သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တယ္လီေနာကုမၸဏီ လက္လဲႊေရာင္းခ်မႈ ျမန္မာစစ္ေကာင္စီအတည္ျပဳ


စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္တြင္းက ထြက္ခြါဖို႔ လုပ္ငန္းေရာင္းခ်လိုက္တဲ့ တယ္လီေနာကုမၸဏီ 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံက ထြက္သြားတဲ့ တယ္လီေနာကုမၸဏီျပန္ေရာင္းခ်မူကို ျမန္မာစစ္ေကာင္စီက ေနာက္ဆံုးမွာ အတည္ျပဳေပးလိုက္ပါၿပီ။

ေနာ္ေဝးႏိုင္ငံအေျခစိုက္ တယ္လီဖုန္းဆက္သြယ္ေရးကုမၸဏီႀကီး တယ္လီေနာအေနနဲ႔ စစ္အာဏာသိမ္းအၿပီး ဆက္လုပ္ဖို႔မျဖစ္ႏိုင္တာေၾကာင့္ လက္ဘႏြန္ႏိုင္ငံအေျခစိုက္ MI Group ကုမၸဏီစုႀကီးကို မႏွစ္ ဇူလိုင္က ေရာင္းခ်ခဲ့အၿပီး အခုမွ ခုလို အတည္ျပဳခ်က္ရလိုက္တာပါ။ အခုလိုအတည္ျပဳခ်က္ရေၾကာင္း ဒီ ကုမၸဏီ ၂ ခုလံုးက ဒီေန႔ေၾကညာခ်က္ထုတ္ခဲ့ရာမွာ M1 Group ကုမၸဏီရဲ႕ Investcom PTE လီမီတက္ကို လႊဲေျပာင္းေရာင္းခ်ေၾကာင္း ေလွ်ာက္လႊာကို ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္က အတည္ျပဳအေၾကာင္းျပန္ခဲ့တာလို႔ ဆိုပါတယ္။

ဒါ့အျပင္ အခုလႊဲေျပာင္းဝယ္ယူခဲ့တဲ့ M1 ရဲ႕ Investcom ကုမၸဏီအေနနဲ႔ ျမန္မာျပည္တြင္းကုမၸဏီ ေရႊဗိ်ဳင္းျဖဴနဲ႔ ဖက္စပ္ ဆက္လုပ္သြားဖို႔ ရွိတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီနဲ႔နီးစပ္တဲ့ ေရႊဗ်ိဳင္းျဖဴကုမၸဏီအေနနဲ႔ အစုရွယ္ရာအမ်ားစု ၈၀ % ကို ပိုင္ဆိုင္မွာျဖစ္တယ္လို႔ ကုမၸဏီနဲ႔နီးစပ္သူတဦးက VOA ကိုေျပာပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီနဲ႔ နီးစပ္တာကိုေတာ့ ကုမၸဏီဘက္က ျငင္းဆိုထားပါတယ္။

ျမန္မာစစ္အာဏာသိမ္းအၿပီး တယ္လီေနာျမန္မာကုမၸဏီအေနနဲ႔ သံုးစြဲသူေတြကို ေစာင့္ၾကည့္ေထာက္လွမ္းတဲ့ ကရိယာေတြတပ္ေပးဖို႔ စစ္ေကာင္စီက ေတာင္းဆိုလာတာကို မေပးခ်င္တာေၾကာင့္ အခုလို ျမန္မာႏိုင္ငံက ျပန္ထြက္ခဲ့ရတာလို႔ ေနာက္ပိုင္းမွာ တယ္လီေနာဘက္က ရွင္းျပထားခဲ့ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

တယ်လီနောကုမ္ပဏီ လက်လွဲှရောင်းချမှု မြန်မာစစ်ကောင်စီအတည်ပြု

မြန်မာနိုင်ငံက ထွက်သွားတဲ့ တယ်လီနောကုမ္ပဏီပြန်ရောင်းချမူကို မြန်မာစစ်ကောင်စီက နောက်ဆုံးမှာ အတည်ပြုပေးလိုက်ပါပြီ။

နော်ဝေးနိုင်ငံအခြေစိုက် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီကြီး တယ်လီနောအနေနဲ့ စစ်အာဏာသိမ်းအပြီး ဆက်လုပ်ဖို့မဖြစ်နိုင်တာကြောင့် လက်ဘနွန်နိုင်ငံအခြေစိုက် MI Group ကုမ္ပဏီစုကြီးကို မနှစ် ဇူလိုင်က ရောင်းချခဲ့အပြီး အခုမှ ခုလို အတည်ပြုချက်ရလိုက်တာပါ။ အခုလိုအတည်ပြုချက်ရကြောင်း ဒီ ကုမ္ပဏီ ၂ ခုလုံးက ဒီနေ့ကြေညာချက်ထုတ်ခဲ့ရာမှာ M1 Group ကုမ္ပဏီရဲ့ Investcom PTE လီမီတက်ကို လွှဲပြောင်းရောင်းချကြောင်း လျှောက်လွှာကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အတည်ပြုအကြောင်းပြန်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အခုလွှဲပြောင်းဝယ်ယူခဲ့တဲ့ M1 ရဲ့ Investcom ကုမ္ပဏီအနေနဲ့ မြန်မာပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူနဲ့ ဖက်စပ် ဆက်လုပ်သွားဖို့ ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီနဲ့နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအနေနဲ့ အစုရှယ်ရာအများစု ၈၀ % ကို ပိုင်ဆိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီနဲ့နီးစပ်သူတဦးက VOA ကိုပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီနဲ့ နီးစပ်တာကိုတော့ ကုမ္ပဏီဘက်က ငြင်းဆိုထားပါတယ်။

မြန်မာစစ်အာဏာသိမ်းအပြီး တယ်လီနောမြန်မာကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေကို စောင့်ကြည့်ထောက်လှမ်းတဲ့ ကရိယာတွေတပ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုလာတာကို မပေးချင်တာကြောင့် အခုလို မြန်မာနိုင်ငံက ပြန်ထွက်ခဲ့ရတာလို့ နောက်ပိုင်းမှာ တယ်လီနောဘက်က ရှင်းပြထားခဲ့ပါတယ် ခင်ဗျာ။

=================

XS
SM
MD
LG