သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ရှိရုပ်ပုံတွေ မီဒီယာမှာဖော်ပြခွင့် တာလီဘန် ပိတ်ပင်


လူတယောက်ကို ဓာတ်ပုံရိုက်ဖို့ကြိုးစားနေတဲ့ကင်မရာကို လက်ဝါးနဲ့အတင်းလိုက်ကာနေတဲ့ တာလီဘန်အဖွဲ့ဝင်တဦး။ (စက်တင်ဘာ ၃၀၊ ၂၀၂၁)
လူတယောက်ကို ဓာတ်ပုံရိုက်ဖို့ကြိုးစားနေတဲ့ကင်မရာကို လက်ဝါးနဲ့အတင်းလိုက်ကာနေတဲ့ တာလီဘန်အဖွဲ့ဝင်တဦး။ (စက်တင်ဘာ ၃၀၊ ၂၀၂၁)

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပြည်နယ်သုံးခုက သတင်းမီဒီယာတွေအနေနဲ့ သက်ရှိပုံတွေမပြသဖို့ တာလီဘန်တွေပိတ်ပင်လိုက်တာကို သတင်းအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ကြပါတယ်။

အာဖဂန်နစ်စတန်က Takhar ၊ Kandahar နဲ့ မေဒန်ဝါဒတ် ပြည်နယ်တွေမှာရှိတဲ့ အစိုးရသတင်းဌာန တွေကို အသက်ရှိတွေရဲ့ ပုံတွေမဖေါ်ပြဖို့ ဒီသီတင်းပတ်ထဲမှာပဲ ညွှန်ကြားထားကြောင်း တာလီဘန် အရာရှိတဦးက ပြောပါတယ်။ တာလီဘန်အရေးကျွမ်းကျင်သူတွေကတော့ တာလီဘန်တွေဟာ ဒေသတွင်းသတင်းမီဒီယာဌာနတွေကိုပါ သွားရောက်တွေ့ဆုံပြီး သူတို့ရဲ့ ပြဌာန်းထားချက်ကို ပြောပြခဲ့တယ်လို့ VOA ကို ပြောပါတယ်။

တာလီဘန်တွေရဲ့ သူတော်ကောင်းတရားပြန့်ပွါးရေး ဝန်ကြီးဌာနပြောခွင့်ရ Saiful Islam Khyber ကတော့ ဒီကျင့်ဝတ် ဥပဒေအသစ်ကို နိုင်ငံတဝှမ်းက နိုင်ငံသားအားလုံး ကျင့်သုံးအကောင်ထည် ဖေါ်ရမှာ ဖြစ်ကြောင်းပြောပါတယ်။ သက်ရှိတွေရဲ့ ရုပ်ပုံတွေကိုရိုက်ကူးတာဟာ အစ္စလာမ်မစ်ဥပဒေကို ချိုးဖေါက်ရာကျတယ်ဆိုတာ အများသိအောင် တာလီဘန်တွေကလုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ တာလီဘန်တွေရဲ့ အစ္စလာမ်မစ်ဥပဒေနဲ့ပတ်သက်ပြီး နောက်ဆုံးထုတ်ပြန်တဲ့ ဥပဒေလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မီဒီယာတွေအနေနဲ့ မွတ်ဆလင် ဒါမှမဟုတ် အစ္စလာမ်မစ်ဥပဒေအပြင် အမျိုးသမီးရပိုင်ခွင့် ဆိုင်ရာကန့်သတ်မှုတွေကို မလေးမစားမလုပ်ဖို့လည်း ဥပဒေထုတ်ပြန်ထားတာပါ။ အခု ဥပဒေသစ်ကို ချိုးဖေါက်ရင် ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။

၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ တာလီဘန်တွေအုပ်ချုပ်ခဲ့တဲ့ကာလတုန်းကတော့ သက်ရှိရုပ်တွေ တင်ပြရင် ထောင်ဒဏ်အပြစ်ပေးနိုင်တာ ဖြစ်ပါတယ်။ အခု ဥပဒေသစ်အတွင်း သတင်းမီဒီယာတွေ စိုးရိမ်နေရတယ်လို့ အာဖဂန်သတင်းမီဒီယာ တာဝန်ရှိသူတဦးက ပြောပါတယ်။

သက်ရှိရုပ်ပုံတွေ မီဒီယာမှာဖော်ပြခွင့် တာလီဘန် ပိတ်ပင်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG