သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲေဆာက္ၿမိဳ႕ေရာက္ ျမန္မာကေလးေတြ ကိုဗစ္ကာကြယ္ေဆး စတင္ထိုးႏွံ


ထုိင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ကိုဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ျမင္ကြင္း။

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ထဲက ေရႊ႕ေျပာင္းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတက္ေနတဲ့ အသက္ ၁၂ ႏွစ္နဲ႔အထက္ ျမန္မာႏုိင္ငံသား ကေလးေတြကို ကိုဗစ္ကာကြယ္ေဆးေတြ စတင္ထုိးေပးေနၿပီး မဲေဆာက္ၿမိဳ႕ ဆာသူးေလ ေရႊ႕ေျပာင္းအထက္တန္းေက်ာင္းက ကေလး ၃၀၀ နီးပါး ကာကြယ္ေဆးထုိးႏွံခြင့္ ရခဲ့ပါတယ္။ ဒါ့အျပင္ တာ့ခ္ျပည္နယ္ထဲက ေရႊ႕ေျပာင္းစာသင္ေက်ာင္း ၇၀ ေလာက္မွာ ေက်ာင္းတက္ေနတဲ့ ကေလးတိုင္း ကာကြယ္ေဆးထိုးႏွံခြင့္ ရမွာျဖစ္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ထဲက ေရႊ႕ေျပာင္းစာသင္ေက်ာင္းေပါင္း ၇၀ ေလာက္ရွိရာမွာ ဒီစာသင္ေက်ာင္းေတြထဲက အသက္ ၁၂ ႏွစ္နဲ႔အထက္ ေက်ာင္းသားေက်ာင္းသူေတြကို ဒီရက္ပိုင္းမွာပဲ ထုိင္းက်န္းမာေရးဝန္ႀကီးဌာနက ကိုဗစ္ကာကြယ္ေဆးေတြ ထိုးႏွံေပးေနၿပီ ျဖစ္ပါတယ္။ ပထမဦးဆံုး မဲေဆာက္ၿမိဳ႕ ဆာသူးေလ အထက္တန္းေက်ာင္းက ေရႊ႕ေျပာင္းကေလး ၃၀၀ နီးပါးဟာ ကိုိဗစ္ကာကြယ္ေဆး ထိုးႏွံၿပီးစီးခဲ့ၿပီျဖစ္ေၾကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈ ေကာ္မတီရဲ႕ ဥကၠ႒ ဦးမုိးႀကိဳးက အခုလိုေျပာပါတယ္။

“ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေက်ာင္း ၇၀ ေလာက္ကုိ ၂၀၂၁ ဒီဇင္ဘာလထဲမွာပဲ အသက္ ၁၂ ႏွစ္အထက္ ေရႊ႕ေျပာင္းေက်ာင္းသားအားလံုးကို ထုိင္းအစုိးရက ကာကြယ္ေဆးထုိးေပးဖို႔ ဆံုးျဖတ္ထားပါတယ္။ ၂၀၂၁ ဒီဇင္ဘာလထဲမွာပဲ မဲေဆာက္အပါအဝင္ တာ့ခ္ျပည္နယ္ ၅ ၿမိဳ႕နယ္ထဲမွာရွိတဲ့ စာသင္ေက်ာင္း ၇၀ ေလာက္ထဲက အခုဆိုရင္ ဆာသူးေလ အထက္ေက်ာင္းကဆုိရင္ ေက်ာင္းသားေက်ာင္းသူေပါင္း ၂၈၂ ေယာက္ အသက္ ၁၂ ႏွစ္အထက္ေတြ ထုိးၿပီးသြားၿပီး မၾကာခင္မွာပဲ ေဒါက္တာစင္သီယာေက်ာင္း CDC တို႔၊ SAW ေက်ာင္းတို႔ အဲဒီလို ေက်ာင္းႀကီးေတြ လာၿပီးရင္ေတာ့ New Day တို႔လို အလယ္တန္းေက်ာင္းေတြ လာမယ္။ သတင္းေပးပုိ႔မႈေတြ ေကာင္းရင္ေကာင္းသလိုေပါ့။ ထုိင္းက်န္းမာေရးဌာနရယ္ သက္ဆိုင္ရာ ၿမိဳ႕နယ္တာဝန္ရွိသူေတြ ညိႇႏႈိင္းေဆာင္ရြက္ၿပီးေတာ့ အသက္ ၁၂ ႏွစ္ အထက္ ေရႊ႕ေျပာင္းကေလးေတြကို ကာကြယ္ေဆး ထုိးေပးပါမယ္။ ထုိးတဲ့ေဆးကေတာ့ အေမရိကန္ထုတ္တဲ့ Pfizer ေဆး ျဖစ္ပါတယ္။”

လြန္ခဲ့တဲ့ ၂ လခန္႔ကစၿပီး ထုိင္းေက်ာင္းတက္ေနတဲ့ ျမန္မာေရႊ႕ေျပာင္းကေလးတိုင္း ကာကြယ္ေဆးထုိးႏွံခြင့္ ရခဲ့သလို အခုအခါမွာေတာ့ ေရႊ႕ေျပာင္းစာသင္ေက်ာင္းက ကေလးေတြကို စတင္ထိုးေပးေနတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လေတြတုန္းကေတာ့ ဖန္းငမွာရွိတဲ့ ေရႊ႕ေျပာင္းစာသင္ေက်ာင္းက ကေလးေတြ ကာကြယ္ေဆးထိုးႏွံခြင့္ ရခဲ့ပါတယ္။

တာ့ခ္ျပည္နယ္ထဲက ေရႊ႕ေျပာင္းစာသင္ေက်ာင္း ၇၀ ေလာက္မွာ ေက်ာင္းသားေက်ာင္းသူေပါင္း ၁၃,၀၀၀ ခန္႔ စာသင္ၾကားေနၾကတာျဖစ္ၿပီး ဒီထဲက အသက္ ၁၂ ႏွစ္အထက္ ကေလးတိုင္း ကာကြယ္ေဆး ထိုးႏွံေပးသြားမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံရဲ႕ ကိုဗစ္ဒုတိယလႈိင္းနဲ႔ တတိယလႈိင္းေတြမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ သိန္းနဲ႔ခ်ီၿပီး ကူးစက္မႈ ျဖစ္ခဲ့ပါတယ္။ ဒီအတြက္ ထုိင္းအစုိးရက တရားမဝင္ အေထာက္အထားမဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြကိုပါ ကာကြယ္ေဆး ထုိးႏွံေပးခဲ့ၿပီး သူတို႔ေတြရဲ႕ သားသမီးေတြကုိပါ အခု ကာကြယ္ေဆး စတင္ထုိးႏွံေပးတဲ့ အေနနဲ႔ ေရႊ႕ေျပာင္းစာသင္ေက်ာင္းက ကေလးေတြကို ဦးစားေပးၿပီး ထုိးႏွံေပးေနတာ ျဖစ္ပါတယ္။

အခုဆိုရင္ ထုိင္းႏုိင္ငံထဲမွာ ကုိဗစ္အတည္ျပဳလူနာ ၂ သန္းေက်ာ္ရွိၿပီး ဒီထဲမွာ ျမန္မာေတြက သိန္းဂဏန္းနဲ႔ ကူးစက္မႈ ျဖစ္ခဲ့ပါတယ္။ ဒီဇင္ဘာလ ၆ ရက္ေန႔တုန္းကေတာ့ ထိုင္းႏုိင္ငံမွာ ဗီဇေျပာင္း ကုိဗစ္ေရာဂါပိုးအသစ္ Omicron ကူးစက္သူ ရွိေနၿပီလုိ႔ ထုိင္းက်န္းမာေရးဌာနက ေၾကညာခဲ့ပါတယ္။ ဒီအတြက္ ထုိင္းအစုိးရက ကိုဗစ္ကာကြယ္တားဆီးေနရာမွာ ကာကြယ္ေဆးေတြ ထုိးႏံွမႈေတြကို စက္တင္ဘာလကေန ဒီဇင္ဘာလကုန္အထိ သတ္မွတ္ထားခ်ိန္အတြင္း တႏိုင္ငံလံုးအႏွံ႔ ကာကြယ္ေဆး ထိုးႏွံႏိုင္ဖုိ႔ ရည္ရြယ္လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မဲဆောက်မြို့ရောက် မြန်မာကလေးတွေ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက ရွှေ့ပြောင်းစာသင်ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ အသက် ၁၂ နှစ်နဲ့အထက် မြန်မာနိုင်ငံသား ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီး မဲဆောက်မြို့ ဆာသူးလေ ရွှေ့ပြောင်းအထက်တန်းကျောင်းက ကလေး ၃၀၀ နီးပါး ကာကွယ်ဆေးထိုးနှံခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် တာ့ခ်ပြည်နယ်ထဲက ရွှေ့ပြောင်းစာသင်ကျောင်း ၇၀ လောက်မှာ ကျောင်းတက်နေတဲ့ ကလေးတိုင်း ကာကွယ်ဆေးထိုးနှံခွင့် ရမှာဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၇၀ လောက်ရှိရာမှာ ဒီစာသင်ကျောင်းတွေထဲက အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသားကျောင်းသူတွေကို ဒီရက်ပိုင်းမှာပဲ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေပြီ ဖြစ်ပါတယ်။ ပထမဦးဆုံး မဲဆောက်မြို့ ဆာသူးလေ အထက်တန်းကျောင်းက ရွှေ့ပြောင်းကလေး ၃၀၀ နီးပါးဟာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“မြန်မာရွှေ့ပြောင်းအလုပ်သမားကျောင်း ၇၀ လောက်ကို ၂၀၂၁ ဒီဇင်ဘာလထဲမှာပဲ အသက် ၁၂ နှစ်အထက် ရွှေ့ပြောင်းကျောင်းသားအားလုံးကို ထိုင်းအစိုးရက ကာကွယ်ဆေးထိုးပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ၂၀၂၁ ဒီဇင်ဘာလထဲမှာပဲ မဲဆောက်အပါအဝင် တာ့ခ်ပြည်နယ် ၅ မြို့နယ်ထဲမှာရှိတဲ့ စာသင်ကျောင်း ၇၀ လောက်ထဲက အခုဆိုရင် ဆာသူးလေ အထက်ကျောင်းကဆိုရင် ကျောင်းသားကျောင်းသူပေါင်း ၂၈၂ ယောက် အသက် ၁၂ နှစ်အထက်တွေ ထိုးပြီးသွားပြီး မကြာခင်မှာပဲ ဒေါက်တာစင်သီယာကျောင်း CDC တို့၊ SAW ကျောင်းတို့ အဲဒီလို ကျောင်းကြီးတွေ လာပြီးရင်တော့ New Day တို့လို အလယ်တန်းကျောင်းတွေ လာမယ်။ သတင်းပေးပို့မှုတွေ ကောင်းရင်ကောင်းသလိုပေါ့။ ထိုင်းကျန်းမာရေးဌာနရယ် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ပြီးတော့ အသက် ၁၂ နှစ် အထက် ရွှေ့ပြောင်းကလေးတွေကို ကာကွယ်ဆေး ထိုးပေးပါမယ်။ ထိုးတဲ့ဆေးကတော့ အမေရိကန်ထုတ်တဲ့ Pfizer ဆေး ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ ၂ လခန့်ကစပြီး ထိုင်းကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်းကလေးတိုင်း ကာကွယ်ဆေးထိုးနှံခွင့် ရခဲ့သလို အခုအခါမှာတော့ ရွှေ့ပြောင်းစာသင်ကျောင်းက ကလေးတွေကို စတင်ထိုးပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကတော့ ဖန်းငမှာရှိတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းက ကလေးတွေ ကာကွယ်ဆေးထိုးနှံခွင့် ရခဲ့ပါတယ်။

တာ့ခ်ပြည်နယ်ထဲက ရွှေ့ပြောင်းစာသင်ကျောင်း ၇၀ လောက်မှာ ကျောင်းသားကျောင်းသူပေါင်း ၁၃,၀၀၀ ခန့် စာသင်ကြားနေကြတာဖြစ်ပြီး ဒီထဲက အသက် ၁၂ နှစ်အထက် ကလေးတိုင်း ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကိုဗစ်ဒုတိယလှိုင်းနဲ့ တတိယလှိုင်းတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သိန်းနဲ့ချီပြီး ကူးစက်မှု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ထိုင်းအစိုးရက တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး သူတို့တွေရဲ့ သားသမီးတွေကိုပါ အခု ကာကွယ်ဆေး စတင်ထိုးနှံပေးတဲ့ အနေနဲ့ ရွှေ့ပြောင်းစာသင်ကျောင်းက ကလေးတွေကို ဦးစားပေးပြီး ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံထဲမှာ ကိုဗစ်အတည်ပြုလူနာ ၂ သန်းကျော်ရှိပြီး ဒီထဲမှာ မြန်မာတွေက သိန်းဂဏန်းနဲ့ ကူးစက်မှု ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံမှာ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအသစ် Omicron ကူးစက်သူ ရှိနေပြီလို့ ထိုင်းကျန်းမာရေးဌာနက ကြေညာခဲ့ပါတယ်။ ဒီအတွက် ထိုင်းအစိုးရက ကိုဗစ်ကာကွယ်တားဆီးနေရာမှာ ကာကွယ်ဆေးတွေ ထိုးနံှမှုတွေကို စက်တင်ဘာလကနေ ဒီဇင်ဘာလကုန်အထိ သတ်မှတ်ထားချိန်အတွင်း တနိုင်ငံလုံးအနှံ့ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG