သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတုလက်နက် တားဆီးရေးအဖွဲ့ ဆီးရီးယားရောက်ပြီ


ဓာတုလက်နက်သုံး တိုက်ခိုက်ခံရတယ်လို့ သံသယ ရှိနေတဲ့ ဒူးမားမြို့။
ဓာတုလက်နက်သုံး တိုက်ခိုက်ခံရတယ်လို့ သံသယ ရှိနေတဲ့ ဒူးမားမြို့။

ဆီးရီးယားနိုင်ငံမှာ ရောက်နေတဲ့ ဓါတုလက်နက် တားဆီးရေးအဖွဲ့ OPCW က ကျွမ်းကျင်သူ ၉ ယောက်ရဲ့ လုံခြုံရေးကို ရုရှားစစ်တပ်က အကာအကွယ်ပေးမှာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဌာနက ပြောခွင့်ရသူ Igor Kirillov က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံထဲက ဓါတုလက်နက်တွေရှိတဲ့ နေရာ ၃ ခုအပေါ် အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ မလုပ်ခင် နာရီပိုင်း အလို စနေနေ့က OPCW ကျွမ်းကျင်သူအဖွဲ့ ဆီးရီးယားနိုင်ငံကို ရောက်ရှိခဲ့ပြီး မျှော်လင့်ထားသလို ဒူးမား မြို့ကို မသွားနိုင်ခဲ့ကြပါဘူး။

ဆီးရီးယားအစိုးရတပ်တွေ ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားကြတဲ့ ဒူးမားမြို့ ကို သွားနိုင်ဖို့ လုံခြုံရေးခွင့်ပြုချက် မပေးနိုင်သေးဘူးလို့ အဖွဲ့ကို ရုရှားနဲ့ ဆီးရီးယား တာဝန်ရှိသူတွေက အကြောင်းကြားတယ်လို့ OPCW ညွှန်ကြားရေးမှူးချုပ်က တနင်္လာနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ကုလသမဂ္ဂ လုံခြုံဘေးကင်းမှုဆိုင်ရာ ဌာနရဲ့ခွင့်ပြုချက် မပါတဲ့အတွက် သူတို့ကို ခွင့်မပြုတာ ဖြစ်တယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov ကမော်စကိုမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နယူးယောက် ကုလသမဂ္ဂဌာနချုပ်က တာဝန်ရှိသူတွေကတော့ ဒူးမားမြို့ ကို သွားရောက်စုံစမ်းမယ့် OPCW အတွက် လိုအပ်တဲ့ ထောက်ခံချက်ကို ကုလသမဂ္ဂက ပေးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ စုံစမ်းစစ်ဆေးမှု လုပ်ဖို့ အတွင်းရေးမှူးချုပ် António Guterres က အင်မတန် ထောက်ခံတယ်လို့လည်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG