သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသူပုန်လို့ယူဆရသူတဦးကို အကြမ်းဖက်မှုစွဲချက်နဲ့ အိန္ဒိယဖမ်းဆီး


လူမျိုးရေးမငြိမ်သက်မှုတွေအတွင်း မဏိပူရပြည်နယ်က Sugnu ဒေသမှာဒါဇင်နဲ့ချီတဲ့အိမ်တွေ မီးရှို့ဖျက်စီးခံရစဥ်​(ဇွန် ၂၁၊ ၂၀၂၃)
လူမျိုးရေးမငြိမ်သက်မှုတွေအတွင်း မဏိပူရပြည်နယ်က Sugnu ဒေသမှာဒါဇင်နဲ့ချီတဲ့အိမ်တွေ မီးရှို့ဖျက်စီးခံရစဥ်​(ဇွန် ၂၁၊ ၂၀၂၃)

မြန်မာနိုင်ငံအခြေစိုက် သူပုန်အုပ်စုတွေနဲ့ အချိတ်အဆက်ရှိတယ်လို့သံသယရှိနေတဲ့ အကြမ်းဖက်သမား အစွပ်စွဲခံရသူတယောက်ကို အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးဌာန (NIA) က ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတယောက်က ဒက္ကန် ဟဲရဲ သတင်းဌာန (Deccanherald) ကို ပြောပါတယ်။

မဏိပူရမှာ လက်ရှိဖြစ်နေတဲ့ လူမျိုးရေးမငြိမ်မသက်မှုတွေကို အခွင့်ကောင်းယူပြီး အိန္ဒိယနိုင်ငံကိုတိုက်ခိုက်ဖို့ လျှို့ဝှက်ကြံစည်နေတယ်လို့ အစိုးရက ထင်မြင်ယူဆနေတာပါ။ Moirangthem Anand Singh ကို မဏိပူရရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး မေးမြန်းဖို့အတွက် နယူးဒေလီ ကို စနေနေ့က ခေါ်ဆောင်လာခဲ့တယ်လို့ NIA ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။

ရဲတပ်ဖွဲ့လက်နက်တိုက်က လုယူခဲ့တဲ့ လက်နက်တွေကို လက်ဝယ်တွေ့ရှိမှုနဲ့ မဏိပူရမှာ လူငါးယောက်ကို ဖမ်းဆီးခဲ့ရာမှာ ဆင်းဟာ အဲဒီအထဲကတယောက်ဖြစ်ပါတယ်။ သူတို့ငါးယောက်လုံး ဒေသတရားရုံး သောကြာနေ့မှာ အာမခံ နဲ့ ပြန်လွှတ်လိုက်ပေမဲ့ မစ္စတာဆင်းကို ချက်ချင်း ပြန်လည်ဖမ်းဆီးပြီး နယူးဒေလီကိုခေါ်မသွားမီ အမည်မသိနေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ သူဟာ လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို စုဆောင်းနေတဲ့အုပ်စုနဲ့ ဆက်စပ်ကြောင်း သံသယရှိနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သူ့ကို နယူးဒေလီမှာ ရုံးထုတ်ပြီး ရဲက နောက်ထပ် ၅ ရက် ထိန်းသိမ်းခွင့်ကို တရားရုံးမှာ တောင်းခံ ရယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG