သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ ဆူဒန် အမေရိကန်မှာ ယာယီအကာအကွယ်ပေး နေထိုင်ခွင့် (TPS) သက်တမ်းတိုး


ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦ (ဇန်နဝါရီ ၂၆၊ ၂၀၁၇)
ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦ (ဇန်နဝါရီ ၂၆၊ ၂၀၁၇)

အမေရိကန်ပြည်ထောင်စုကို ရောက်နေကြတဲ့ ဆူဒန်နဲ့ ယူကရိန်းအပါအဝင် နိုင်ငံ ၆ ခုက နိုင်ငံသားတွေကို ယာယီအကာအကွယ်ပေးရေး TPS အစီအစဉ်အရ နိုင်ငံထဲမှာ နောက်ထပ် ၁၈ လ ဆက်လက် နေထိုင်ခွင့် ပေးဖို့ အစိုးရက သက်တမ်းတိုးခဲ့ပါတယ်။ တောင်အမေရိကတိုက်ထဲက El Salvador, Honduras, Nicaragua နဲ့ တောင်အာရှက Nepal နိုင်ငံတွေကိုလည်း ယာယီနေထိုင်ခွင့် သက်တမ်းတိုးပေးခဲ့တာမို့ အဲဒီနိုင်ငံတွေက နိုင်ငံသားတွေအနေနဲ့ ၂၀၂၅ ခုနှစ်အထိ အမေရိကန်ထဲမှာ နေထိုင်ခွင့်ရကြမှာဖြစ်ပါတယ်။

နေရပ်ရင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်နိုင်ဖို့ ဘေးကင်းလုံခြုံမှု မရှိဘူးလို့ အမေရိကန်အစိုးရက သတ်မှတ်တဲ့နိုင်ငံတွေက နိုင်ငံသားတွေအနေနဲ့ ယာယီအကာအကွယ်ပေးရေး TPS အစီအစဉ်အရ အမေရိကန်မှာ သတ်မှတ်ချက်နဲ့ ဆက်လက်နေထိုင်ခွင့်ရကြပါတယ်။

မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့သူတွေအတွက်လည်း TPS အစီအစဉ်အရ ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့အထိ နိုင်ငံထဲမှာ ယာယီနေထိုင်ခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မတ်လမှာ မြန်မာနိုင်ငံသားတွေကို TPS အစီအစဉ်နဲ့ ဆက်လက်နေထိုင်ခွင့် စတင်ပေးခဲ့တာပါ။ ပထမတကြိမ် ၁၈ လခွင့်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ်က ဒုတိယတကြိမ် ၁၈ လ သက်တမ်းတိုးပေးထားတဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ အမေရိကန်ထဲမှာ TSP အစီအစဉ်ကို လျှောက်ထားပြီး ရှေ့နှစ် နိုဝင်ဘာ ၂၅ ရက်နေ့အထိ ယာယီနေထိုင် နိုင်ကြပါတယ်။ အဲဒီလို နေထိုင်ခွင့်ပေးထားသူတွေအနေနဲ့ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ်ကိုလည်း လျှောက်ထားနိုင်ကြပါတယ်။

လက်ရှိနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ အာဖရိကနိုင်ငံက နိုင်ငံသားတွေအပါအဝင် ပဋိပက္ခတွေဖြစ်နေကြတဲ့နိုင်ငံတွေက နိုင်ငံသားတွေကို TPS အစီအစဉ်နဲ့ နေထိုင်ခွင့်ပြုဖို့ကိုလည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေကြသူတွေက အမေရိကန်အစိုးရကို တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG