သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အရှည်ဆုံးနဲ့ အနက်ဆုံး မြေအောက်ရထားလမ်း ဆွစ်ဇာလန်မှာ ဖွင့်လှစ်


 ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ် နဲ့ ဆွစ်ဇာလန် သမ္မတ
ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ် နဲ့ ဆွစ်ဇာလန် သမ္မတ

ဆွစ်ဇာလန်နိုင်ငံမှာ ကမ္ဘာ့အရှည်ဆုံးနဲ့ မြေအောက်အနက်ဆုံး ရထားလိုင်း ဥမင်လှိုဏ်ခေါင်းကို Gothard မြို့မှာ ဒီကနေ့ အခမ်းအနားနဲ့ ဖွင့်လှစ်လိုက်ပါတယ်။

ဒီဖွင့်ပွဲအခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အီတလီ ဝန်ကြီးချုပ် Mateo Renzi, ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ်တို့လည်း တက်ရောက်ကြပါတယ်။

ဒီရထားလမ်းကြီး ဖောက်လုပ်လိုက်တဲ့အတွက် ဥရောပနိုင်ငံတွေကြား ကုန်သွယ် စီးဆင်းမှုတွေ ပိုပြီးတော့ လွယ်ကူ ကောင်းမွန်လာစေမှာပါ။ Alps တောင်တန်းတွေ ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့ ဒီ ဥမင်လိုဏ်ခေါင်းဟာ ၅၇ ကီလိုမီတာရှည်ပြီး နှစ် ၂၀ နီးပါး အချိန်ယူ တည်ဆောက်ခဲ့ရတာပါ။ မြောက်ပိုင်း Rotterdam မြို့ကနေ တောင်ပိုင်း Genoa မြို့အထိ ဥရောပရဲ့ အဓိက မီးရထား ဆက်သွယ်ရေးလမ်းကြောင်းတခုအနေနဲ့ ဖောက်လုပ်တာ ဖြစ်ပါတယ်။

လအတော်ကြာ အကြိမ်ကြိမ် စမ်းသပ်မှုတွေ လုပ်ပြီးရင်တော့ ဒီနှစ်ကုန်ကစလို့ တနေ့ကို ကုန်တင်ရထားစင်းရေ ၂၆၀ နဲ့ ခရီးသည်တင်ရထား ၆၅ စင်း ဒီဥမင်လိုဏ်ခေါင်းကိုဖြတ်ပြီး နေ့စဉ် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ အရင်က ရက်အတော်ကြာ သွားရတဲ့ခရီးကို ဒီ ဥမင် လိုဏ်ခေါင်းကနေ အမြန်ရထားနဲ့သွားရင် ၁၇ မိနစ်ပဲ ကြာတော့မှာပါ။

ကမ္ဘာ့အရှည်ဆုံးနဲ့ အနက်ဆုံး မြေအောက်ရထားလမ်း ဆွစ်ဇာလန်မှာ ဖွင့်လှစ်
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

ကမ္ဘာ့အရှည်ဆုံးနဲ့ အနက်ဆုံး မြေအောက်ရထားလမ်း ဆွစ်ဇာလန်မှာ ဖွင့်လှစ်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG