သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းစည်းပုဝါမခြုံသူ အာဖဂန်အမျိုးသမီးတွေ အပန်းဖြေဥယျာဉ်တွေ လည်ပတ်ခွင့်တားမြစ်


အာဖဂန်နစ္စတန်နိုင်ငံ​Kabul မြို့ မြင်ကွင်း (သြဂုတ်၊ ၂၀၂၃)
အာဖဂန်နစ္စတန်နိုင်ငံ​Kabul မြို့ မြင်ကွင်း (သြဂုတ်၊ ၂၀၂၃)

အာဖဂန်နစ္စတန် နိုင်ငံမှာ တာလီဘန်ရဲ့ ကိုယ်ကျင့်တရားထိန်းသိမ်းရေး ဝန်ကြီးက အမျိုးသမီးတွေ ခေါင်းစည်းပုဝါကို စနစ်တကျ ဝတ်ဆင်မထားဘူးဆိုရင် အများပြည်သူသွားလာတဲ့ နိုင်ငံပိုင်ဥယျာဉ်တွေကို သွားရောက် လည်ပတ်ခွင့်မရှိဘူးလို့ တားမြစ်လိုက်ပါတယ်။ Bamiyan ပြည်နယ်အလယ်ပိုင်းရှိ နာမည်ကြီးပန်းခြံတခုဖြစ်တဲ့ Band-e-Amir ပန်းခြံကို ဝန်ကြီး Mohammad Khalid Hanafi လာရောက်လည်ပတ်ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ လည်းဖြစ်ပါတယ်။

“ရှုခင်းတွေကြည့်ဖို့ အလည်အပတ်ထွက်တာ အမျိုးသမီးတွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူး” လို့ ပန်းခြံကို သွားရောက်ခဲ့တဲ့ ဝန်ကြီး Hanifi ရဲ့ ခရီးစဉ်အပြီးမှာတာဝန်ရှိသူတွေနဲ့ ဘာသာရေးဆရာတွေကို ပြောခဲ့တယ်လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။ အမျိုးသမီးတွေကိုပန်းခြံထဲ မဝင်နိုင်အောင် လုံခြုံရေးတပ်ဖွဲ့တွေကို တာဝန်ပေးမယ်လို့လည်း ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အမျိုးသမီးအခွင့်အရေး တွဲဖက် ဒါရိုက်တာ Heather Barr ကတော့ အိမ်တွေက အကျဉ်းထောင်ဖြစ်လာပြီး၊ အမျိုးသမီးတွေအပေါ် တံတိုင်းတွေကာသလို အဆင့်ဆင့် ပိတ်လှောင်နေတယ် လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အမျိုးသမီးတွေရဲ့ ပညာသင်ခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်လှောင်ထားရုံသာမက၊ ပန်းခြံတွေ အားကစားကွင်းတွေသွားတာကိုပါ တားမြစ်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တာလီဘန်တွေဟာ ဆဋ္ဌမတန်းအောင်ပြီးတဲ့ အာဖဂန်နစ္စတန် အမျိုးသမီးတွေကို ဆက်လက် ကျောင်းတက်ခွင့် ပိတ်ပင်ထားသလို၊ ပြည်တွင်းပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်ခွင့်ကိုပါ ပိတ်ပင်ထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG