သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဈေးကွက်အတွက် တရုတ်နိုင်ငံထုတ် Tesla model Y ထွက်လာပြီ


တရုတ်နိုင်ငံ Beijing မှာလုပ်တဲ့ မော်ဒယ်လ် "Y" အမျိုးအစား “Tesla” လျှပ်စစ် ကားပြပွဲ။ (ဇန်နဝါရီ ၀၅၊ ၂၀၂၁)
တရုတ်နိုင်ငံ Beijing မှာလုပ်တဲ့ မော်ဒယ်လ် "Y" အမျိုးအစား “Tesla” လျှပ်စစ် ကားပြပွဲ။ (ဇန်နဝါရီ ၀၅၊ ၂၀၂၁)

[Zawgyi/Unicode]

တရုတ်နိုင်ငံ Beijing မှာလုပ်တဲ့ မော်ဒယ်လ် "Y" အမျိုးအစား “Tesla” လျှပ်စစ် ကားပြပွဲ။ (ဇန်နဝါရီ ၀၅၊ ၂၀၂၁)
တရုတ်နိုင်ငံ Beijing မှာလုပ်တဲ့ မော်ဒယ်လ် "Y" အမျိုးအစား “Tesla” လျှပ်စစ် ကားပြပွဲ။ (ဇန်နဝါရီ ၀၅၊ ၂၀၂၁)

တရုတ်ဈေးကွက်အတွက် တရုတ်နိုင်ငံမှာပဲ သီးသန့်ထုတ်တဲ့ ဒုတိယမြောက် “Tesla” လျှပ်စစ်ကား ထွက်လာပါပြီ။ မော်ဒယ်လ် "Y" အမျိုးအစား Tesla လျှပ်စစ်ကားတွေ တရုတ်နိုင်ငံထဲ စတင်ဖြန့်ဖြူးပြီလို့ “Tesla” လျှပ်စစ် ကားကုမ္ပဏီက တွစ်တာလူမှုကွန်ရက်ကနေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံထုတ် မော်ဒယ်လ် 3 ထွက်လာပြီးတဲ့နောက်၊ တရုတ်ဈေးကွက်အတွက် အခုလို မော်ဒယ်လ် Y အမျိုးအစား ဒုတိယအကြိမ်ထုတ်လုပ်တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက Tesla ကုမ္ပဏီရဲ့ ဒေါ်လာ နှစ်ဘီလီယံ အကုန်အကျခံဆောက်လုပ်တဲ့ ရှန်ဟိုင်းမြို့ ကားစက်ရုံကြီးကနေ ဒီကားတွေကို ထုတ်ခဲ့တာပါ။

အမေရိကန် အခြေစိုက် ကေဘယ်လ်စီးပွားရေးသတင်းနက်ဝပ် CNBC မှာတော့ Tesla ကုမ္ပဏီအတွက် တရုတ်နိုင်ငံဟာ အကြီးဆုံး လျှပ်စစ်ကားဈေးကွက်ဖြစ်လာသလို တရုတ်နိုင်ငံမှာ လုပ်ငန်းတိုးချဲ့လာနေတယ်လို့ ဆိုပါတယ်။ Telsa ကုမ္ပဏီအနေနဲ့ ၂၀၂၀ ခုနှစ်မှာ လျှပ်စစ်ကားအစီးရေ ၅၀၀,၀၀၀ လောက်ရောင်းထွက်ခဲ့ရာကနေ နောက်လာမယ့်ဆယ်စုနှစ်မှာ တနှစ်ကို ကားအစီးရေ သန်း ၂၀ အထိ အရောင်းထွက်ဖို့ မျှော်မှန်းနေပါတယ်။

တရုတ်စီးပွားရေးအွန်လိုင်းသတင်းက ဖော်ပြတာကတော့ Tesla ကားကုမ္ပဏီအနေနဲ့ ရှန်ဟိုင်းမှာ Tesla အဆင့်မြင့်လျှပ်စစ်အားသွင်းစက် ထုတ်လုပ်ရေးအတွက် ဒေါ်လာ ၆.၄ သန်းရင်းနှီးဖို့ လျာထားတယ်လို့ဆိုပါတယ်။ ကနဦးအားဖြင့် တနှစ်ကို အဆင့်မြင့်လျှပ်စစ်အားသွင်းစက် ၁၀,၀၀၀ ထုတ်လုပ်သွားဖို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကိုတော့ ၂၀၂၁ ပထမလေးလပတ်ထဲမှာ ထုတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG