သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တမူး NLD အမတ္ေနအိမ္ ဗုံးပစ္ခံရ


တမူးျမိဳ႕ေျမပံု

(Zawgyi/ Unicode)

အိႏၵိယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕မွာ NLD အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္တဦးရဲ႕ေ နအိမ္ကို မေန႕ညက အမည္မသိ အဖြဲ႕ကေန လက္ပစ္ဗုံးနဲ႕ပစ္ခဲ့မွဳျဖစ္ပြား ခဲ့တာပါ။ ဒီလိုဗုံးနဲ႕ ပစ္ခဲ့ရာမွာ ေပါက္ကြဲမွဳ မရွိခဲ့သလို နယ္ေျမခံ ရဲတပ္ဖြဲ႕ကေန တရားခံကို စီစစ္ေနဆဲလို႕ဆိုပါတယ္။ ဒီဗုံးခြဲမႈ ျဖစ္စဥ္ဟာ ေဒသတြင္းလက္နက္ကိုင္ အဖြဲ႕နဲ႕ဆက္စပ္မွဳရွိနိုင္တယ္လို႕ တမူးေဒသခံ တခ်ိဳ႕က သံသယ ရွိေနတာပါ။ ဒီအေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ ထားပါတယ္။

စစ္ကိုင္းတိုင္းေဒသၾကီး တမူးျမိဳ႕က NLD အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္လတ္ ေနအိမ္ကို မေန႕ည က အမည္မသိအဖြဲ႕ကေန လက္ပစ္ဗုံးတလုံးနဲ႕ပစ္ခဲ့တာပါ။

ဒီလိုဗုံးနဲ႕ပစ္ခတ္တာမွာ ေပါက္ကြဲမႈ မရွိလို႕ထိခိုက္မႈ မရွိဘူးဆိုျပီး တမူးျမိဳ႕ခံ ကိုဆလိုင္းကဆိုပါတယ္။

“သူ႕အိမ္ထဲကို အမည္မသိလူတေယာက္က ဆိုင္ကယ္နဲ႕ သူ႕ရဲ႕အိမ္ထဲအိမ္ျခံ၀င္းကို လက္ပစ္ဗုံးေပါ့ အဲတာကိုပစ္ထဲ့ လိုက္တာ။ ဒါေပမဲ့ေပါက္ကြဲမွဳေတာ့ မျဖစ္ဘူး။ အဲဒီအိမ္မွာ သူ႕အေမရယ္၊ သူ႕ညီမရယ္ ေနတယ္။ သူကေတာ့ ေနျပည္ေတာ္မွာ လႊတ္ေတာ္အစည္းေ၀း တက္ေနတယ္ေလ။”

ဗုံးနဲ႕ပစ္ေပါက္မွဳအျပီး မေပါက္ကြဲေသးတဲ့ဗုံးကို နယ္ေျမခံရဲေတြကေနလာေရာက္ရွင္းလင္းခဲ့တယ္လို႕ တမူး နန္းဖာလုံေစ်းဥကၠဌ ဦးခင္ေမာင္ခ်ိဳကဆိုပါတယ္။

“(၇)နာရီ(၅)မိနစ္က ျဖစ္တာ။ မေပါက္ကြဲဘူးတဲ့။ ခ်က္ခ်င္းဘဲ အဲဒီမွာရဲေတြကလာျပီးေတာ့ေပါ့ေလ သူတို႕အကုန္လုံး ရွင္းလင္း သြားတယ္။ ဒီအခ်ိန္တုန္းက နဲနဲေတာ့ရုတ္ရုတ္ေတာ့ရွိတာေပါ့။

ဗုံးခြဲမွဳျဖစ္စဥ္အတြင္း ဦးေမာင္ေမာင္လတ္ဟာ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝး တက္ေရာက္ခ်ိန္ ျဖစ္လို႕ ေနအိမ္မွာ သူရဲ႕မိခင္ႏွင့္ ညီမ ျဖစ္သူတို႔သာ ရွိေနေၾကာင္းေဒသခံေတြကဆိုပါတယ္။

တမူးျမိဳ႕နယ္ ရဲမွဴးဦးမ်ိဳသိန္းက ဒီျဖစ္စဥ္ကိုစစ္ေဆးေနဆဲလို႕ေျပာပါတယ္။

“ျဖစ္စဥ္ကေတာ့မွန္ပါတယ္။ ထိခိုက္မွဳေတာ့မရွိပါဘူးခင္ဗ်။ မကြဲပါဘူး။ ကြ်န္ေတာ္တို႕ ဘာမွမျဖစ္ပါဘူး။ ညၾကီးျဖစ္တာ ေတာ့ ဘယ္သူဘယ္၀ါလဲ မသိလိုက္ဘူးေလ။ စုံစမ္းေနဆဲပါ အဲဒီလုပ္တဲ့လူ။”

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္လတ္ဟာ ၂၀၁၇ ခုႏွစ္တုန္းက တမူးေဒသဖက္မွာ ကသည္း လက္ နက္ကိုင္ေတြ အေျခခ် ေနထိုင္ေနတာနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ထဲမွာ ေမးခြန္းေမးခဲ့သူျဖစ္လို႕ ဒီဗုံးခြဲမွဳျဖစ္စဥ္ဟာ ကသည္းလက္နက္ကိုင္ အဖြဲ႕နဲ႕ဆက္စပ္မွဳရွိနိုင္တယ္လို႕ တမူးေဒသခံတခ်ိဳ႕က သံသယရွိေနတာပါ။

တမူးျမိဳ႕ခံ ကိုဆလိုင္းကေတာ့

“ျဖစ္နိုင္ေခ်ရွိတာေပါ့။ သူက တမူးဘက္မွာဆိုရင္ေတာ့ တရားမ၀င္ေနထိုင္တဲ့ ကသည္းလက္နက္ကိုင္ အဖြဲ႕ေတြရွိ တာကိုး။ အဲဒီကိစၥေတြကို သူကလႊတ္ေတာ္မွာ ေမးခြန္းေမးတဲ့ပုံစံမ်ိဳးနဲ႕တင္ျပခဲ့တာရွိေတာ့ သူ႕ကိုအျငိဳး ထားျပီးေတာ့ အဲဒီလိုမ်ိဳးလုပ္ၾကံဖို႕ ဒါမွမဟုတ္သူ႕ကို ပညာေပးဖို႕ ပညာျပဖို႕ အတြက္ ျခိမ္းေျခာက္တဲ့အေနနဲ႕ လုပ္တာ ျဖစ္နိုင္တယ္လို႕ကြ်န္ေတာ္ေတာ့ထင္တယ္။”

ကသည္းလက္နက္ကိုင္အဖြဲ႕နဲ႕ပက္သက္တယ္ဆိုတဲ့ ေျပာဆိုခ်က္အေပၚထင္ျမင္ခ်က္မေပးလိုဘဲ တရားခံဖမ္းမိမွ သိမယ္လို႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္လတ္ကေျပာပါတယ္။

“တာ၀န္ရွိသူေတြ တရားခံ ဖမ္းမိမွဘဲ ဒီအေျဖေတြသိမွာေပါ့။ မဖမ္းမိရင္ မသိနိုင္ပါဘူး။”

တမူးျမိဳ႕နယ္ဟာ အိႏၵိယ ျမန္မာနယ္စပ္မွာရွိေနတာျဖစ္ျပီး တမူးၿမိဳ႕ေပၚနဲ႔ အနီးအနား ေက်း႐ြာေတြမွာ ကသည္း သူပုန္ေတြ ေနထိုင္ေနၾကပါတယ္။

အိႏၵိယအစိုးရဖက္ကသူတို႔ကို ဆန႔္က်င္တဲ့ ကသည္းသူပုန္ေတြ ျမန္မာဘက္ထဲ အေျခမခ်ေစဖို႔ ျမန္မာအစိုးရကို ေတာင္းဆိုေလ့ရွိေပမဲ့ တမူးျမိဳ႕နဲ႕ ခ်င္းျပည္နယ္တြန္းဇံျမိဳ႕နယ္ ျမိဳ႕နယ္ထဲမွာေတာ့ ကသည္းသူပုန္တပ္ဖြဲ႕ေတြ အေျချပဳေနထိုင္ေနၾကပါတယ္။

ဒီလိုကသည္းသူပုန္ေတြအေျခခ်ေနမွဳကို သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္ေတြက လႊတ္ေတာ္မွာတင္ျပေနၾက ေပမဲ့ တပ္မေတာ္ဘက္က ရွင္းလင္းတာမ်ိဳးေတာ့မေတြ႕ရေသးပါဘူး။

တမူး NLD အမတ္ေနအိမ္ ဗုံးပစ္ခံရ
please wait

No media source currently available

0:00 0:02:56 0:00
တိုက္႐ိုက္ လင့္ခ္


...............................

တမူး NLD အမတ်နေအိမ် ဗုံးပစ်ခံရ

(Unicode)

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးရဲ့နေအိမ်ကို မနေ့ညက အမည်မသိ အဖွဲ့ကနေ လက်ပစ်ဗုံးနဲ့ပစ်ခဲ့မှုဖြစ်ပွား ခဲ့တာပါ။ ဒီလိုဗုံးနဲ့ ပစ်ခဲ့ရာမှာ ပေါက်ကွဲမှု မရှိခဲ့သလို နယ်မြေခံ ရဲတပ်ဖွဲ့ကနေ တရားခံကို စီစစ်နေဆဲလို့ဆိုပါတယ်။ ဒီဗုံးခွဲမှု ဖြစ်စဉ်ဟာ ဒေသတွင်းလက်နက်ကိုင် အဖွဲ့နဲ့ဆက်စပ်မှုရှိနိုင်တယ်လို့ တမူးဒေသခံ တချို့က သံသယ ရှိနေတာပါ။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့က NLDအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ် နေအိမ်ကို မနေ့ည က အမည်မသိအဖွဲ့ကနေ လက်ပစ်ဗုံးတလုံးနဲ့ပစ်ခဲ့တာပါ။

ဒီလိုဗုံးနဲ့ပစ်ခတ်တာမှာ ပေါက်ကွဲမှု မရှိလို့ထိခိုက်မှု မရှိဘူးဆိုပြီး တမူးမြို့ခံ ကိုဆလိုင်းကဆိုပါတယ်။

“သူ့အိမ်ထဲကို အမည်မသိလူတယောက်က ဆိုင်ကယ်နဲ့ သူ့ရဲ့အိမ်ထဲအိမ်ခြံဝင်းကို လက်ပစ်ဗုံးပေါ့ အဲတာကိုပစ်ထဲ့ လိုက်တာ။ ဒါပေမဲ့ပေါက်ကွဲမှုတော့ မဖြစ်ဘူး။ အဲဒီအိမ်မှာ သူ့အမေရယ်၊ သူ့ညီမရယ် နေတယ်။ သူကတော့ နေပြည်တော်မှာ လွှတ်တော်အစည်းဝေး တက်နေတယ်လေ။”

ဗုံးနဲ့ပစ်ပေါက်မှုအပြီး မပေါက်ကွဲသေးတဲ့ဗုံးကို နယ်မြေခံရဲတွေကနေလာရောက်ရှင်းလင်းခဲ့တယ်လို့ တမူး နန်းဖာလုံဈေးဥက္ကဌ ဦးခင်မောင်ချိုကဆိုပါတယ်။

“(၇)နာရီ(၅)မိနစ်က ဖြစ်တာ။ မပေါက်ကွဲဘူးတဲ့။ ချက်ချင်းဘဲ အဲဒီမှာရဲတွေကလာပြီးတော့ပေါ့လေ သူတို့အကုန်လုံး ရှင်းလင်း သွားတယ်။ ဒီအချိန်တုန်းက နဲနဲတော့ရုတ်ရုတ်တော့ရှိတာပေါ့။

ဗုံးခွဲမှုဖြစ်စဉ်အတွင်း ဦးမောင်မောင်လတ်ဟာ အမျိုးသားလွှတ်တော်အစည်းအဝေး တက်ရောက်ချိန် ဖြစ်လို့ နေအိမ်မှာ သူရဲ့မိခင်နှင့် ညီမ ဖြစ်သူတို့သာ ရှိနေကြောင်းဒေသခံတွေကဆိုပါတယ်။

တမူးမြို့နယ် ရဲမှူးဦးမျိုသိန်းက ဒီဖြစ်စဉ်ကိုစစ်ဆေးနေဆဲလို့ပြောပါတယ်။

“ဖြစ်စဉ်ကတော့မှန်ပါတယ်။ ထိခိုက်မှုတော့မရှိပါဘူးခင်ဗျ။ မကွဲပါဘူး။ ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး။ ညကြီးဖြစ်တာ တော့ ဘယ်သူဘယ်ဝါလဲ မသိလိုက်ဘူးလေ။ စုံစမ်းနေဆဲပါ အဲဒီလုပ်တဲ့လူ။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ဟာ ၂၀၁၇ ခုနှစ်တုန်းက တမူးဒေသဖက်မှာ ကသည်း လက် နက်ကိုင်တွေ အခြေချ နေထိုင်နေတာနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ မေးခွန်းမေးခဲ့သူဖြစ်လို့ ဒီဗုံးခွဲမှုဖြစ်စဉ်ဟာ ကသည်းလက်နက်ကိုင် အဖွဲ့နဲ့ဆက်စပ်မှုရှိနိုင်တယ်လို့ တမူးဒေသခံတချို့က သံသယရှိနေတာပါ။

တမူးမြို့ခံ ကိုဆလိုင်းကတော့

“ဖြစ်နိုင်ချေရှိတာပေါ့။ သူက တမူးဘက်မှာဆိုရင်တော့ တရားမဝင်နေထိုင်တဲ့ ကသည်းလက်နက်ကိုင် အဖွဲ့တွေရှိ တာကိုး။ အဲဒီကိစ္စတွေကို သူကလွှတ်တော်မှာ မေးခွန်းမေးတဲ့ပုံစံမျိုးနဲ့တင်ပြခဲ့တာရှိတော့ သူ့ကိုအငြိုး ထားပြီးတော့ အဲဒီလိုမျိုးလုပ်ကြံဖို့ ဒါမှမဟုတ်သူ့ကို ပညာပေးဖို့ ပညာပြဖို့ အတွက် ခြိမ်းခြောက်တဲ့အနေနဲ့ လုပ်တာ ဖြစ်နိုင်တယ်လို့ကျွန်တော်တော့ထင်တယ်။”

ကသည်းလက်နက်ကိုင်အဖွဲ့နဲ့ပက်သက်တယ်ဆိုတဲ့ ပြောဆိုချက်အပေါ်ထင်မြင်ချက်မပေးလိုဘဲ တရားခံဖမ်းမိမှ သိမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ကပြောပါတယ်။

“တာဝန်ရှိသူတွေ တရားခံ ဖမ်းမိမှဘဲ ဒီအဖြေတွေသိမှာပေါ့။ မဖမ်းမိရင် မသိနိုင်ပါဘူး။”

တမူးမြို့နယ်ဟာ အိန္ဒိယ မြန်မာနယ်စပ်မှာရှိနေတာဖြစ်ပြီး တမူးမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေမှာ ကသည်း သူပုန်တွေ နေထိုင်နေကြပါတယ်။

အိန္ဒိယအစိုးရဖက်ကသူတို့ကို ဆန့်ကျင်တဲ့ ကသည်းသူပုန်တွေ မြန်မာဘက်ထဲ အခြေမချစေဖို့ မြန်မာအစိုးရကို တောင်းဆိုလေ့ရှိပေမဲ့ တမူးမြို့နဲ့ ချင်းပြည်နယ်တွန်းဇံမြို့နယ် မြို့နယ်ထဲမှာတော့ ကသည်းသူပုန်တပ်ဖွဲ့တွေ အခြေပြုနေထိုင်နေကြပါတယ်။

ဒီလိုကသည်းသူပုန်တွေအခြေချနေမှုကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာတင်ပြနေကြ ပေမဲ့ တပ်မတော်ဘက်က ရှင်းလင်းတာမျိုးတော့မတွေ့ရသေးပါဘူး။

XS
SM
MD
LG