သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း တယ်လီနောဆယ်သွယ်ရေးလုပ်ငန်း အရှုံးပေါ်


Serbia နိုင်ငံ Belgrade မြို့က အဆောက်အဦးတခုပေါ်က Telenor ကုမ္ပဏီ တံဆိပ်။ (မတ် ၂၁၊ ၂၀၁၈)
Serbia နိုင်ငံ Belgrade မြို့က အဆောက်အဦးတခုပေါ်က Telenor ကုမ္ပဏီ တံဆိပ်။ (မတ် ၂၁၊ ၂၀၁၈)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆုတ်ယုတ်ကျဆင်းလာတဲ့အတွက် ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ နော်ဝေနိုင်ငံက တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီ လုပ်ငန်းတွေ အရှုံးပေါ်နေပါတယ်။

ပြည်တွင်း နိုင်ငံရေးအခြေအနေတွေကြောင်း တယ်လီနောရဲ့ ပထမလေးလပတ် အမြတ်အစွန်းတွေ ထိုးကျသွားသလို ကုမ္ပဏီရှယ်ယာတန်ဖိုးတွေပါ ကျဆင်းသွားတာပါ။ ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ ဝင်ရောက်လုပ်ကိုင်နေတဲ့ တယ်လီနောက သူ့လုပ်ငန်းတွေဆက်ပြီး လည်ပတ်နေမှာဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တင်းကြပ်တဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီနှစ် ပထမလေးလပတ်အတွင်း တယ်လီနော ဖုန်းလိုင်းအသုံးပြုသူ ၂,၀၀၀,၀၀၀ တိုးလာတဲ့အတွက် လက်ရှိချိန်ထိ သုံးစွဲသူ ၁၈.၂ သန်းထိရောက်လာပါတယ်။ ဒါပေမဲ့လည်း မတ်လ ၁၅ ရက်နေ့တုန်းကတော့ တနိုင်ငံလုံးက မိုဘိုင်းအင်တာနက်ကွန်ယက်တွေ ပိတ်ပစ်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် တယ်လီနောဖုန်းလိုင်း အသုံးပြုသူ တဝက်လောက်ကျသွားတယ်လို့ ကုမ္ပဏီကပြောပါတယ်။

မသေချာမရေရာမှုှတွေနဲ့ ဖွံ့ဖြိုးတိုးတက်မယ့်အလားအလာတွေ သိပ်မတွေ့ရတဲ့ မြန်မာနိုင်ငံမှာ စိန်ခေါ်ချက်တွေ ရှိနေပေမဲ့လည်း ကုမ္ပဏီလုပ်ငန်းတွေ လည်ပတ်နေခြင်းအားဖြင့် အပြောင်းအလဲတွေ ဖော်ဆောင်နေတယ်ဆိုတာ ဆက်ပြီး ယုံကြည်နေပါသေးတယ်လို့ တယ်လီနော အမှူဆောင်အရာရှိချုပ် Sigve Brekke က ပြောပါတယ်။

ရှယ်ယာတန်ဖိုးတွေလည်း ဒီကနေ့ဈေးပိတ်ချိန်မှာ ၂ ရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်။ ဥရောပ၊ အာရှတိုက် နိုင်ငံပေါင်း ၉ နိုင်ငံမှာ တယ်လီနောကုမ္ပဏီ လုပ်ကိုင်နေတာဖြစ်ပြီး သုံးစွဲသူ ၁၈၇ သန်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG