သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ဗုံးခွဲသူ အသေရမိ


Texas ပြည်နယ်မှာ လူအသေအကျေရှိခဲ့တဲ့ ပါဆယ်ဗုံးတွေတောက်လျှောက်ထောင်ခဲ့ သူအဖြစ် သံသယရှိထားသူဟာ ဒီနေ့ပဲ သူ့ကားထဲမှာ သူ့ကိုယ်သူ ဗုံးခွဲ အသေစီရင် သွားပါတယ်။

အဝေးပြေးလမ်းမပေါ်မှာ အသက် ၂၄ နှစ်အရွယ် လူဖြူ အမျိုးသား ဒီ သံသယရှိသူ မောင်းတဲ့ကားကို ရဲကားနဲ့ နောက်ကလိုက်ခဲ့ရာမှာ ဒီသံသယရှိထားသူက ခုလို စနက်တံဖြုတ် အဆုံးစီရင် လိုက်တာလို့ ရဲတွေက ဆိုပါတယ်။

အော်စတင်မြို.ရဲချုပ် Brian Manley ကဒီ သံသယရှိထားသူကို မနေ့နှောင်းပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းမှာ ပိုသတိထားမိခဲ့ပြီး၊ သူ့ကားရပ်ထားတာကို အော်စတင်မြို.မြောက်ဖက် နားလေးက ဟော်တယ်တစ်ခုမှာ တွေ့လိုက်တဲ့ အချိန်မှာပဲ၊သူက ကားမောင်းပြေးခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

ရဲချုပ် Manley က ဆက်ပြီးအခု စီရင်သွားတဲ့သူဟာအော်စတင်မြို့ထဲ မတ်လ (၂) ရက်နေ့ကစပြီး ဗုံး (၅) လုံး ဆက်တိုက်ထောင်ခွဲခဲ့သူလို့FBI ဖယ်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရိုနဲ့ ယစ်မျိုးနဲ့လက်နက်ဆိုင်ရာဌါန ဗျူရို အဖွဲ့တွေပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ယုံကြည်ထားတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လူ (၂) ဦးသေဆုံးခဲ့ပြီး၊ နောက် (၄) ဦးဒဏ်ရာတွေ ရသွားခဲ့တဲ့ ဒီဗုံးခွဲတိုက်ခိုက်မှုတွေကို ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတာတော့ ခုချိန်ထိ မသိရသေးဘူးလို့ ရဲချုပ် Manley က ဆက်ပြောခဲ့ပါတယ်။

ရဲအရှိတစ်ဦး ဒဏ်ရာရခဲ့တဲ့ ဒီ အသေခံစီရင်မှုအပြီး မကြာခင်လေးမှာပဲ သမ္မတ Trump က အော်စတင်က သံသယရှိထားတဲ့ ဗုံးခွဲသမား သေသွားပြီ၊ ဥပဒေထိန်းကြောင်းရေးအဖွဲတွေနဲ့ ပါဝင်ကိုင်တွယ်ခဲ့သူအားလုံး ထူးထူးချွန်ချွန် တာဝန်ကျေခဲ့တယ်လို့Twitter အင်တာနက်စာမျက်နှာကနေ ချီးကြူးလိုက်ပါတယ်။

Texas ဗုံးခွဲသူ အသေရမိ
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG