သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလေယာဉ်ပျက်ကျမှု ၁၀ ဦးသေ


မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရဲ့ အနောက်ဘက် Selangor ပြည်နယ်အတွင်း လေယာဉ်ငယ်တစင်းပျက်ကျခဲ့တဲ့နေရာကို မီးသတ်နဲ့ကယ်ဆယ်ရေးဌာန တာဝန်ရှိသူများ စစ်ဆေးနေကြစဉ် (သြဂုတ် ၁၇၊ ၂၀၂၃)
မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရဲ့ အနောက်ဘက် Selangor ပြည်နယ်အတွင်း လေယာဉ်ငယ်တစင်းပျက်ကျခဲ့တဲ့နေရာကို မီးသတ်နဲ့ကယ်ဆယ်ရေးဌာန တာဝန်ရှိသူများ စစ်ဆေးနေကြစဉ် (သြဂုတ် ၁၇၊ ၂၀၂၃)

မလေးရှားနိုင်ငံ မြို့တော်အနီး လေးလမ်းသွား အဝေးပြေးလမ်း တနေရာမှာ ကြာသပတေးနေ့က လေယာဉ်ငယ်တစီး ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ်ပါ လူရှစ်ဦးနဲ့ မြေပြင်ပေါ်က မော်တော်ဆိုင်ကယ်မောင်းသူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲချုပ်က ပြောပါတယ်။ မြို့တော်ကွာလာလမ်ပူရဲ့ အနောက်ဘက် Selangor ပြည်နယ်အတွင်း လေယာဉ် ပျက်ကျခဲ့တဲ့ နေရာကနေ အမဲရောင် မီးခိုးလုံးကြီးတွေ ထူထပ်စွာ တက်လာတာကို အခင်းဖြစ်ပွားတဲ့နေရာက ရိုက်တင်တဲ့ ဗီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။ အခုလို လူ ၁၀ ဦး သေဆုံးခဲ့ရတဲ့ လေယာဉ်ငယ်ပျက်ကျရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

"စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့်ပြီး သေသေချာချာလုပ်ဆောင်ဖို့ ညွှန်ကြားထားကြောင်းနဲ့ အကြောင်းအရင်းကိုသိတာနဲ့ အမြန်ဆုံး လူသိရှင်ကြား ထုတ်ပြန်ပေးသွားမှာပါ" လို့လည်း သတင်းထောက်တွေကို သူက ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရဲ့ အနောက်ဘက် Selangor ပြည်နယ်အတွင်း လေယာဉ်ငယ်တစင်းပျက်ကျခဲ့တဲ့နေရာကို မီးသတ်နဲ့ကယ်ဆယ်ရေးဌာန တာဝန်ရှိသူများ စစ်ဆေးနေကြစဉ် (သြဂုတ် ၁၇၊ ၂၀၂၃)
မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရဲ့ အနောက်ဘက် Selangor ပြည်နယ်အတွင်း လေယာဉ်ငယ်တစင်းပျက်ကျခဲ့တဲ့နေရာကို မီးသတ်နဲ့ကယ်ဆယ်ရေးဌာန တာဝန်ရှိသူများ စစ်ဆေးနေကြစဉ် (သြဂုတ် ၁၇၊ ၂၀၂၃)

ဒီလေယာဉ်ငယ်မှာ အခြား လေယာဉ်ငယ်တွေလို CVR လို့ခေါ်တဲ့ လေယာဉ်မှူးရဲ့ နောက်ဆုံးစကားပြောဆိုမှုတွေနဲ့ အခြားအသံတွေအပါအဝင်၊ လေယာဉ်မှူးခန်းအတွင်း ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်တဲ့ မှတ်တမ်းတင်စက် တခုသာတပ်ဆင်ထားပြီး ပျံသန်းမှုဒေတာ မှတ်တမ်းတင်စက် (Black Box) တပ်ဆင်ထားခြင်း မရှိဘူးလို့ မလေးရှားရဲချုပ် Razarudin Husain က ဒီနေ့ပဲ ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေအားလုံးကို ရရှိထားပြီး၊ ရှာဖွေရေး လုပ်ငန်းတွေရဲ့ ၉၅ ရာခိုင်နှုန်း ပြီးစီးသွားပြီမို့ တရက်အတွင်း အပြီးသတ်ဖို့ မျှော်လင့်ထားတယ်လို့လည်း သူက ပြောပါတယ်။

မလေးရှားလေယာဉ်ပျက်ကျမှု ၁၀ ဦးသေ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG