သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားႏိုင္ငံထဲ ဝင္ေရာက္မယ့္ ျမန္မာ ၉၀ ခန္႔ ထိုင္းရဲဖမ္းဆီး


ထုိင္းႏုိင္ငံတြင္း အေထာက္အထားမဲ့ ဝင္ေရာက္လို႔ ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (မတ္ ၁၄၊ ၂၀၂၂)

(Zawgyi / Unicode)

လူေမွာင္ခိုကူးသူေတြကတဆင့္ မေလးရွားႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္ဖို႔ ေစာင့္ဆိုင္းေနတဲ့ ျမန္မာႏိုင္ငံသား ၈၉ ဦးကို ထိုင္းရဲက ဖမ္းဆီးလိုက္ပါတယ္။ သူတို႔ကို ထိုင္းႏိုင္ငံေတာင္ပိုင္း Narathiwat ျပည္နယ္ Tak Bai ၿမိဳ႕မွာ ဖမ္းမိသြားတာပါ။

Tak Bai ၿမိဳ႕မွာရွိတဲ့ အိမ္ ၂ အိမ္ကို စေနေန႔က ဝင္ေရာက္စီးနင္း ရွာေဖြရာမွာ အခုလို ဖမ္းမိခဲ့တာ ျဖစ္တယ္လို႔ Narathiwat ျပည္နယ္ ဒုရဲခ်ဳပ္ Thawatchai Duksukkaew က ေျပာပါတယ္။

ျမန္မာေတြကို တင္ေဆာင္လာတဲ့ ကားေမာင္းဆရာ ထိုင္းလူမ်ဳိး ၄ ဦးကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားတဲ့အတြက္ ရဲက လိုက္လံရွာေဖြေနဆဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံသားေတြကို လူကုန္ကူးရာမွာ တင္ေဆာင္လာတဲ့ ပစ္ကပ္ ထရပ္ကား ၃ စီးကိုလည္း ရဲက သိမ္းဆည္းလိုက္ပါတယ္။

ကနဦးစစ္ေဆးခ်က္အရ ျမန္မာအုပ္စုဟာ မေလးရွားႏိုင္ငံထဲ ဝင္လို႔ရမယ့္ အခ်ိန္ေကာင္းကို ေစာင့္ေနတာလို႔ ထြက္ဆိုၾကပါတယ္။

ဒီအေတာတြင္း လူေမွာင္ခိုကူးမႈကို တားဆီးႏိုင္ေရးအတြက္ ထိုင္းအာဏာပိုင္ေတြက နယ္စပ္တေလွ်ာက္မွာ ကင္းလွည့္စစ္ေဆးတာေတြ တိုးျမႇင့္လုပ္ေဆာင္သြားမယ္လို႔ Narathiwat ျပည္နယ္ဆိုင္ရာ ထိုင္းေလတပ္အႀကီးအကဲ Chalermporn Khamkhiao က သတိေပး ေျပာဆိုလိ္ုက္ပါတယ္။

---------------------------------

တိုက္႐ိုက္ လင့္ခ္

(Unicode)

မလေးရှားနိုင်ငံထဲ ဝင်ရောက်မယ့် မြန်မာ ၉၀ ခန့် ထိုင်းရဲဖမ်းဆီး

လူမှောင်ခိုကူးသူတွေကတဆင့် မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၈၉ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ် Tak Bai မြို့မှာ ဖမ်းမိသွားတာပါ။

Tak Bai မြို့မှာရှိတဲ့ အိမ် ၂ အိမ်ကို စနေနေ့က ဝင်ရောက်စီးနင်း ရှာဖွေရာမှာ အခုလို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ Narathiwat ပြည်နယ် ဒုရဲချုပ် Thawatchai Duksukkaew က ပြောပါတယ်။

မြန်မာတွေကို တင်ဆောင်လာတဲ့ ကားမောင်းဆရာ ထိုင်းလူမျိုး ၄ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးရာမှာ တင်ဆောင်လာတဲ့ ပစ်ကပ် ထရပ်ကား ၃ စီးကိုလည်း ရဲက သိမ်းဆည်းလိုက်ပါတယ်။

ကနဦးစစ်ဆေးချက်အရ မြန်မာအုပ်စုဟာ မလေးရှားနိုင်ငံထဲ ဝင်လို့ရမယ့် အချိန်ကောင်းကို စောင့်နေတာလို့ ထွက်ဆိုကြပါတယ်။

ဒီအတောတွင်း လူမှောင်ခိုကူးမှုကို တားဆီးနိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေက နယ်စပ်တလျှောက်မှာ ကင်းလှည့်စစ်ဆေးတာတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ Narathiwat ပြည်နယ်ဆိုင်ရာ ထိုင်းလေတပ်အကြီးအကဲ Chalermporn Khamkhiao က သတိပေး ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG