သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလွှမ်းလို့ ရန်ကုန်-မန်း အမြန်လမ်း ယာယီ ပိတ်ခဲ့ရ


ပဲခူးတိုင်း၊ တောင်ငူခရိုင်ဆွာချောင်းရေလှောင်တမံ ရေလျှံပြီးဒီနေ့မနက်၆နာရီလောက်မှာ ရေပိုလွဲနံရံတစိတ်တပိုင်းပဲ့ကျခဲ့တာကြောင့်ဆွာမြို့အပါအဝင်ရန်ကုန်-မန္တလေးလမ်းပေါ် ရေလွှမ်းမိုးခဲ့ပြီး လမ်းပိတ်ထားခဲ့ရပါတယ်။အခု ရေတော်ကျသွားပြီဆိုပေမဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမှာရှိတဲ့ ဆွာချောင်းတံတား ရဲ့တစ်ခြမ်းကိုတော့ အသုံးမပြုနိုင်သေးပါဘူး။ ယာယီတံတားအသစ်ကို အမြန်ဆုံးထိုးဖို့ပြင်ဆင်နေတယ်လို့ တံတားဦးစီးဌာနကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ဒီအကြောင်းကိုဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးထားပါတယ်။

ဆွာချောင်းရေလှောင်တမံရဲ့ကျိုးပဲ့သွားတဲ့ ရေပိုလွှဲကစီးလာတဲ့ ရေတွေကြောင့် ဒီနေ့မနက်၇နာရီလောက်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၁၆၇နာရီလောက်မှာ ရန်ကုန်-မန္တလေးအမြန် လမ်း မိုင်တိုင် ၁၆၀ကျော်လောက်မှာ ရေကျော်မှုတွေရှိခဲ့ပြီး

ဆွာချောင်းကိုဖြတ်ကူးထားတဲ့တံတားတစ်ခြမ်း မြေအောက်ကို တစ်ပေခွဲလောက် နိမ့်ကျသွားပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့တံတားဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကောင်းချိုကVOA ကိုအခုလိုရှင်းပြပါတယ်။

“ရေတွေကလည်း တောက်လျှောက်ကျနေပြီဖြစ်တဲ့ အတွက်ကျွန်တော်တို့က ဒီကျောက်ချပြီးတော့လုပ်ငန်းတွေဘာတွေစစ်ဆေးတဲ့လုပ်ငန်းတွေကျွန်တော်တို့အသေးစိတ်တော့ လောလောဆယ် မလုပ်နိုင်သေးဘူး။ အသေးစိတ်လုပ်ငန်းတွေ မလုပ်နိုင်ခင်စပ်ကြား မှာအဲဒီ ဘေလီပျဉ်၄၀၀ထိုးြါ့ပီးတော့ပေးသွားပါမယ်။ ရေတွေ အားလုံးငြိမ်သွားပြီဆိုရင်အသေးစိတ်စစ်ဆေးတာလုပ်ပြီးတော့နိမ့်သွားတာကိုJerk Up လုပ်ပြီးတော့ Strengthingပြန်လုပ်ပါမယ်။ ဘေလီပျဉ် ၄၀၀ထိုးပါမယ်။ ထိုးဖို့အတွက်ကိုလည်းရန်ကုန်ကနေ ဘေလီပစ္စည်းတွေသယ်လာနေပါပြီ။”

ဆွာချောင်းရေလှောင်တမံလက်ရှိမှာစိုးရိမ်စရာမှရှိတော့ပေမဲ့လမ်းပန်းဆက်သွယ်ရေးကတော့အခက်အခဲရှိနေတယ်လို့ဆွာမြို့ဒေသခံတစ်ဦးဖြစ်တဲ့ကိုလွင်က ပြောပါတယ်။

“မြို့အခြေအနေလည်းကျကုန်ပါပြီး။ နှစ်ပေခွဲလောက်ကျ သွားပြီဆည်ထဲမှာလည်း တအား ကျသွားပြီပေါ့။ တော်တော်ကျသွားပြီဆည်မြောင်းအဖွဲ့တွေကတော့ ပြန်မလာသေး။ တမံကကောင်းတယ် အဲဒီရေပိုလွှဲကြီးက ဟိုဟာဖြစ်လိုက်တာ။ ကျိုးလိုက်တာ။ လမ်းပန်းဆက်သွယ်ရေး ကတော့ ပြတ်တောက်နေတာပေါ့အခုကတော့ ရေကတော့ ချောင်းပတ်ပတ်လည်လယ်တွေကတော့အကုန်လုံး မြုပ်ကုန် ပြီ ရေတွေပဲမြင်ရတော့တယ်။”

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနဲ့အတူလမ်းဟောင်းမှာလည်း ရေကျော်မှုတွေ ရှိခဲ့ပါတယ်။

ဆွာမြို့ပတ်ဝန်းကျင် ဒေသခံငါသောင်းလောက်ကို ဘေးလွတ်ရာကို အရေးပေါ်ရွှေ့ပြောင်းထားပါတယ်။ ရေလှောင်တမံထဲမှာလည်းရေကျ သွားပြီဖြစ်တဲ့အတွက် ပင်မတမံထိခိုက်မှုထပ်ပြီးမရှိလောက်တော့လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းကပြောပါတယ်။

“ဖြစ်တာကဒီလိုဗျပင်မတမံပြီးရင်ကုန်းကြောတမံဆိုတာရှိသေးတယ်။အဲဒီကုန်းကြောတမံဘက်မှာရှိတဲ့ ရေပိုလွှဲကနေ ရေထွက်တာ ပေါ့လေ။ ဆိုတော့ ပင်မတမံကိုတော့ဘာမှထိခိုက်မှုမရှိပါဘူး။ ဖြစ်စဉ်ကတော့ မနက်က အဲဒီရေပိုလွှဲကတစ်ခြမ်းပဲ့သွားတယ်ပေါ့ဗျာ။ လေးပေလောက်ပဲ့သွားတော့ ရေထွက်တဲ့အပိုင်းကနည်းနည်းများသွားတာပေါ့။များသွားတော့ ရေကလည်း တော်တော်လေးကျသွားတာပေါ့။ကန်ထဲမှာကတမံထဲမှာရှစ်ပေလောက်ကျသွားတယ်။ကျသွားပြီးတော့အခုရေပိုလွှဲရဲ့ ရေထွက်တာတော်တော်နည်းလာပြီလို့ ပြောပါတယ်။ နောက်ကွင်းတွေထဲမှာဝင်တဲ့ရေကလည်းပြီးခဲ့တဲ့ဆယ်နာရီခွဲလောက်ကသိရတဲ့သတင်းအရ၆လက်မ လောက်ကျတယ်ပြောတယ်။ နောက်ပိုင်းတော့ ၂ပေလောက်ကျပြီလို့ သတင်းရတယ်။”

ရေလွမ်းမိုးတာဖြစ်ပွားပြီးရန်ကုန်-နေပြည်တော်မန္တလေးအမြန်လမ်းပိတ်ထားရတဲ့အချိန်၊မနက်စောစောပိုင်းမှာပဲကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့၊ဒုတိယသမ္မတဗန်ထီးယူတို့လည်းတံတားနေရာကိုလာရောက်စစ်ဆေးခဲ့ပါတယ်။

အမြန်လမ်းပိုင်းနှစ်ခုလုံးကသယ်ယူပို့ဆောင်ရေးကိုအဓိကလုပ်ကိုင်နေရတာဖြစ်တာကြောင့်ကုန်စည်စီးဆင်းမှုမရပ်ဆိုင်းသွားအောင်လမ်းပိုင်းတွေကိုအမြန်ဆုံးပြုပြင်ဖို့ကြိုးစားနေတဲ့အကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG