သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း ကိုဗစ္သတိေပးခ်က္ အဆင္႔ ၄ ထိ တိုးႁမွင့္


Myanmar migrant workers vaccinated

Zawgyi

ထိုင္း ကိုဗစ္သတိေပးခ်က္ အဆင္႔ ၄ ထိ တိုးႁမွင့္

ထိုင္းႏိုင္ငံမွာ ဗီဇေျပာင္းကိုဗစ္ မ်ဳးိကြဲomicron ကူးစက္မူ့ႏွံုးျမင့္တက္လာသလို ေနစဥ္ ကုိဗစ္ကူးစက္သူလူနာဦးေရ ၅ ေထာင္အထက္ကုိေရာက္ရိွလာတာေႀကာင့္ ထိုင္းက်န္းမာေရး၀န္ႀကီးဌာနက ကိုဗစ္ သတိေပးခ်က္ အဆင့္(၃)ကေန အဆင့္၄အထိ တုိးျမွင့္ထုတ္ျပန္လိုက္ပါတယ္ ။

ကုိဗစ္ကပ္ေဘးေႀကာင့္ ၂ႏွစ္ႀကာစီးပြားေရးက်ဆင္းေနမူ့ေတြကို နလံထူဖို့ႀကိဳးစားေနတဲ့ ထုိင္းႏိုင္​ငံမွာ ျမန္မာေရႊေျပာင္းအလုပ္သမားေတြလည္း သန္းနဲ့ခ်ီရွိေနတာပါ ။ ကုိဗစ္ကန့္သတ္ခ်က္ေတြအရ ႏို္င္ငံျခားသားေရႊေျပာင္းအလုပ္သမားေတြ နယ္ေျမေက်ာ္ျပီး ခရီးသြားလာခြင့္ေတြမရႀကတဲ့အတြက္အ ခက္အခဲေတြ ွရွိေနတယ္လို့ ပညာေ၇းနဲ့ဖြံ့ျဖိဳးတိုးတက္ေရးအဖဲြက အလုပ္သမားေရးဆိုင္ရာတာ၀န္ခံဦးမင္းဦးကေျပာပါတယ္။

" အလုပ္သမားေတြအတြက္အခက္အခဲက အခုေတာင္မွသြားလာခြင့္မွမရတာ ကားလက္မွတ္ေတာင္ေပးမ၀ယ္ဘူးေလ။ ဒီထက္ဆုိးတာကေတာ့ အလုပ္ေတြက က်ေနာ္တို့ဘက္ေတြမွာဟိုတယ္ဘာေတြက စရံုပဲရွိေသးတယ္။ ဒီလိုျပန္ျဖစ္ေတာ့ျပန္ပိတ္တယ္။အလုပ္ေျပာင္းေရြျပန္ေတာ့လည္းတျခားျပည္နယ္မွာသြားလုပ္ဖုိ့ကလည္းသူတို့အတြက္အခက္အခဲျဖစ္တယ္။လိုအပ္တဲ့၀န္ထမ္းမ်ိဳးကုိပဲသူတို့ကထားမွာ ။ထုိင္းနဲ့ျမန္မာအလုပ္သမားေတြယွဥ္လာရင္လည္း ျမန္မာေတြကိုယူမွာမဟုတ္ဘူး။ေနာက္တခုက ၀န္ေဆာင္မူ့နဲပတ္သက္လို့ ဟိုတယ္ စားေသာက္ဆုိင္ဆုိတဲ့လုပ္ငန္းေတြကလည္းခရီးသြားေတြကိုမွီခုိေနရတာဆိုေတာ့ ခရီးသြားလုပ္ငန္းေတြက်ျပီဆုိရင္အလုပ္ေတြထိခိုက္မွာပဲ အဲဒီလိုဆိုရင္ေတာ့ အဲဒီမွာအလုပ္လုပ္ေနတဲ့ အလုပ္သမားေတြအတြက္ကေတာ့ႀကိမ္းေသထိခိုက္မွာျဖစ္ပါတယ္။"

၂၀၂၁ ႏိုဝင္ဘာလမတိုင္မီ ကိုဗစ္ကာကြယ္ေဆး၂ႀကိမ္ထုိးျပိီးတဲ့သူေတြ အေနနဲ့ ၃ႀကိမ္ေျမာက္ ကိုဗစ္အားျဖည့္ကာကြယ္ေဆးထုိးဖို့ေတြကိုလည္း ထိုင္းအစိုးရ တိုက္တြန္းထားၿပီး။ ထိုင္းႏို္င္ငံမွာကိုဗစ္အတည္ျပဳလူနာႏွစ္သန္းႏွစ္သိန္းေက်ာ္ရိွေနၿပီျဖစ္သလို ဇန္န၀ါရီလ၆ ရက္ေန့ တေန့တည္းကူးစက္သူ၅၇၀၀ေက်ာ္ထိျပန္ျပီး ျမွင့္တက္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္

##

Unicode

ထိုင်း ကိုဗစ်သတိပေးချက် အဆင့် ၄ ထိ တိုးမြှင့်

ထိုင်းနိုင်ငံမှာ ဗီဇပြောင်းကိုဗစ် မျုးိကွဲomicron ကူးစက်မူ့နှုံးမြင့်တက်လာသလို နေစဉ် ကိုဗစ်ကူးစက်သူလူနာဦးရေ ၅ ထောင်အထက်ကိုရောက်ရှိလာတာကြောင့် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် သတိပေးချက် အဆင့်(၃)ကနေ အဆင့်၄အထိ တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ် ။

ကိုဗစ်ကပ်ဘေးကြောင့် ၂နှစ်ကြာစီးပွားရေးကျဆင်းနေမူ့တွေကို နလံထူဖို့ကြိုးစားနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာရွှေပြောင်းအလုပ်သမားတွေလည်း သန်းနဲ့ချီရှိနေတာပါ ။ ကိုဗစ်ကန့်သတ်ချက်တွေအရ နိုင်ငံခြားသားရွှေပြောင်းအလုပ်သမားတွေ နယ်မြေကျော်ပြီး ခရီးသွားလာခွင့်တွေမရကြတဲ့အတွက်အ ခက်အခဲတွေ ှရှိနေတယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲက အလုပ်သမားရေးဆိုင်ရာတာဝန်ခံဦးမင်းဦးကပြောပါတယ်။

" အလုပ်သမားတွေအတွက်အခက်အခဲက အခုတောင်မှသွားလာခွင့်မှမရတာ ကားလက်မှတ်တောင်ပေးမဝယ်ဘူးလေ။ ဒီထက်ဆိုးတာကတော့ အလုပ်တွေက ကျနော်တို့ဘက်တွေမှာဟိုတယ်ဘာတွေက စရုံပဲရှိသေးတယ်။ ဒီလိုပြန်ဖြစ်တော့ပြန်ပိတ်တယ်။အလုပ်ပြောင်းရွေပြန်တော့လည်းတခြားပြည်နယ်မှာသွားလုပ်ဖို့ကလည်းသူတို့အတွက်အခက်အခဲဖြစ်တယ်။လိုအပ်တဲ့ဝန်ထမ်းမျိုးကိုပဲသူတို့ကထားမှာ ။ထိုင်းနဲ့မြန်မာအလုပ်သမားတွေယှဉ်လာရင်လည်း မြန်မာတွေကိုယူမှာမဟုတ်ဘူး။နောက်တခုက ဝန်ဆောင်မူ့နဲပတ်သက်လို့ ဟိုတယ် စားသောက်ဆိုင်ဆိုတဲ့လုပ်ငန်းတွေကလည်းခရီးသွားတွေကိုမှီခိုနေရတာဆိုတော့ ခရီးသွားလုပ်ငန်းတွေကျပြီဆိုရင်အလုပ်တွေထိခိုက်မှာပဲ အဲဒီလိုဆိုရင်တော့ အဲဒီမှာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက်ကတော့ကြိမ်းသေထိခိုက်မှာဖြစ်ပါတယ်။"

၂၀၂၁ နိုဝင်ဘာလမတိုင်မီ ကိုဗစ်ကာကွယ်ဆေး၂ကြိမ်ထိုးပြီးတဲ့သူတွေ အနေနဲ့ ၃ကြိမ်မြောက် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးဖို့တွေကိုလည်း ထိုင်းအစိုးရ တိုက်တွန်းထားပြီး။ ထိုင်းနိုင်ငံမှာကိုဗစ်အတည်ပြုလူနာနှစ်သန်းနှစ်သိန်းကျော်ရှိနေပြီဖြစ်သလို ဇန်နဝါရီလ၆ ရက်နေ့ တနေ့တည်းကူးစက်သူ၅၇၀၀ကျော်ထိပြန်ပြီး မြှင့်တက်လာပါတယ်။

XS
SM
MD
LG