သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းက ဝန်ထမ်း ၁၀၀ ကျော် ထိုင်းနိုင်ငံပြန်ပို့


မယ်ဆိုင်-တာချီလိတ် ထိုင်းနယ်စပ်ဂိတ် (ယခင်ပုံဟောင်း)
မယ်ဆိုင်-တာချီလိတ် ထိုင်းနယ်စပ်ဂိတ် (ယခင်ပုံဟောင်း)

ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနဲ့ အင်တာနက်တွေဖြတ်လိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံ တာချီလိတ်မြို့က အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေက ဝန်ထမ်း ၁၀၀ ကျော် မနေ့က တနင်္ဂနွေနေ့မှာ ထိုင်းဘက်ကိုပြန်လွှတ်ပေးလိုက်တဲ့ကြောင်း တာချီလိတ်သတင်းရပ်ကွက်ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် Tha Nation သတင်းစာမှာ ရေးပါတယ်။

ချင်းရိုင်ခရိုင် မဲ့ဆိုင်နဲ့ နယ်ခြား တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကနေ စနေနေ့အထိ ရဲနဲ့ စစ်သားတွေ လောင်းကစားရုံတွေကိုနှိမ်နင်းခဲ့ပြီး ပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ကြောင်း လည်း တာချီလိတ်သတင်းရပ်ကွက်က ပြောပါတယ်။ အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေဟာ နယ်စပ်ကနေ မြန်မာနိုင်ငံအတွင်းက တခြားနေရာတွေကို ပြောင်းရွှေ့မယ်လို့ မျှော်လင့်ထားကြပြီး မြန်မာနိုင်ငံဘက်ကလည်း ဆက်ပြီးနှိမ်နင်းဖို့ ကြိုးစားနေတယ်လို့ သတင်းမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ဗုဒ္ဓဟူးနေ့ကစပြီး နယ်ခြားနေရာ ၅ နေရာမှာ လျှပ်စစ်မီး၊ အင်တာနက်နဲ့၊ စက်သုံးဆီ တင်ပို့တာတွဖြတ်တောက်ဖို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက အမိန့်ပေးခဲ့ပါတယ်။ ဒီလို လျှပ်စစ်မီးဖြတ်တောက်ပြီးနောက် တာချီလိတ်ဘက်က ငွေကြေးလိမ်လည်တဲ့လောင်းကစားရုံတွေကိုသွားမယ့် ဝန်ထမ်းတွေ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအနီး ကားရပ်နားတာ သိသိသာသာလျော့သွားတယ်လို့လည်း တာချီလိတ် သတင်းရပ်ကွက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG