သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယားေျမာက္ပိုင္း ေရနံကရတဲ႔ေငြ ကာ႔ဒ္တပ္ဖြဲ႔အတြက္ ကန္အသံုးျပဳ


(Zawgyi/Unicode)

ဆီးရီးယားႏုိင္္ငံေျမာက္ပိုင္းက ေရနံတြင္းကို အကာအကြယ္ေပးဖို႔ ခ်ထားတဲ့ အေမရိကန္တပ္ဖြဲ႔ေတြဟာ ေရနံကရတဲ့ေငြေတြ ကာ့ဒ္ေတြအဓိကပါတဲ့ ဆီးရီးယား ဒီမုိကရက္တစ္တပ္ဖြဲ႔ SDF ဆီေရာက္ေစဖို႔ ကူညီလုပ္ေဆာင္ေပးေနပါတယ္။ SDF တပ္ဖြဲ႔ဟာ IS အၾကမ္းဖက္ဝါဒီအဖြဲ႔ကို တိုက္ခိုက္တာမွာ အေမရိကန္ရဲ႕ အဓိကမဟာမိတ္ျဖစ္ပါတယ္။

အဲဒီေဒသကေန အေမရိကန္တပ္ဖြဲ႔ေတြကို ျပန္႐ုပ္သိမ္းလိုက္ေပမယ့္လည္း ေရနံတြင္းေတြကို အကာအကြယ္ေပးေရးကိစၥဟာ ဥိးစားေပးလုပ္ငန္းတရပ္ျဖစ္တယ္လုိ႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က အႀကိမ္ႀကိမ္ ေျပာထားဖူးပါတယ္။ ၿပီးခဲ့တဲ့လက စုေဝးပြဲတခု မွာ “က်ေနာ္တို႔ ေရနံေတြကို ထိန္းသိမ္းေနပါတယ္၊ တလကို ေဒၚလာ ၄၅ သန္းပါ၊ ေရနံကိုထိန္းသိမ္းပါ” လို႔ သမၼတထရမ့္ပ္က ေျပာခဲ့ပါတယ္။

ဒါေပမယ့္ ေရနံကရတဲ့ ဘယ္လိုဝင္ေငြမ်ဳိးကိုမွ အေမရိကန္ကယူတာမရွိဘူးလို႔ ကာကြယ္ေရးဌာန အဓိက တာဝန္ရွိသူတဦးက ၾကာသပေတးေန႔မွာေျပာပါတယ္။

“ဒီဝင္ေငြဟာ အေမရိကန္ဆီ မလာပါဘူး၊ SDF အဖြဲ႔ဆီပဲ သြားတာပါ” လို႔ ပန္တဂြန္စစ္ဌာနခ်ဳပ္ ေျပာေရးဆိုခြင့္ အႀကီးအကဲ Jonathan Rath Hoffman က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဆီးရီးယားအေရွ႕ေျမာက္ပိုင္းကေန အေမရိကန္တပ္ဖြဲ႔ ႐ုပ္သိမ္းဖို႔ ဆံုးျဖတ္ခဲ့တာမွာ ေရနံကရတဲ့အက်ဳိးအျမတ္ဟာ အဓိက အေၾကာင္းတခုျဖစ္တယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို အေမရိကန္တာဝန္ရွိသူေတြ ေခ်ဖ်က္ဖို႔ႀကိဳးစားေနတာ သီတင္းပတ္ အေတာ္ ၾကာပါၿပီ။ အဓိကအခ်က္ဟာ IS အဖြဲ႔နဲ႔ ဘာသာေရးႏုိ္င္ငံတခု ထူေထာင္ဖို႔ ႀကိဳးပမ္းခ်က္ေတြသာျဖစ္တယ္လ္ိုု႔ ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဆီးရီးယားမြောက်ပိုင်း ရေနံကရတဲ့ငွေ ကာ့ဒ်တပ်ဖွဲ့အတွက် ကန်အသုံးပြု
(Unicode)

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက ရေနံတွင်းကို အကာအကွယ်ပေးဖို့ ချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ရေနံကရတဲ့ငွေတွေ ကာ့ဒ်တွေအဓိကပါတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ SDF ဆီရောက်စေဖို့ ကူညီလုပ်ဆောင်ပေးနေပါတယ်။ SDF တပ်ဖွဲ့ဟာ IS အကြမ်းဖက်ဝါဒီအဖွဲ့ကို တိုက်ခိုက်တာမှာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပါတယ်။

အဲဒီဒေသကနေ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းလိုက်ပေမယ့်လည်း ရေနံတွင်းတွေကို အကာအကွယ်ပေးရေးကိစ္စဟာ ဥိးစားပေးလုပ်ငန်းတရပ်ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အကြိမ်ကြိမ် ပြောထားဖူးပါတယ်။ ပြီးခဲ့တဲ့လက စုဝေးပွဲတခု မှာ “ကျနော်တို့ ရေနံတွေကို ထိန်းသိမ်းနေပါတယ်၊ တလကို ဒေါ်လာ ၄၅ သန်းပါ၊ ရေနံကိုထိန်းသိမ်းပါ” လို့ သမ္မတထရမ့်ပ်က ပြောခဲ့ပါတယ်။

ဒါပေမယ့် ရေနံကရတဲ့ ဘယ်လိုဝင်ငွေမျိုးကိုမှ အမေရိကန်ကယူတာမရှိဘူးလို့ ကာကွယ်ရေးဌာန အဓိက တာဝန်ရှိသူတဦးက ကြာသပတေးနေ့မှာပြောပါတယ်။

“ဒီဝင်ငွေဟာ အမေရိကန်ဆီ မလာပါဘူး၊ SDF အဖွဲ့ဆီပဲ သွားတာပါ” လို့ ပန်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့် အကြီးအကဲ Jonathan Rath Hoffman က သတင်းထောက်တွေကို ပြောပါတယ်။

ဆီးရီးယားအရှေ့မြောက်ပိုင်းကနေ အမေရိကန်တပ်ဖွဲ့ ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာမှာ ရေနံကရတဲ့အကျိုးအမြတ်ဟာ အဓိက အကြောင်းတခုဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို အမေရိကန်တာဝန်ရှိသူတွေ ချေဖျက်ဖို့ကြိုးစားနေတာ သီတင်းပတ် အတော် ကြာပါပြီ။ အဓိကအချက်ဟာ IS အဖွဲ့နဲ့ ဘာသာရေးနိုင်ငံတခု ထူထောင်ဖို့ ကြိုးပမ်းချက်တွေသာဖြစ်တယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG