သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



SUDAN-UN-POLITICS-soudan



{{Zawgyi/Unicode}}








တိုက်ရိုက် လင့်ခ်

.....................................................

ဆူဒန်ပဋိပက္ခ အဆုံးသတ်ရေး ကုလဦးဆောင်ဆွေးနွေး

{{Zawgyi/Unicode}}
ဆူဒန်နိုင်ငံမှာ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂရဲ့ကျိုးပမ်းမှုနဲ့ ဗုဒ္ဓဟူးနေ့မှာ စတင်ဆွေးနွေးပါတယ်။ ကုလသမဂ္ဂရဲ့ကြားဝင်ဆောင်ရွက်မှုနဲ့ ဆူဒန်၊ အာဖရိကသမဂ္ဂနဲ့ အရှေ့အာဖရိကအရှေ့ပိုင်းနိုင်ငံ ၈ ခုကြား ခုလို ဆွေးနွေးနေကြတာပါ။

“ သုံးဦးသုံးဖလှယ်ပါဝင်တဲ့ ဒီဆွေးနွေးပွဲမှာ အပြုသဘောဆောင်တဲ့ ဝန်းကျင်မျိုးဖြစ်အောင်ဖန်တီးဖို့ ကျနော်တို့ တကြိမ်ထက်မက တိုက်တွန်းခဲ့ပါတယ်။ တိုးတက်မှုတွေလည်းတွေ့ရပါတယ်။ အရေးပေါ်အခြေအေနေတွေကို အာဏာပိုင်တွေရုပ်သိမ်းပေးတာ၊ ဖမ်းဆီးထားသူအတော်များများလွှတ်ပေးတာလည်းတွေ့ရပါတယ်။” လို့ ဆူဒန်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Volker Perthes က ပြောသွားတာပါ။

"စစ်ဗိုလ်မှူးတွေ၊ နိုင်ငံရေးအင်အားစုတွေအပါအဝင် ဆန္ဒပြအုပ်စုတွေပါ ဒီစကားဝိုင်းမှာ ပါဝင်လာအောင် ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ဆူဒန်နိုင်ငံရဲ့ အသွင်ကူးပြောင်းစ နုနယ်တဲ့ဒီမိုကရေစီစနစ်လည်း ပျက်ပြားခဲ့ရသလို အရှေ့အာဖရိကနိုင်ငံတွေလည်း မတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ဆူဒန်နိုင်ငံစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းခဲ့တာကို ဒီမိုကရေစီရေး လိုလားတဲ့အဓိက အတိုက်အခံတွေက ဆန့်ကျင်နေဆဲပါ။

အစ္စလမ္မစ်တို့ကျောထောက်နောက်ခံပေးထားတဲ့ သဘောထားတင်းမာသူ သမ္မတ Omar al-Bashir ရဲ့ အနှစ် ၃၀ နီးပါး တင်းကြပ်တဲ့အုပ်ချုပ်မှုအောက် နိုင်ငံတကာနဲ့ ကင်းကွာလာခဲ့ပြီးမှ ဒီမိုကရေစီရေးဖက် ဆူဒန်နိုင်ငံ ပြောင်းလဲလာတာဖြစ်ပါတယ်။

၂၀၁၉ ဧပြီလမှာ ပြည်သူလူထုက အကြီးအကျယ်ဆန့်ကျင်ဆန္ဒပြခဲ့ကြတာကြောင့် သမ္မတ al-Bashir နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

မြို့တော် Khartoun မှာ ဗုဒ္ဓဟူးနေ့ကစတင်ကျင်းပတဲ့ ဆွေးနွေးပွဲကို စစ်ဖက်နဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေလည်း တက်ရောက်ကြပါတယ်။

ခုဆွေးနွေးပွဲမှာ အရပ်သားဝန်ကြီးချုပ်ခန့်အပ်ရေး၊ အခြေခံ ဥပဒေမူကြမ်းရေးဆွဲဖို့ အစီအစဉ်ချမှတ်ရေးနဲ့ အသွင်ကူးပြောင်းရေးကာလအပြီး ရွေးကောက်ပွဲကျင်းပဖို့ကိစ္စရပ်တွေကိုပါဆွေးနွေးမယ်လို့ ဆူဒန်ဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် Volker Perthes ကပြောပါတယ်။

XS
SM
MD
LG