သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တာလီဘန္အစိုးရကို ကမ႓ာက အသိအမွတ္ျပဳဖို႔ တာလီဘန္ ယာယီဝန္ႀကီးခ်ဳပ္ တိုက္တြန္း


আফগানিস্তানের রাজধানী কাবুলে সাবেক প্রেসিডেন্ট প্রাসাদে একটি অর্থনৈতিক সম্মেলনে বক্তৃতা করছেন তালিবান প্রধানমন্ত্রী মোহাম্মদ হাসান আখুন্দ। বুধবার, ১৯ জানুয়ারী, ২০২২।


တာလီဘန္အစိုးရကို ကမ႓ာက အသိအမွတ္ျပဳဖို႔ တာလီဘန္ ယာယီဝန္ႀကီးခ်ဳပ္ တိုက္တြန္း


{{Zawgyi/Unicode}}
အာဖဂန္နစၥတန္အစိုးရသစ္မွာ လိုအပ္တဲ့ အေျခအေနအားလံုးျဖည့္ဆည္းထားၿပီးျဖစ္တာေၾကာင့္ သူတို႔ကို အစိုးရအျဖစ္ တရားဝင္အသိအမွတ္ျပဳဖို႔ တာလီဘန္ယာယီဝန္ႀကီးခ်ဳပ္က ကမၻာ့အသိုင္းအ၀န္းကို ဗုဒၶဟူးေန႔က ေတာင္းဆိုလိုက္ပါတယ္။

ကာဘူလ္ၿမိဳ႕ေတာ္မွာျပဳလုပ္တဲ့ ညီလာခံတခုမွာ ယာယီဝန္ႀကီးခ်ဳပ္ Mohammad Hassan Akhund သူ႔ရဲ႕ မိန္႔ခြန္းထဲ ထည့္သြင္းေျပာဆိုခဲ့တာပါ။ ၿပီးခဲ့တဲ့ ၾသဂုတ္လက တာလီဘန္ေတြ အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံတြင္း ရင္ဆိုင္ေနရတဲ့ ကေသာင္းကနင္းျဖစ္ေနတဲ့ စီးပြားေရးအေျခအေနကို ေဆြးေႏြးဖို႔ သူဦးေဆာင္တဲ့ ၾကားျဖတ္အစိုးရက ညီလာခံေခၚယူက်င္းပတာျဖစ္ပါတယ္။ အဲဒီညီလာခံကို ကုလသမဂၢတာဝန္ရွိသူေတြလည္း တက္ေရာက္ခဲ့ၾကပါတယ္။

အထူးသျဖင့္ အစၥလာမ္ႏိုင္ငံအခ်င္းခ်င္း အျခားသူေတြကို ေစာင့္မေနဘဲ သူတို႔ကို အရင္ဆံုး ဦးေဆာင္ အသိအမွတ္ျပဳဖို႔ Akhund က တိုက္တြန္းခဲ့ပါတယ္။ ဒါအျပင္ သူတို႔ကို တရား၀င္အသိအမွတ္ျပဳျခင္းအားျဖင့္ အာဖဂန္ ရင္ဆိုင္ေနရတဲ့ စီးပြားေရး အေျခအေန ဆိုးရြားမႈနဲ႔ လူသာခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းေရး အရိွန္အဟုန္နဲ႔ႀကိဳးပမ္းရာမွာ အေထာက္အကူျဖစ္ေစမယ္လို႔ လည္း သူက အခိုင္အမာေျပာၾကားခဲ့ပါတယ္။

တာလီဘန္တို႔ဖဲြ႕ထားတဲ့ အစိုးရကို တရားဝင္အျဖစ္ ဘယ္ႏိုင္ငံကမွ အသိအမွတ္မျပဳေသးပဲ ဒီတႀကိမ္ တာလီဘန္တို႔အေနနဲ႔ ဘယ္လိုအုပ္ခ်ဳပ္မလဲဆိုတာကို ေစာင့္ၾကည့္ေနၾကဆဲရွိပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္


တာလီဘန်အစိုးရကို ကမ္ဘာက အသိအမှတ်ပြုဖို့ တာလီဘန် ယာယီဝန်ကြီးချုပ် တိုက်တွန်း


{{Zawgyi/Unicode}}
အာဖဂန်နစ္စတန်အစိုးရသစ်မှာ လိုအပ်တဲ့ အခြေအနေအားလုံးဖြည့်ဆည်းထားပြီးဖြစ်တာကြောင့် သူတို့ကို အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ တာလီဘန်ယာယီဝန်ကြီးချုပ်က ကမ္ဘာ့အသိုင်းအဝန်းကို ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

ကာဘူလ်မြို့တော်မှာပြုလုပ်တဲ့ ညီလာခံတခုမှာ ယာယီဝန်ကြီးချုပ် Mohammad Hassan Akhund သူ့ရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လက တာလီဘန်တွေ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း ရင်ဆိုင်နေရတဲ့ ကသောင်းကနင်းဖြစ်နေတဲ့ စီးပွားရေးအခြေအနေကို ဆွေးနွေးဖို့ သူဦးဆောင်တဲ့ ကြားဖြတ်အစိုးရက ညီလာခံခေါ်ယူကျင်းပတာဖြစ်ပါတယ်။ အဲဒီညီလာခံကို ကုလသမဂ္ဂတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အထူးသဖြင့် အစ္စလာမ်နိုင်ငံအချင်းချင်း အခြားသူတွေကို စောင့်မနေဘဲ သူတို့ကို အရင်ဆုံး ဦးဆောင် အသိအမှတ်ပြုဖို့ Akhund က တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် သူတို့ကို တရားဝင်အသိအမှတ်ပြုခြင်းအားဖြင့် အာဖဂန် ရင်ဆိုင်နေရတဲ့ စီးပွားရေး အခြေအနေ ဆိုးရွားမှုနဲ့ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရေး အရှိန်အဟုန်နဲ့ကြိုးပမ်းရာမှာ အထောက်အကူဖြစ်စေမယ်လို့ လည်း သူက အခိုင်အမာပြောကြားခဲ့ပါတယ်။

တာလီဘန်တို့ဖွဲ့ထားတဲ့ အစိုးရကို တရားဝင်အဖြစ် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုသေးပဲ ဒီတကြိမ် တာလီဘန်တို့အနေနဲ့ ဘယ်လိုအုပ်ချုပ်မလဲဆိုတာကို စောင့်ကြည့်နေကြဆဲရှိပါတယ်။

XS
SM
MD
LG