သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်လူသားချင်းစာနာမှုကပ်ဘေး နိုင်ငံတကာအာရုံစိုက်မှုမရဟု WHO ဝေဖန်


ဆူဒန်လက်နက်ကိုင်အဖွဲ့ဝင်တွေ ကို Omdurman မြို့တွင်းမှာ တွေ့ရစဥ်။
ဆူဒန်လက်နက်ကိုင်အဖွဲ့ဝင်တွေ ကို Omdurman မြို့တွင်းမှာ တွေ့ရစဥ်။

ဆူဒန်နိုင်ငံမှာ ပြိုင်ဖက်ဗိုလ်မှူးကြီးနှစ်ဦးကြား အာဏာလွန်ဆွဲမှုတွေကြောင့် ပြည်တွင်း ပဋိပက္ခတွေပေါ်ပေါက်လာတာ ဧပြီလဆိုရင် တနှစ်ပြည့်ပါပြီ။

စစ်ပွဲတွေကြောင့်လူဦးရေ ၄၉ သန်းနီးပါးတို့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေဆိုက်နေပြီလို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ နိုင်ငံ့လူဦးရေတဝက်ကျော်တို့ကတော့ အသက်ရှင်ရပ်တည်ရေးအတွက် စာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ပဋိပက္ခတွေစတင်ခဲ့တဲ့ ၂၀၂၃ ဧပြီလနောက်ပိုင်း ထောင်နဲ့ချီတဲ့လူတွေသေဆုံးဒဏ်ရာရခဲ့ကြသလို သန်းနဲ့ချီတဲ့လူတွေမှာလည်း အိုးအိမ်စွန့်ခွါခဲ့ရတာပါ။

စားနပ်ရိက္ခာရှားပါးမှုနဲ့ရင်ဆိုင်နေရတဲ့ လူပါင်း ၁၈ သန်းထဲမှာ ငတ်မွတ်ခေါင်းပါးမှုဘေးဆိုက်တော့မယ့် လူပေါင်းက ၅ သန်းလောက်ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP ကပြောပါတယ်။ ခုလို လူသားချင်းစာနာမှုကပ်ဘေးကြီးဆိုက်နေတဲ့ ဆူဒန်အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှု မရသလောက်ပဲလို့လည်း ပြီးခဲ့တဲတပတ်က ဆူဒန်ကိုသွားရောက်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ မြေထဲပင်လယ်အရှေ့ပိုင်းဒေသ အရေးပေါ်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Richard Brennan ကပြောပါတယ်။

လက်ရှိပဋိပက္ခတွေကြောင့်လူပေါင်း ၁၄,၀၀၀ နီးပါး သေဆုံးပြီး ၂၈,၀၀၀ ဒဏ်ရာရခဲ့ကြသလို ကာလဝမ်းရောဂါ၊ ဝက်သက်၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေလည်း ဆက်လက်ဖြစ်ပွါးနေတယ်လို့လည်း ပြောပါတယ်။ ကလေးငယ်ပေါင်း ၃.၄ သန်းဝန်းကျင်တို့ဟာလည်း အာဟာရချို့တဲ့နေရပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၇၀ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း WHO ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG