သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်ကျခံပြီး မြန်မာ ၁၀၀နီးပါး ထိုင်းအာဏာပိုင်နေရပ်ပြန်ပို့


ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ရနောင်း-ကော့သောင်းလမ်းကနေ မြန်မာပြည်ဘက် ပြန်လည်လွှဲပြောင်းပေးစဥ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၃/ ရနောင်လဝက)
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ရနောင်း-ကော့သောင်းလမ်းကနေ မြန်မာပြည်ဘက် ပြန်လည်လွှဲပြောင်းပေးစဥ်။ (ဒီဇင်ဘာ ၂၂၊ ၂၀၂၃/ ရနောင်လဝက)

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ရနောင်း-ကော့သောင်းလမ်းကနေ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာလ ၂၂ ရက်နေ့က နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က

နေရပ်ပြန်ပို့ခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမားအရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

“၂၂ ရက်နေ့က ၁၂ နာရီလောက်မှာ ပဲ့ချိတ် ၄ စီးနဲ့ လာတယ်။ အယောက် ၁၀၀ မှာ တယောက်ကမပါတော့ ၉၉ ယောက်ပါလာတယ်။ ယောက်ကျားလေးက ၇၆ ယောက်။ မိန်းကလေးက ၂၃ ယောက်ပါတယ်၊ ဟိုဘက်ကမ်းကနေ ဒီဘက်မြန်မာနိုင်ငံနိုင်ငံတာဝန်ရှိသူတွေကို ဆက်သွယ်တယ်။”

ထိုင်းနိုင်ငံအတွင်း ခရိုင် ၆ ခုလောက်က ဖမ်းမိသူတွေကို ပြန်လည် လွှဲပြောင်းပေးတာဖြစ်ပါတယ်။

“အများအားဖြင့်ကတော့ ရနောင်း၊ ဖန်င၊ ဆူရတ်ဌာနီ၊ ဟတ်ရိုင်၊ နရာသီ၀နဲ့ သရမ် ခရိုင် ၆ ခုက အဖမ်းခံရသူတွေပါတယ်။ အရင်တုန်းကလည်းထိုင်းဘတ် (ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်လက်မှတ်) လုပ်ချိန်မှာ မမှီလိုက်သူတွေလည်းပါတယ်။ အောက်လမ်းကနေဝင်ပြီးတော့ လောလောဆယ် အဖမ်းခံရသူတွေပါတယ်။ အလုပ်မလုပ်ရသေးတဲ့လူတွေပေါ့။ အဲဒီလူတွေက ထိန်းသိမ်းရေးစခန်းကို ပို့ခံရတဲ့လူတွေပေါ့။ ရာဇဝတ်မှုနဲ့က သိတ်မပါဘူး။ ဒါပေမယ့် ၂ ယောက်လောက်တော့ပါတယ်။ နှစ်ကြီးပြစ်ဒဏ်ကျခံရပြီး ပြန်လွတ်လာတဲ့သူတွေပေါ့။”

မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးမိုးဇော်ကတော့ တရားဝင်တဲ့နည်းလမ်းတွေနဲ့လာရောက်ကြဖို့ မှာကြားခဲ့ပါတယ်။ ဒီနှစ်ထဲ ထိုင်းနိုင်ငံဘက်ကနေ မြန်မာဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ပြစ်ဒဏ်ကျပြီးလွတ်ရက်စေ့အကျဉ်းသား ၁,၀၀၀ ကျော်ရှိခဲ့ပြီး ထိုင်းနိုင်ငံရဲ့အချုပ်တွေထဲမှာလည်း တချို့ကျနေသေးသူတွေလည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျပြီးသားသူတွေကို အခုလို ရနောင်း-ကော့သောင်းလမ်းသာမက မဲဆောက်-မြ၀တီ၊ မဲဆိုင်-တာချီလိတ်လမ်းတွေကလည်း ပြန်လည်လွှဲပြောင်းပေးတာရှိပါတယ်ရှင်။

XS
SM
MD
LG