သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္ရီစက္႐ံု အလုပ္သမားသပိတ္ ၄ ရက္ေျမာက္ထိ ေျပလည္မႈမရေသး


တိုင္ရီစက္႐ံု အလုပ္သမားမ်ား ဆႏၵျပ

(Zawgyi/Unicode)

လုပ္ခလစာတိုးျမႇင့္ေပးဖို႔နဲ႔ အလုပ္သမားအခြင့္အေရး ဆံုး႐ႈံးမႈအေပၚ အလုပ္ရွင္နဲ႔အစိုးရက တာဝန္ယူ ေျဖရွင္းေပးဖို႔ ေတာင္းဆိုေနတဲ့ တိုင္ရီဖိနပ္စက္႐ံု အလုပ္သမားဆႏၵျပပြဲဟာ ၄ ရက္ေျမာက္အထိ ေျပလည္မႈမရေသးပါဘူး။

အလုပ္ သမားေတြၾကံဳေနရတဲ့ ျပႆနာကို အလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ ၃ ပြင့္ဆိုင္ေျဖရွင္းမွရမယ္လုိ႔ အလုပ္သမား အေရး ေဆာင္ရြက္ေနသူေတြက ေျပာပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ ကိုေဇာ္ ထက္က သတင္း ေပးပို႔ထားပါတယ္။

ဖေဖာ္ဝါရီ ၁၀ရက္က စတင္ခဲ့တဲ့ ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္က တိုင္ရီဖိန ပ္စက္႐ုံရဲ႕ ဆႏၵထုတ္ေဖာ္ေတာင္းဆို မႈဟာေလးရက္ ၾကာလာၿပီ ျဖစ္ ေပမယ့္ အခုထိေတာ့ ဘာမွ ထူးျခားမႈေတာ့ မရွိေသးပါဘူး။ လုပ္ခလစာ တိုးျမႇင့္ေပးဖို႔ အပါအဝင္ အလုပ္သမားအခြင့္အေရးေတြ ဆုံးရႈံးေနတဲ့အတြက္ ဒါကို အလုပ္ရွင္ကေရာအစိုးရကပါ တာဝန္ယူ ေျဖရွင္း ေပးဖို႔ ေတာင္းဆိုေန တာ ျဖစ္ေၾကာင္း တိုင္ရီအလုပ္သမားသမဂၢ အဖြဲ႕ဝင္ မမိုးေဝ ကေျပာပါတယ္။

“ အဓိကေတာင္းဆိုတဲ့ အခ်က္ကေတာ့ ၇ခ်က္ရွိတာေပါ့ေနာ္၊ အလုပ္ရွင္- အလုပ္သမား သေဘာတူစာခ်ဳပ္ေတြက တႏိုင္ငံလုံးမွာ အလုပ္ရွင္ေတြ ခ်ိဳးေဖာက္ၿပီး အစိုးရကလည္း တာဝန္ယူမေပးဘူး။ အပိုင္းက ၂ပိုင္းေပါ့ တပိုင္းက အဲဒီကိစၥေတြ အလုပ္ရွင္က ေလးစားလိုက္နာဖို႔နဲ႔ တပိုင္းက အစိုးရေန အလုပ္သမားေတြအကုန္လုံ အတြက္ လုပ္ဖို႔ေပး အစိုးရကို ေတာင္းတဲ့အပိုင္းက တပိုင္းပါတယ္။”

အလုပ္ခြင့္ အႏၲရာယ္ ကင္းေရး နဲ႔ လုပ္ခလစာ တိုးျမႇင့္ေရး အပါအဝင္ အလုပ္သမားေတြ အတြက္ လိုအပ္ခ်က္ေတြကို အလုပ္သမား ေတြက ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။

ေတာင္းဆိုခ်က္ က ၇ ခ်က္ရွိပါတယ္။ လစာတိုးရဖို႔ အျပင္အလုပ္သမားဥပေဒအရ သတ္မွတ္ထားတဲ့အခြင့္အေရးေတြ ရဖို႔၊ အလုပ္ရွင္အလုပ္သမား သေဘာတူ ညီမႈေတြကိုေလးစာလိုက္နာဖို႔၊ အလုပ္သမားသမဂၢနဲ႔ ညႇိႏႈိင္းၿပီး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔၊ လု ပ္ငန္းခြင္သုံး ဓာတုေဆးရည္ အမ်ိဳးအမည္ကို အလုပ္သမားသမဂၢေတြကို အသိေပးဖို႔နဲ႔လုပ္ငန္းခြင္ထဲ မွာ လူမႈေရး တရားမွ် တမႈရွိဖို႔ လိုအပ္ခ်က္ေတြ ျဖစ္ပါတယ္။

အလုပ္သမားအေရးေဆာင္႐ြက္ေနတဲ့ ေရွ႕ေနတဦးျဖစ္တဲ့ ဦးဖိုးျဖဴက ေတာ့ ဒီျပႆနာေတြ ဟာအလုပ္ရွင္၊ အလုပ္သမား၊ အစိုးရ သုံးပြင့္ဆိုင္ေျဖရွင္းရမယ့္ ကိစၥတခုလို႔ ျမင္ေၾကာင္းေျပာပါတယ္။

“ေတာင္းဆိုခ်က္ကို က်ေနာ္တို႔ မူအရေထာက္ခံတယ္။ ေတာင္ဆိုရမယ့္မူအေနနဲ႔ ေျပာရင္ေတာ့ ႏိုင္ငံလုံးဆိုင္ရာ သမဂၢေတြပုံစံနဲ႔ ေတာင္းဆိုတာက ပိုၿပီးေတာ့ ထိေရာက္ၿပီး အေရးဆိုႏိုင္တဲ့ အေျခအေနမ်ိဳး တရားဥပေဒ ေဘာ င္ဝင္ႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္မယ္လို႔ ပထမဆုံး ဥပေဒ ရႈေထာင့္က ျမင္တယ္ေပါ့။ အဓိက ျပႆနာေတြႀကဳံေနရတဲ့ အေျခအေနေတြက စားဝတ္ေနေရးဖူလုံတဲ့ အေျခခံကို မျပည့္စုံလို႔ က်ေနာ္တို႔ ဒီအေျခအေနေတြကို ခဏခဏ ႀကဳံေတြ႕ေန ရတယ္လို႔ ျမင္မိပါ တယ္။ ဒီဟာက တဖက္တည္း ေျဖရွင္းရမယ့္ကိစၥ မဟုတ္ေတာ့ဘူးခင္ဗ်၊ သုံးပြင့္ဆိုင္ ေျဖရွင္းရမယ့္ ကိစၥပါ။ ဒါဟာ Labour Economic နဲ႔ ဆိုင္တဲ့ ျပႆနာတရပ္လို႔ပဲ က်ေနာ္ကေတာ့ ရႈျမင္ပါတယ္ ခင္ဗ်ာ။”

တိုင္ရီစက္႐ုံမွာ အလုပ္သမား ၅၀၀ ဝန္းက်င္ရွိၿပီး အခု ဆႏၵျပ ေတာင္းဆိုေနသူက ၄၃၀ ေလာက္ ရွိေနပါတယ္။ တျခားစက္႐ုံေတြက အလုပ္သမား သမဂၢေတြလည္း တိုင္ရီစက္႐ုံရဲ႕ ဆႏၵထုတ္ေဖာ္ပြဲကို လာေရာက္ ဝန္းရံခဲ့ၾကပါတယ္။

လႈိင္သာယာ စက္မႈဇုံ (၃) က တိုင္ရီဖိနပ္စက္႐ုံဟာ ၂၀၁၂ ကတည္းကလို႔ အလုပ္သမားေတြရဲ႕ အခြင္အေရးနဲ႔ပတ္သက္လို႔ ေတာင္းဆိုခဲ့တာပါ။ ၂၀၁၅ ႏိုဝင္ဘာလတုန္းကလည္း ေနျပည္ေတာ္က အလုပ္သမားဝန္ႀကီးဌာနနဲ႔ သမၼတ႐ုံးကိုသြားေရာက္ၿပီး အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြကို ထိထိေရာက္ေရာက္ေဆာင္႐ြက္ေပးဖို႔ တိုင္ၾကားစာေပးပို႔ခဲ့ပါတယ္။ တျခား အလုပ္သမားသမဂၢေတြလည္း ဆက္လက္ေတာင္းဆိုခဲ့တာေၾကာင့္ အစိုးရက အနိမ့္ဆုံးလုပ္ခလစာကို တရက္ ၄၈၀၀ အျဖစ္ ၂၀၁၈ ေမလထဲမွာ တိုးျမႇင့္သတ္မွတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

တိုင်ရီစက်ရုံ အလုပ်သမားသပိတ် ၄ ရက်မြောက်ထိ ပြေလည်မှုမရသေး
(Unicode)

လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုအပေါ် အလုပ်ရှင်နဲ့အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းဆိုနေတဲ့ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားဆန္ဒပြပွဲဟာ ၄ ရက်မြောက်အထိ ပြေလည်မှုမရသေးပါဘူး။ အလုပ် သမားတွေကြုံနေရတဲ့ ပြဿနာကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ၃ ပွင့်ဆိုင်ဖြေရှင်းမှရမယ်လို့ အလုပ်သမား အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုဇော် ထက်က သတင်း ပေးပို့ထားပါတယ်။

ဖဖော်ဝါရီ ၁၀ရက်က စတင်ခဲ့တဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က တိုင်ရီဖိန ပ်စက်ရုံရဲ့ ဆန္ဒထုတ်ဖော်တောင်းဆို မှုဟာလေးရက် ကြာလာပြီ ဖြစ် ပေမယ့် အခုထိတော့ ဘာမှ ထူးခြားမှုတော့ မရှိသေးပါဘူး။ လုပ်ခလစာ တိုးမြှင့်ပေးဖို့ အပါအဝင် အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အတွက် ဒါကို အလုပ်ရှင်ကရောအစိုးရကပါ တာဝန်ယူ ဖြေရှင်း ပေးဖို့ တောင်းဆိုနေ တာ ဖြစ်ကြောင်း တိုင်ရီအလုပ်သမားသမဂ္ဂ အဖွဲ့ဝင် မမိုးဝေ ကပြောပါတယ်။

“ အဓိကတောင်းဆိုတဲ့ အချက်ကတော့ ၇ချက်ရှိတာပေါ့နော်၊ အလုပ်ရှင်- အလုပ်သမား သဘောတူစာချုပ်တွေက တနိုင်ငံလုံးမှာ အလုပ်ရှင်တွေ ချိုးဖောက်ပြီး အစိုးရကလည်း တာဝန်ယူမပေးဘူး။ အပိုင်းက ၂ပိုင်းပေါ့ တပိုင်းက အဲဒီကိစ္စတွေ အလုပ်ရှင်က လေးစားလိုက်နာဖို့နဲ့ တပိုင်းက အစိုးရနေ အလုပ်သမားတွေအကုန်လုံ အတွက် လုပ်ဖို့ပေး အစိုးရကို တောင်းတဲ့အပိုင်းက တပိုင်းပါတယ်။”

အလုပ်ခွင့် အန္တရာယ် ကင်းရေး နဲ့ လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် အလုပ်သမားတွေ အတွက် လိုအပ်ချက်တွေကို အလုပ်သမား တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

တောင်းဆိုချက် က ၇ ချက်ရှိပါတယ်။ လစာတိုးရဖို့ အပြင်အလုပ်သမားဥပဒေအရ သတ်မှတ်ထားတဲ့အခွင့်အရေးတွေ ရဖို့၊ အလုပ်ရှင်အလုပ်သမား သဘောတူ ညီမှုတွေကိုလေးစာလိုက်နာဖို့၊ အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းပြီး စာချုပ် ချုပ်ဆိုဖို့၊ လု ပ်ငန်းခွင်သုံး ဓာတုဆေးရည် အမျိုးအမည်ကို အလုပ်သမားသမဂ္ဂတွေကို အသိပေးဖို့နဲ့လုပ်ငန်းခွင်ထဲ မှာ လူမှုရေး တရားမျှ တမှုရှိဖို့ လိုအပ်ချက်တွေ ဖြစ်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဖိုးဖြူက တော့ ဒီပြဿနာတွေ ဟာအလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ဖြေရှင်းရမယ့် ကိစ္စတခုလို့ မြင်ကြောင်းပြောပါတယ်။

“တောင်းဆိုချက်ကို ကျနော်တို့ မူအရထောက်ခံတယ်။ တောင်ဆိုရမယ့်မူအနေနဲ့ ပြောရင်တော့ နိုင်ငံလုံးဆိုင်ရာ သမဂ္ဂတွေပုံစံနဲ့ တောင်းဆိုတာက ပိုပြီးတော့ ထိရောက်ပြီး အရေးဆိုနိုင်တဲ့ အခြေအနေမျိုး တရားဥပဒေ ဘော င်ဝင်နိုင်တဲ့ အခြေအနေမျိုးဖြစ်မယ်လို့ ပထမဆုံး ဥပဒေ ရှုထောင့်က မြင်တယ်ပေါ့။ အဓိက ပြဿနာတွေကြုံနေရတဲ့ အခြေအနေတွေက စားဝတ်နေရေးဖူလုံတဲ့ အခြေခံကို မပြည့်စုံလို့ ကျနော်တို့ ဒီအခြေအနေတွေကို ခဏခဏ ကြုံတွေ့နေ ရတယ်လို့ မြင်မိပါ တယ်။ ဒီဟာက တဖက်တည်း ဖြေရှင်းရမယ့်ကိစ္စ မဟုတ်တော့ဘူးခင်ဗျ၊ သုံးပွင့်ဆိုင် ဖြေရှင်းရမယ့် ကိစ္စပါ။ ဒါဟာ Labour Economic နဲ့ ဆိုင်တဲ့ ပြဿနာတရပ်လို့ပဲ ကျနော်ကတော့ ရှုမြင်ပါတယ် ခင်ဗျာ။”

တိုင်ရီစက်ရုံမှာ အလုပ်သမား ၅၀၀ ဝန်းကျင်ရှိပြီး အခု ဆန္ဒပြ တောင်းဆိုနေသူက ၄၃၀ လောက် ရှိနေပါတယ်။ တခြားစက်ရုံတွေက အလုပ်သမား သမဂ္ဂတွေလည်း တိုင်ရီစက်ရုံရဲ့ ဆန္ဒထုတ်ဖော်ပွဲကို လာရောက် ဝန်းရံခဲ့ကြပါတယ်။

လှိုင်သာယာ စက်မှုဇုံ (၃) က တိုင်ရီဖိနပ်စက်ရုံဟာ ၂၀၁၂ ကတည်းကလို့ အလုပ်သမားတွေရဲ့ အခွင်အရေးနဲ့ပတ်သက်လို့ တောင်းဆိုခဲ့တာပါ။ ၂၀၁၅ နိုဝင်ဘာလတုန်းကလည်း နေပြည်တော်က အလုပ်သမားဝန်ကြီးဌာနနဲ့ သမ္မတရုံးကိုသွားရောက်ပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ တိုင်ကြားစာပေးပို့ခဲ့ပါတယ်။ တခြား အလုပ်သမားသမဂ္ဂတွေလည်း ဆက်လက်တောင်းဆိုခဲ့တာကြောင့် အစိုးရက အနိမ့်ဆုံးလုပ်ခလစာကို တရက် ၄၈၀၀ အဖြစ် ၂၀၁၈ မေလထဲမှာ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

XS
SM
MD
LG