွင်းက တင်းမာမှုကနေ နိုင်ငံအဝှမ်း စစ်မက်တွေရင်ဆိုင်ရပြီးနောက် ဆူဒန်နိုင်ငံဟာ ကသောင်းကနင်းအခြေအနေဆိုက်ခဲ့တာပါ။ တိုက်ပွဲတွေဟာ မြို့တော် Khartoum အထိ ရောက်လာခဲ့ပြီးနောက် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦးတွေ အားနည်းသွားပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်လည်း ထိခိုက်သွားပါတယ်။ အခြေခံလိုအပ်ချက်တွေမရှိတာကြောင့်လည်း ဆေးရုံ ဆေးခန်းအတော်များများကို ပိတ်ထားကြရပါတယ်။

ဆူဒန်နိုင်ငံအရှေ့ပိုင်း Kassala ပြည်နယ်၊ Wad Al-Hilu ဆေးရုံမှာ ဝမ်းလျှောလူနာတွေကို သီးခြားခွဲပြီး ကုသမှုပေးနေစဥ်။ (သြဂုတ် ၁၇၊ ၂၀၂၄)
ဆူဒန်နိုင်ငံအရှေ့ပိုင်း Kassala ပြည်နယ်၊ Wad Al-Hilu ဆေးရုံမှာ ဝမ်းလျှောလူနာတွေကို သီးခြားခွဲပြီး ကုသမှုပေးနေစဥ်။ (သြဂုတ် ၁၇၊ ၂၀၂၄)
၁၆ လကြာ ဆူဒန်စစ် လူနှစ်သောင်းကျော် သေဆုံး
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG