သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ပျံတက်ခါနီး အရေးပေါ်တံခါး ဖွင့်ခဲ့သူကြောင့်ခရီးသည်တွေထိတ်လန့်


THAILAND-THAI AIRWAYS
THAILAND-THAI AIRWAYS

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေဆိပ်ကနေ ဘန်ကောက်မြို့ကို ဦးတည်ထွက်ခါမယ့် ထိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်တစီးဟာ ပျံသန်းမှု မစတင်ခင်လေးမှာ လေယာဉ်ပေါ်ပါတဲ့ ကနေဒါနိုင်ငံသား ခရီးသွားတဦးက အရေးပေါ် ထွက်ပေါက်တခါးကို ဖွင့်လိုက် မိတဲ့အတွက် ၊ အဲဒီလေယာဉ်ကွင်းမှာရှိတဲ့ အခြားလေကြောင်းလိုင်း ခရီးစဉ်တွေပါ နှောင့်နှေးစေခဲ့တယ်လို့ Thai PBS ရုပ်သံ သတင်းမှာဖေါ်ပြပါတယ်။

ကနေဒါ ခရီးသွားဧည့်သည်က အရေးပေါ် ထွက်ပေါက်တခါးကို ဖွင့်လိုက်ချိန်မှာ လေထိုး−ဖေါင်းကားလာတဲ့ အရေးပေါ် သက်ကယ် လျောလမ်းတံတားကြီး ပွင့်သွားတာကြောင့် လေယာဉ် ပျံတက်နိုင်ခြင်းမရှိပဲ ဖြစ်ခဲ့ရတယ်လို့ ချင်းမိုင်လေဆိပ် ဒါရိုက်တာ ရွန် နပ် ကွန် (Ronnakorn)က ပြောပါတယ်။ လေယာဉ်ကို ခရီးသည်တင် ဂိတ်ဆီကို ပြန်မောင်းလာပြီး အားလုံးကို ဆင်းခိုင်းကာ ၊ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိမရှိ စစ်ဆေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် လေယာဉ်ကွင်းမှာရှိနေတဲ့ အခြားလေယာဉ် ခရီးစဉ် တဒါဇင်ကျော်ကိုပါ အနှောက်အယှက် ဖြစ်စေခဲ့တာပြီး ၊ ဘေးအန္တရာယ် စစ်ဆေးမှု အပြီးမှာတော့ အဆိုပါ ထိုင်းလေကြောင်းလိုင်းဟာ ခရီးသည်တွေအားလုံးကို ပြန်တင်ပြီး ထွက်ခွာနိုင်ခဲ့ပါတယ်။ ခုလို အရေးပေါ် အခြေအနေဖြစ်အောင် လုပ်ခဲ့တဲ့ ကနေဒါနိုင်ငံသားကိုတော့ ရဲစခန်းတခုမှာ ဖမ်းထားတာ တွေ့ရပြီး လူတွေက သူနောက်ကို လိုက်နေကြတဲ့အတွက် သူခုလို လေယာဉ်တခါးကို ဖွင့်လိုက်တာပါလို့ ထွက်ဆိုခဲ့ကြောင်း Thai PBS သတင်းဌာနက ဖေါ်ပြပါတယ်။

ဒီဖြစ်ရပ်ကြောင့် လေယာဉ်တခုလုံး ယောက်ယက်ခတ်သွားပြီး ၊ အကယ်၍ လေယာဉ် ပျံသန်းနေတုန်း ပေ ၃ သောင်းလောက် အထက်မှာသာ ခုလို တခါးဖွင့်မိရင် အခြေနေတွေဟာ မတွေးဝံ့စရာပဲလို့ လေယာဉ်ပေါ်ပါတဲ့ ထိုင်း−ခရီးသွားတဦးက မှတ်ချက်ပေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG