သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနိုင်ငံ အန်ကာရာမြို့တော်မှာ အသေခံဗုံးခွဲတိုက်ခိုက်


တူရကီနိုင်ငံမြို့တော် အန်ကာရာက ပြည်ထဲရေးဝန်ကြီးဌာနနားမှာ အသေခံဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးချထားပုံ? (အောက်တိုဘာ ၁၊ ၂၀၂၃)
တူရကီနိုင်ငံမြို့တော် အန်ကာရာက ပြည်ထဲရေးဝန်ကြီးဌာနနားမှာ အသေခံဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးချထားပုံ? (အောက်တိုဘာ ၁၊ ၂၀၂၃)

တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနနားမှာ ဒီကနေ့မှာ အသေခံဗုံးခွဲသမားတဦးက ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး Ali Yerlikaya (အလီ ရာလီကာရာ) က ပြောပါတယ်။ ဒါ့ပြင် ဒုတိယမြောက် အသေခံဗုံးခွဲတိုက်ခိုက်မယ့်သူဟာလည်း ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တယ်လို့ တူရကီဝန်ကြီးကဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ရဲအရာရှိနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ နွေရာသီအားလပ်ရက်အပြီး တနင်္ဂနွေနေ့မှာ လွှတ်တော်ပြန်ဖွင့်ဖို့နာရီပိုင်းအလိုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ ရုပ်သံမှတ်တမ်းတွေအရ အဲဒီဧရိယာအတွင်း ရပ်ထားတဲ့ မော်တော်ယာဥ်တစင်းအနီးမှာ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဝင်တွေ ပစ္စည်းကိရိယာတွေနဲ့ စစ်ဆေးဆောင်ရွက်နေတာ တွေမြင်ကြရပါတယ်။

တိုက်ခိုက်သူတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေကိုတော့ တူရကီအစိုးရဘက်က ချက်ခြင်းထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ တူရကီနိုင်ငံတဝှမ်းမှာ အရင်က အသေပျောက်များတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ကာ့ဒ်နဲ့ လက်ဝဲစွန်း စစ်သွေးကြွအဖွဲ့တွေအပြင် IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေက လုပ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG